Wednesday, January 28, 2026

နားဟိုင်းလုံ ကျေးရွာ နေအိမ်ထဲ ရေဝင်ပြီး ဒေသခံများအခက်ကြုံနေ

သျှမ်းပြည် အရှေ့ပိုင်း ရွှေ သတ္တုတူးဖော်သည့် အနီးတွင်နေထိုင်သည့် တာချီလိတ်ခရိုင် နားဟိုင်းလုံကျေးရွာရှိ နေအိမ်ထဲသို့ ရေများဝင်လာကြောင်း စုံစမ်းသိရသည်။

နားဟိုင်းလုံကျေးရွာ ပတ်ပတ်လည်တွင် ရွှေတူးဖော်မှုများကို ပြုလုပ်ခဲ့ပြီး ကျေးရွာ၏ ရေမြောင်းများ၊ ချောင်းများကို သက်ဆိုင်ရာမှ လာရောက်ကြည့်ရှူ့ခြင်း၊ နုန်းများဆယ်ခြင်းမပြုလုပ်သဖြင့် ရေများနေအိမ်ထဲသို့ ဝင်လာကြောင်း နားဟိုင်းလုံကျေးရွာ မှ သူနာပြု ဆရာမ နန်းလာ က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ နှစ်တိုင်း ရေကြီးပေမယ့် ဒီနှစ်က မိုးခဏလေးပဲရွာသေးတယ်။ ရေက အိမ်ထဲဝင်လာပြီ။ အရင်က ကျမ အိမ်ထဲ ရေမဝင်ဘူး။ ဒီနှစ်တော့ ရေဝင်တယ်။ မိုးသည်ရင်တော့ ဒီထက် ဆိုးနိုင်တယ်” ဟု နန်းလာ က ဆိုသည်။

နားဟိုင်းလုံ ကျေးရွာ အနီးတွင် ရွှေသတ္တုတူးဖော်မှုကို ၂၀၀၇ ခုနစ်တွင် စတင်တူးဖော်ခဲ့ရာ ဒေသခံပြည်သူများက ခေတ်အဆက်ဆက် ကန့်ကွက်ခဲ့သော်လည်း ယနေ့ချိန်ထိ ရပ်ဆိုင်းခြင်းမရှိခဲ့ပေ။

“ တနှစ်ထက် တနှစ် ရေကြီးမှုက ပိုဆိုးလာတယ်။ အိမ်မွေးတိရိစ္ဆာန် ကြက်တွေလည်း သေကုန်တယ်။ အိမ်ထဲရေဝင်တော့ ဘာမှ လုပ်လို့မရဘူး” ဟု နန်းလာ က ပြောသည်။

ရွှေတူးဖော်မှုများသည် ယခင်ကထက်ပိုများလာကြောင်း၊ ထို့ပြင် သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် နားဟိုင်းလုံ ကျေးရွာသို့ လာရောက်ကြည့်ရှု့ခြင်းမရှိကြောင်း နားဟိုင်းလုံ ဒေသခံများက ပြောသည်။

“ ကျမတို့ဆီ ကို ဘယ်အစိုးရက မှလာမကြည့်ဘူး။ သက်ဆိုင်ရာက လာမကြည့်တဲ့အတွက် ရွှေတူးတဲ့ကုမ္ပဏီ တွေ လုပ်ချင်တိုင်းလုပ်ဆိုတဲ့သဘောဖြစ်နေတယ်။ ကုမ္ပဏီတွေ က မြောင်းတွေ နုန်းတွေ မဆယ်ပေးတော့ဘူး” ဟု နားဟိုင်းလုံ ဒေသခံ တဦး က ပြောသည်။

လက်ရှိမှာ မိုးရာသီ ဖြစ်သဖြင့် ချောင်းထဲရှိနုန်းများကို ဆယ်ပေးရန် နှင့် မြောင်းများလာရောက်ဖော်ပေးချင်ကြောင်းလည်း နားဟိုင်းလုံ ဒေသခံများက ပြောသည်။

နားဟိုင်းလုံကျေးရွာ တွင် ရွှေတူးဖော်မှု စီမံကိန်းများကြောင့် လယ်ယာမြေများ ဧကပေါင်းရာနှင့်ချီ ပျက်စီးခဲ့ပြီး၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးခြင်း၊ မြစ်ချောင်းများ တိမ်ကောခြင်းတို့ဖြစ်ခဲ့သည်။

ထို့ပြင် ရွှေတူးဖော်မှုကို သွားရောက် ကန့်ကွက်ရာတွင် လည်း ဒေသခံ အမျိုးသားတဦးသေဆုံးခဲ့ပြီး၊ ထိုသေဆုံးမှုကြောင့် လက်ရှိအချိန်ထိ တရားမျှတမှု မရရှိခဲ့သေးပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နားဟိုင်းလုံကျေးရွာ သဲမြှုပ်နေအိမ်များကို ရွှေတူးဖော်မှုကုမ္ပဏီက တာဝန်ယူပေးခြင်းမရှိ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် နားဟိုင်းလုံကျေးရွာတွင် ရေ ၊ သဲ မြှုပ်နေသော နေအိမ်များကို ရွှေတူးဖော်သည့် ကုမ္ပဏီမှ တာဝန်ယူ လျော်ကြေးပေးမှုမရှိသေးကြောင်း စုံစမ်းသိရသည်။ နားဟိုင်းလုံကျေးရွာသည် ပြီးခဲ့သည့် ဇူလိုင်လမှစပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြည်သူနေအိမ်များတစ်ချို့ ရေမြှုပ်သွားပြီး၊ တစ်ချို့နေအိမ်များသည် သဲမြှုပ်နေကြောင်း သိရသည်။ အဆိုပါ ရေကြီးမှုကြောင့်...

ရွှေတူးဖော်မှုပြုလုပ်သည့် နားဟိုင်းလုံ နေအိမ်ရေဝင်

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ် တာလေမြို့ နားဟိုင်းလုံကျေးရွာအတွင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် နေအိမ်တစ်ချို့ထဲ သဲ၊ ရွှံ့ ဝင်ပြီး ပျက်စီးမှုရှိကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (ဇူလိုင် ၁၉) ရက် ည ၉ နာရီဝန်းကျင်တွင် ရွှေတူးဖော်မှုများ လုပ်ဆောင်နေသည့် နားဟိုင်းလုံကျေးရွာတွင် မိုးရွာသွန်းမှုကြောင့် နေအိမ်ထဲ သဲ...

ရွှေတူးဖော်မှုကြောင့် နားဟိုင်းလုံရွာသားတချို့ နေအိမ်ပြောင်းရွှေ့ရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်ခရိုင် နားဟိုင်းလုံကျေးရွာ တွင် ဒေသခံရွာသားတချို့ နေအိမ် များပြောင်းရွှေ့နေရကြောင်း သတင်းရရှိသည်။ တာလေမြို့နယ်ခွဲ နားဟိုင်းလုံ ကျေးရွာတွင် ရွှေဆက်လက်တူးဖော်နေမှုကြောင့် သဲနှုန်းများမြစ်ချောင်းအင်းအိုင်နှင့် လယ်မြေများအတွင်းသောင်ထွန်းကာ မိုးရွာသွန်းပါက ရုတ်ချည်းရေကြီး ရေလျှံမှု ဖြစ်ပေါ်သဖြင့် မြစ်ချောင်းဘေး နေထိုင်သည့် နေအိမ်တချို့ ရွာအပြင်ဘက်သို့ ပြောင်းရွှေ့နေထိုင်ရကြောင်း နားဟိုင်းလုံ...

မိုးသည်းထန် ရွာသွန်းမှုကြောင့် နားဟိုင်းလုံ ကျေးရွာ နေအိမ်များအတွင်း ရေများဝင်ရောက်

0
သျှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နယ် ရွှေတူးဖော်မှု ပြုလုပ်နေသည့် တာလေမြို့ နယ်ခွဲ နားဟိုင်းလုံ ကျေးရွာတွင် ယခုလဆန်းပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်ထဲသို့ရေများဝင်ရောက်ကာ တိရိစ္ဆာန်များ သေကြကြောင်း သတင်းရရှိသည်။ “ မိုးရွာတာကတော့ မေလ ၃ ရက် ည ၁၀ နာရီကနေ မနက်...

တာလေမြို့နယ်ခွဲရွှေတူးဖော်ရေး စွန့်ပစ်မြေစာများကြောင့် ပျက်စီးခဲ့သော လယ်ယာမြေများ လျော်ကြေးမရသေးကြောင်း သျှမ်းပြည်နယ်လွှတ်တော်တွင် တင်ပြ

သျှမ်းပြည်အရှေ့ပိုင်းတာလေမြို့နယ်ခွဲတွင် ရွှေတူးဖော်မှုကြောင့်ပျက်စီးသွားသောလူထု၏ လယ်ယာမြေဧက ၃၇၀ ကျော်အားပြန်လည်ဖော်ထုတ်ပေးရေး သျှမ်းပြည်နယ်လွှတ်တော်တွင်မေးမြန်းရာ အမှန်တကယ် ပျက်စီးသည်မှာ ဧက ၂၄၀ ခန့်သာရှိကြောင်း သျှမ်းပြည်နယ်အစိုးရကပြောဆိုပါသည်။ မတ်လ ၂၈ ရက်နေ့ကစတင်ကျင်းပခဲ့သော ဒုတိယအကြိမ် ၊ သျှမ်းပြည် နယ် လွှတ် တော် နဝမပုံမှန်အစည်းအဝေးတွင် တန့် ယန်းမြို့နယ် မဲဆန္ဒနယ်အမှတ်...