Tuesday, January 27, 2026

စက်တင်ဘာလ တတိယအပတ် သျှမ်းပြည်အတွင်း ကိုဗစ် ၁၉ သတင်းစုစည်းမှု

ဒီတပတ် သျှမ်းပြည်နယ်အတွင်း ကိုဗစ်အခြေအနေမှာတော့ ရောဂါပိုးကူးစက်သူ ၁၄ ယောက်ရှိရာ ၁ ယောက်ဆေး ရုံဆင်းခွင့်ရပြီး တစ်ယောက်သေဆုံးသွားခဲ့ပါတယ်။

Photo Credit to Owner

ကျန် ၁၂ ယောက်မှာတော့ တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံ မှာ ၄ ယောက်၊ ကျိုင်းတုံမြို့ပြည်သူ့ဆေးရုံမှာ ၃ ယောက်၊ ကလော အောင်ပန်း စစ်ဆေးရုံမှာ ၂ ယောက်၊ နမ့်စန်စစ်ဆေးရုံမှာ ၂ ယောက်၊ မူဆယ်မြို့ ပြည်သူ့ဆေးရုံမှာ ၁ ယောက် ဆေးဝါးကုသမှု ခံယူနေပါတယ်။


ကိုဗစ်နိုင်တင်း ရေဂါ ကူးစက်ပျံ့နံမှု ကြောင် သျှမ်းပြည် မြို့တော် တောင်ကြီးအပါအဝင် မြို့နယ် ၅၅ မြို့နယ်က တမြို့နဲ့ တမြို့ ကူးလူးဆက်ဆံမယ်ဆိုရင် ဆိုင်ရာနေရပ် ရပ်ကွက်ထောက်ခံစာ၊ ဆေးထောက်ခံစာ တွေ ပါမှ ဝင်ခွင့်ပြုပါတယ်။ ထောက်ခံစာမပါဘဲ ရောက်ရှိလာမယ်ဆိုရင်တော့ Quarantine ၁၄ ရက် သို့မဟုတ် တချို့မြို့တွေက ၂၁ ရက် ဝင်ရမှာဖြစ်ပါတယ်။ လက်ရှိ တောင်ကြီးမြို့ပေါ် အခြေအနေကတော့ ကိုဗစ်နိုင်တင်း ရောဂါ ကူးစက်မခံရအောင် မိမိကိုယ်ကို ကာကွယ်မှုမှာ ပေါ့ဆနေကြပြီး ၊ MasK (နှာခေါင်းစည်း) မတပ်ဘဲ အပြင်ထွက်သွားလာနေသူတွေ လဲရှိနေတဲ့ အတွက် ဒေသခံတချို့ ရောဂါကူးစက်မှာကို စိုးရိမ်နေကြပါတယ်။ ဒီ့အတွက် ကိုဗစ်ကာကွယ် ထိန်းချုပ် ကုသ ရေးကော်မတီဝင်တွေ၊ ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ပရဟိတ လူမှုအဖွဲ့အစည်းတွေက စုပေါင်းပြီး လူထုကို အသိပညာပေးမှုတွေ နေ့စဉ်ပြုလုပ်ပေးနေပါတယ်။

တောင်ကြီးရောက်မိုင်းလားမြို့မှ ရွှေ့ပြောင်းအလုပ်သမားများ


စက်တင်ဘာ ၂၁ ရက်နေ့ က သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ(၄) မိုင်းလားတပ်ဖွဲ့ထိန်းချုပ်နယ်မြေဘက် ကနေ ပြန်လာတဲ့ ရွှေ့ပြောင်းအလုပ်သမား ၆၀ ကျော် ၊ ထိုင်းနိုင်ငံက ပြန်လာတဲ့ ရွှေ့ပြောင်းအလုပ်သမား ၆၀၀၀ ကျော်ရှိပါတယ်။


သျှမ်းပြည်သူပြည်သားတွေက Quarantine ဝင်ရမှာဖြစ်ပြီး တခြားပြည်နယ် တိုင်းဒေသကြီး တွေက တော့ သူတို့နေရပ်ပြည်နိုင်ဖို့ သျှမ်းပြည်နယ်အစိုးရ ကနေ အကူအညီပေးနေပါတယ်။ တောင်ကြီးမြို့မှာ ကိုယ့် အစီအစဉ်နဲ့ Quarantine ၀င်တဲ့သူကတော့ တရက် ကို တယောက် ကျပ် ၄၀၀၀ ထည့်ဝင်ရမယ် လို့သိရပါတယ်။


သျှမ်းပြည်တလွှား RCSS/SSA ထိန်းချုပ်နယ်မြေ အတွင်းနေ ကျေးရွာ၊ ကျေးရွာအုပ်စုတွေမှာ အတွင်းလူအပြင် မထွက်ရ ၊ အပြင်လူအတွင်းမဝင်ရ ၊ နိုင်ငံရေးပါတီတွေ စည်းရုံးရေးဆင်းမယ်ဆိုရင် ၁၀ ဦးထက်မပိုရ ၊ ကျန်းမာ ရေးစစ်ဆေးရေးဂိတ်နဲ့တကွ ကြပ်မတ်စစ်ဆေးနေတယ်လို့ ပြောခွင့်ရ ဒုတိယ ဗိုလ်မှူးကြီး အုမ့်ခေး ကပြောပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Shan State Map_Update_1

ကျောက်မဲ၊ သီပေါ၊ မက်မန်းနှင့် ဖယ်ခုံမြို့နယ်မှ ရွေးကောက်ပွဲမကျင်းပနိုင်သည့် နယ်မြေစာရင်း UEC ထပ်မံထုတ်ပြန်

0
စစ်အုပ်စု ကျင်းပမည့် ရွေးကောက်ပွဲ တတိယပိုင်းတွင် ပါဝင်နေသည့် ကျောက်မဲ၊ သီပေါ၊ မက်မန်းနှင့် ဖယ်ခုံမြို့နယ်များရှိ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC မှ ထပ်မံထုတ်ပြန်လိုက်သည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၇ ရက်) ညပိုင်းတွင် ရွေးကောက်ပွဲ တတိယပိုင်းထဲ ပါဝင်နေသည့် သျှမ်းပြည်မှ...

တိတ်ဆိတ်ငြိမ်သက်နေသည့် စစ်တပ် ရွေးကောက်ပွဲ

0
“ထူးထူးခြားခြား မရှိပါဘူး။ ဧည့်သည်တွေနဲ့ ရှုပ်နေတာပဲ၊ မအားဘူး” ဟု တောင်ကြီးမြို့ခံ ဈေးဆိုင် ပိုင်ရှင် တဦးက သျှမ်းသံတော်ဆင့်ကို ယနေ့ (ဒီဇင်ဘာလ ၂၇)ရက်၊ နေ့လယ်ပိုင်းတွင် ပြောသည်။ စစ်တပ် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၁) တွင် သျှမ်းပြည်နယ်တွင်း တောင်ကြီးမြို့နယ် အပါအဝင်...

သျှမ်းပြည် ၉ မြို့နယ်နှင့် ဗန်းမော်မြို့နယ် ပါဝင်သည့် ရွေးကောက်ပွဲ အပိုင်း (၃) စစ်တပ်ကော်မရှင် ထုတ်ပြန်

0
သျှမ်းပြည်နယ် အတွင်းရှိ မြို့နယ် ၉ ခု အပါအဝင် မြို့နယ် ၆၃ ခုတွင် စစ်တပ် ရွေးကောက်ပွဲ အပိုင်း (၃) ကို လာမည့် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း စစ်တပ် ရွေးကောက်ပွဲ ကော်မရှင်က ယနေ့ ဒီဇင်ဘာလ...

“ဒီရွေးကောက်ပွဲကတော့ ပိုရှုပ်ထွေးအောင် လုပ်ထားတယ်လို့တော့ ထင်ပါတယ်”

0
ညီနောင်မဟာမိတ် ၃ ဖွဲ့ ဖော်ဆောင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” အတွင်း သျှမ်းပြည်မြောက်ပိုင်းရှိ မြို့အများအပြားကို စစ်အုပ်စုထံက သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော်လည်း တရုတ်၏ ကြားဝင်စေ့စပ်မှုအရ သိမ်းပိုက်ထားသည့် မြို့အချို့အား ပြန်လည်လက်လွှတ်ခဲ့ရသည်။ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ခေါ် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စစ်ကောင်စီတို့သည်...

“သျှမ်းပြည် စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းပေါ်မှာ ကြီးကြီးမားမား ရိုက်ခတ်မှု ရှိနိုင်ပါတယ်”

0
ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ပြည်သူ့ဆန္ဒမငဲ့ဘဲ တစ်နိုင်ငံလုံး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို မဖြစ်မနေ ရအောင် ကျင်းပသွားပါမယ်ဆိုပြီး ဩဂုတ်လလယ်ပိုင်းမှာ ရွေးကောက်ပွဲ မဲဆန္ဒနယ်၊ ကျင်းပမည့်ရက်၊ ကျင်းပမယ့်ပုံစံ တွေကို စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်တိုက် ကြေညာခဲ့ပါတယ်။ ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလ ၂၈ ရက်မှာ စတင်ကျင်းပမှာဖြစ်ပြီး...