ရွှေတူးဖော်မှုကြောင့် နားဟိုင်းလုံရွာသားတချို့ နေအိမ်ပြောင်းရွှေ့ရ

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်ခရိုင် နားဟိုင်းလုံကျေးရွာ တွင် ဒေသခံရွာသားတချို့ နေအိမ် များပြောင်းရွှေ့နေရကြောင်း သတင်းရရှိသည်။

မိုးရွာသွန်းပြီးနောက်ပိုင်းနားဟိုင်းလုံရွာတွင်းအခြေအနေ

တာလေမြို့နယ်ခွဲ နားဟိုင်းလုံ ကျေးရွာတွင် ရွှေဆက်လက်တူးဖော်နေမှုကြောင့် သဲနှုန်းများမြစ်ချောင်းအင်းအိုင်နှင့် လယ်မြေများအတွင်းသောင်ထွန်းကာ မိုးရွာသွန်းပါက ရုတ်ချည်းရေကြီး ရေလျှံမှု ဖြစ်ပေါ်သဖြင့် မြစ်ချောင်းဘေး နေထိုင်သည့် နေအိမ်တချို့ ရွာအပြင်ဘက်သို့ ပြောင်းရွှေ့နေထိုင်ရကြောင်း နားဟိုင်းလုံ ဒေသခံ စိုင်းလျိုးက သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ မိုးရွာတဲ့အချိန်ရေကြီးတော့ မြစ်ဘေးမှာနေထိုင်တဲ့သူတွေ က အဆင်မပြေဘူး။ အိမ်တွေ ရေလျှံတယ်။ ဒါကြောင့် သူတို့ရွာပြင် ပြောင်းနေရတာ” ဟု စိုင်းလျိုးက ပြောသည်။

နေအိမ်ပြောင်းရွှေ့ ရသည့်ရွာသားများသည် လက်ရှိတွင်အခက်အခဲများစွာ ရင်ဆိုင်နေရကြောင်း၊ ထိုသို့ပြောင်းရွှေ့ ရသည့်တိုင် သက်ဆိုင်ရာမှ လာရောက် ကြည့်ရှုပေးခြင်းမရှိကြောင်း လည်း နားဟိုင်းလုံ ဒေသခံများက ပြောသည်။

“ ရွာထဲမှာ အိမ်ရှိတယ်။ လယ်ရှိတယ်။ နေရာကတော့ ကိုယ့်အစီအစဉ်နဲ့ ပြောင်းရတယ်။ နေ့လည်ဆိုရင် လယ်လုပ်ဖို့ ရွာဘက်လာရတယ်။ ရွှေတူးဖော်မှု ပြသနာ က တနေ့ထက် တနေ့ ဆိုးလာတယ်” ဟု နေအိမ်ပြောင်းရွှေ့ရသည့် အမျိုးသား တဦး က ပြောသည်။

နားဟိုင်းလုံ ကျေးရွာ အနီး ရွှေတူးဖော်နေမှုများရပ်တန့်ရန် အတွက် ဒေသခံများ ခေတ်အဆက်ဆက်တောင်းဆိုလာခဲ့သော်လည်း ကုမ္မဏီနှင့် ဒေသတွင်းအာဏာပိုင်များ အလေးထားဆောင်ရွက်ပေးခြင်းမျိုးမရှိဘဲ ဆက်လက်တူးဖော်နေကြောင်း နားဟိုင်းလုံ ဒေသခံများက ပြောဆိုလိုက်သည်။

“ရွှေတူးတာတွေ ရပ်ပေးဖို့ ကျနော်တို့တောင်းတယ်။ဒီကိစ္စတွေကြောင့် ကျနော့် အဖေလည်း အသက်ပေးခဲ့ရပြီ။ ဒါပေမယ့် ဘယ်အစိုးရ တက်တက် ကျနော်တို့ကို ကြည့်ပေးတဲ့သူ မရှိဘူး” ဟု စိုင်းလျိုး က ပြောသည်။

တာချီလိတ်မြို့နယ် တာလေမြို့နယ်ခွဲအတွင်း ရွှေများကိုု ၂၀၀၇ ခုနှစ်ကတည်းက စတင် တူးဖော် လာခဲ့ကြသည်။

ရွှေတူးဖော်မှု စီမံကိန်းကြောင့် လယ်ယာမြေများ ဧကပေါင်း ရာနှင့်ချီ ပျက်စီး ခဲ့ပြီး၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးခြင်း၊ မြစ်ချောင်းများ ပျောက်ကွယ်ခြင်း၊ အဆိုးရွားဆုံးမှာ ဒေသခံလူထုတို့ အသက်ပေးရသည်အထိဖြစ်နေခြင်းတို့ ကြောင့် ၄င်းအားဒေသခံများ အလိုမရှိကြောင်း ဆန့်ကျင်ကန့်ကွက်ခဲ့ကြသော်လည်း ကုမ္မဏီများ ယနေ့တိုင်ဆက်လက်တူးဖော်နေဆဲဖြစ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

MNDAA ဖမ်းဆီးထားသည့် ဆန္ဒပြသူ ၅ ဦး ပြန်မလွှတ်သေး၊ ချွင်းချက်မရှိ ပြန်လွှတ်ပေးရန် သျှမ်းအရပ်ဖက်အဖွဲ့ တောင်းဆို

0
သျှမ်းပြည် လားရှိုးမြို့နယ် မန်စယ်ကျေးရွာအုပ်စုတွင် ရွှေတူးဖော်မှုကို ကန့်ကွက်ခြင်းကြောင့် ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးထားသည့် ဆန္ဒပြရွာသား (၅) ဦးသည် ယနေ့အချိန်ထိ ပြန်မလွှတ်သေးကြောင်း စုံစမ်းသိရသည်။ MNDAA ရွှေတူးဖော်မှုကို ကန့်ကွက်ဆန္ဒပြခဲ့သည့် မန်စယ်ရွာသား (၃၆) ဦးကို ကိုးကန့်တပ်သားများမှ ဖေဖော်ဝါရီလ (၁) ရက် ညနေပိုင်းတွင်...

လားရှိုး ရွှေတူးသည့် MNDAA ကို ဆန္ဒပြသူ ၃၆ဦး ဖမ်းဆီးခံရ၊ ၉ဦးပြန်မလွတ်သေး

0
သျှမ်းပြည် လားရှိုးမြို့နယ် မန်စယ်ကျေးရွာအုပ်စုရှိ ဒေသခံလယ်မြေတွင် ရွှေတူးဖော်နေသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA) ကို ဆန္ဒပြသူ (၃၆) ဦး သိန္နီမြို့ဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခံရပြီး (၉) ဦးမှာ ပြန်မလွတ်သေးကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီ လလယ်ခန့်မှ စတင်ပြီး လားရှိုးမြို့နယ် နမ့်ပေါင်တိုက်နယ် မန်စယ်ကျေးရွာအုပ်စုရှိ လယ်မြေများကို ဒေသခံသဘောတူညီမှု...

မိုင်းဖြတ်မြို့နယ် ရွှေတူးဖော်နေခြင်းကြောင့် ချောင်းရေညစ်ညမ်း၊ လယ်ယာစိုက်ပျိုးရေးထိခိုက်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဖြတ်မြို့နယ်အတွင်း နမ့်လုံချောင်းတစ်လျှောက်တွင် တရုတ်လုပ်ငန်းရှင်နှင့် ပြည်တွင်းစီးပွားရေးသမားများ ပူးပေါင်းပြီး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်နေခြင်းကြောင့် ချောင်းရေညစ်ညမ်းနေကြောင်း ဒေသခံများက ပြောသည်။ မိုင်းဖြတ်မြို့နယ် ဝမ်ပုံရွာနှင့် မိုင်းဟဲရွာရှိ နမ့်လုံချောင်းဘေးတစ်လျှောက် ဒေသခံများ၏ စိုက်ပျိုးရေး လယ်ယာမြေများကို လုပ်ငန်းရှင်များက ဈေးကြီးပေး ဝယ်ယူပြီး ယခုနှစ်လယ်ပိုင်းမှ စ၍ စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်နေကြောင်း...

မိုင်းရယ်ဒေသခံများ ကန့်ကွက်သည့်ကြားမှ MNDAA ရွှေတူးဖေါ်ခွင့်ပြုနေ

0
သျှမ်းပြည် မိုင်းရယ်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထောက်ခံချက်ဖြင့် ရွှေတူးဖေါ်နေသည်ကို ဒေသခံများ ကန့်ကွက်သည့်ကြားမှ ဆက်လက်လုပ်ဆောင်နေကြောင်း စုံစမ်းသိရသည်။ ဇွန်လ ဒုတိယပတ်မှ စတင်ပြီး မိုင်းရယ်မြို့နယ် စလန်းပုန်းထွန်ကျေးရွာအုပ်စုရှိ ကောင်းဝိန်းကျေးရွာ ရေထွက်တောတွင် MNDAA ထောက်ခံချက်ဖြင့် ‘ဝ’ဒေသ မိုင်းမောမြို့ဘက်မှ လာသည့် လုပ်ငန်းရှင် ဦးဆောင်ပြီး ရွှေတူးဖေါ်ရန်...

ရွှေတူဖော်မှုကြောင့် မိုင်းယောင်းဒေသခံများ ရေအသုံးပြုခက်ခဲလာ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်တွင် ရွှေအလွန်အကျွံတူးဖော်မှုကြောင့် ဒေသခံများ ရေအသုံးပြုရန်အတွက် အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရှိရသည်။ မိုင်းယောင်းမြို့ဒေသခံများသည် နမ့်ယောင်းချောင်းနှင့် နမ့်ခပ်ချောင်း ရေကိုအဓိကအသုံးပြုကြသည်။ လက်ရှိ ထိုရေထွက်အပေါ်တွင် ရွှေတူးဖော်မှု နှင့်အဆိပ်ပါသော ဓာတုပစ္စည်းများကိုအသုံးပြုမှုကြောင့် မိုင်းယောင်းမြို့အတွင်း အသုံးပြုသောရေများ အရောင်ပြောင်းကာ ညစ်ညမ်းနေကြောင်း ဒေသခံများကပြောကြားသည်။ လက်ရှိ မိုင်းယောင်းမြို့နယ် အတွင်းတွင် ရေတွေ ညစ်နောက်နေပြီး...