CATEGORY

သတင်း

တရုတ်ပြည်သို့ မြန်မာကုန်တင်ယာဉ် တရက် အစီး ( ၁၅၀ )သာ ဝင်နိုင်

ကိုဗစ်-၁၉ ကာလမှာ တရုတ်နိုင်ငံသို့ ကုန်တင်ယာဉ် တစ်ရက်လျှင် ကားအစီးရေ (၁၅၀) ဝန်းကျင် သာ ပို့ဆောင်နိုင်ကြောင်း သစ်သီးဝလံ ကုန်စည်ဒိုင် မှ စုံစမ်းသိရှိရသည်။ သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်ရှိ မြန်မာ - တရုတ် နယ်စပ်မှာ မြန်မာနိုင်ငံဘက်မှ တရုတ်နိုင်ငံသို့ တင်ပို့ သည့်ကုန်တင်ယာဉ် တစ်ရက်လျှင်...

တောင်ကြီးမြို့တွင် ပါဆယ်စနစ်ဖြင့် မရောင်းချသူများကို ပြစ်ဒဏ်ပေးသွားမည်

သျှမ်းပြည်တဝှမ်း စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းချရန် ထုတ်ပြန်ထားသော်လည်း မလိုက်နာသည့် ဆိုင်များ ရှိနေသေးကြောင်း စုံစမ်းသိရသည်။ လက်ရှိမှာ ကိုဗစ်-၁၉ ကူးစက်မှုနှုန်း မြင့်တက်လာသည့်အတွက် သျှမ်းပြည်နယ် တစ်ဝှမ်းရှိ စားသောက်ဆိုင် နှင့် လက်ဖက်ရည်ဆိုင်များကို ပါဆယ်စနစ်ဖြင့် ရောင်းချရမည့်ဟု စက်တင်ဘာ ၂၃ ရက်တွင် ထုတ်ပြန်ကြောညာခဲ့သည်။ သျှမ်းပြည် တောင်ပိုင်း...

ခွန်ထွန်းဉီး ရာထူးကနှုတ်ထွက်တာ SNLD ဘာဆက်လုပ်မလဲ

စက်တင်ဘာလ ၂၇ ရက်၂၀၂၀ မှာ SNLD ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဉက္ကဌ ခွန်ထွန်းဉီး ရာထူးကနေ နှုတ်ထွက်တယ်လို့ ကြားသိရပါတယ်။ မြန်မာ့ နိုင်ငံရေးလောကမှာ သဘာရင့်၀ါရင့်ခေါင်းဆောင်တဉီး အခုလို ပါတီစုံရွေးကောက်ပွဲကြီးနီးလာတဲ့ကာလမှာ  ဘယ်လိုအခြေအနေကြောင့် ဉက္ကဌကြီးရာထူးကနေနှုတ်ထွက်ပါသလဲ။ ပါတီအနေနဲ့ကော ရှေ့ဆက်ဘယ်လိုသွားကြမလဲဆိုတာသိရအောင်လို့ သျှမ်းသံတော်ဆင့်သတင်းဌာနက စိုင်းမိဏ်းကနေ SNLD အထွေထွေအတွင်းရေးမှူး...

သျှမ်း၊ မြန်မာ သမိုင်းပညာရှင် ဒေါက်တာစိုင်းအောင်ထွန်း ကွယ်လွန်

ကမ္ဘာတွင်လူသိများသည့် "History of The Shan State” စာအုပ်ကို ရေးသားခဲ့သူ သမိုင်းပညာရှင် ဒေါက်တာစိုင်းအောင်ထွန်း သည်ယနေ့ စက်တင်ဘာ ၂၅ ရက် မနက်အစောပိုင်းက ရန်ကုန်ဆေးရုံတွင် ကွန်လွန်ခဲ့သည်။ ဒေါက်တာစိုင်းအောင်ထွန်း ကွယ်လွန်ချိန်တွင် အသက် ၈၈ နှစ် ရှိပြီ ဖြစ်သည်။ ဆရာစိုင်းအောင်ထွန်း၏ သားဖြစ်သူ...

တောင်ကြီး တွင် မန္တလေးမှ ပြန်လာသည့် အမျိုးသမီးထံ ကိုဗစ်-၁၉ တွေ့

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁ဦး တွေ့ရှိကြောင်း ယနေ့(စက်တင်ဘာ ၂၅)ရက် ည ၈နာရီ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရသိရသည်။ Photo by SHAN ယနေ့ ည (၈)နာရီ တွင် ကိုဗစ်-၁၉ လူနာ ၂ဦး ထပ်မံ...

ကိုဗစ်-၁၉ မြင့်တက်မှုကြောင့် စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့်သာ ရောင်းချ

မြန်မာနိုင်ငံ တွင် ကိုဗစ် -၁၉ ကူးစက်မှုနှုန်းမြင့်တက်လာသည့်အတွက် သျှမ်းပြည် တဝှမ်း ရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များကို Take away (ပါဆယ်) စနစ်ဖြင့် ရောင်းချရန် ကြေညာချက်ထုတ်ခဲ့သည်။ ထိုကြေညာချက်သည် စက်တင်ဘာ ၂၃ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး၊ ထိုထုတ်ပြန်ချက်သည် သျှမ်းပြည်တဝှမ်းရှိ မြို့ များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများပါ...

စက်တင်ဘာလ တတိယအပတ် သျှမ်းပြည်အတွင်း ကိုဗစ် ၁၉ သတင်းစုစည်းမှု

ဒီတပတ် သျှမ်းပြည်နယ်အတွင်း ကိုဗစ်အခြေအနေမှာတော့ ရောဂါပိုးကူးစက်သူ ၁၄ ယောက်ရှိရာ ၁ ယောက်ဆေး ရုံဆင်းခွင့်ရပြီး တစ်ယောက်သေဆုံးသွားခဲ့ပါတယ်။ ကျန် ၁၂ ယောက်မှာတော့ တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံ မှာ ၄ ယောက်၊ ကျိုင်းတုံမြို့ပြည်သူ့ဆေးရုံမှာ ၃ ယောက်၊ ကလော အောင်ပန်း စစ်ဆေးရုံမှာ...

သျှမ်း/မြောက် လားရှိုးမြို့နယ် အတွင်း စစ်ကြောင်းလှုပ်ရှားမှု ပိုများလာ

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော် ကျေးရွာ အတွင်း အစိုးရတပ်မတော် စစ်ကြောင်းများ လှုပ်ရှားမှု ပိုများလာကြောင်း စုံစမ်းသိရသည်။ အစိုးရ တပ်မတော် စစ်ကြောင်းသည် သြဂုတ်လကုန်၊ စက်တင်ဘာ လဆန်းပိုင်းမှ စတင်ကာ သျှမ်းပြည်မြောက်ပိုင်း လားရှိုး၊ ကွတ်ခိုင်၊ မူဆယ်၊နမ့်ခမ်း နှင့် မန်တုံဘက် စစ်အင်အားဖြည့်ဆည်းမှုများရှိခဲ့ကြောင်း...

PNO ပါတီ မဲဆွယ်လှည့်လည့်ရာတွင် လူ ၅၀ ထက်ပို

သျှမ်းပြည် တောင်ပိုင်းတောင်ကြီးမြို့တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ပါတီ သည် ယနေ့ (စက်တင်ဘာ ၂၄) ရက် မနက်ပိုင်းတွင် မဲဆွယ်လှည့်လည်ရာ၌ မထင်မှတ်ဘဲ လူအင်အားများခဲ့ကြောင်း စုံစမ်းသိရသည်။ PNO မဲဆွယ်လှည့်လည်ရာတွင် ကား (၁၀) စီး နှင့် ဆိုင်ကယ် (၁၀) စီး တို့ဖြင့်လှည်သွားမည်ဟု ခွင့်တောင်းထားသော်လည်း...

နားဟိုင်းလုံ ကျေးရွာ နေအိမ်ထဲ ရေဝင်ပြီး ဒေသခံများအခက်ကြုံနေ

သျှမ်းပြည် အရှေ့ပိုင်း ရွှေ သတ္တုတူးဖော်သည့် အနီးတွင်နေထိုင်သည့် တာချီလိတ်ခရိုင် နားဟိုင်းလုံကျေးရွာရှိ နေအိမ်ထဲသို့ ရေများဝင်လာကြောင်း စုံစမ်းသိရသည်။ နားဟိုင်းလုံကျေးရွာ ပတ်ပတ်လည်တွင် ရွှေတူးဖော်မှုများကို ပြုလုပ်ခဲ့ပြီး ကျေးရွာ၏ ရေမြောင်းများ၊ ချောင်းများကို သက်ဆိုင်ရာမှ လာရောက်ကြည့်ရှူ့ခြင်း၊ နုန်းများဆယ်ခြင်းမပြုလုပ်သဖြင့် ရေများနေအိမ်ထဲသို့ ဝင်လာကြောင်း နားဟိုင်းလုံကျေးရွာ မှ သူနာပြု...

Latest news