Wednesday, January 28, 2026

ခွန်ထွန်းဉီး ရာထူးကနှုတ်ထွက်တာ SNLD ဘာဆက်လုပ်မလဲ

စက်တင်ဘာလ ၂၇ ရက်၂၀၂၀ မှာ SNLD ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဉက္ကဌ ခွန်ထွန်းဉီး ရာထူးကနေ နှုတ်ထွက်တယ်လို့ ကြားသိရပါတယ်။ မြန်မာ့ နိုင်ငံရေးလောကမှာ သဘာရင့်၀ါရင့်ခေါင်းဆောင်တဉီး အခုလို ပါတီစုံရွေးကောက်ပွဲကြီးနီးလာတဲ့ကာလမှာ  ဘယ်လိုအခြေအနေကြောင့် ဉက္ကဌကြီးရာထူးကနေနှုတ်ထွက်ပါသလဲ။ ပါတီအနေနဲ့ကော ရှေ့ဆက်ဘယ်လိုသွားကြမလဲဆိုတာသိရအောင်လို့ သျှမ်းသံတော်ဆင့်သတင်းဌာနက စိုင်းမိဏ်းကနေ SNLD အထွေထွေအတွင်းရေးမှူး စိုင်းလိတ်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

SNLD ပါတီ ဉက္ကဌ ခွန်ထွန်းဉီး

မေး။    ။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဉက္ကဌကြီး ခွန်ထွန်းဉီးကနေပြီးတော့ ရာထူးကနေနှုတ်ထွက်တယ်လို့ကြားသိရပါတယ်။ ဘယ်လိုအခြေအနေကြောင့်ပါလဲခင်ဗျ။

ဖြေ။     ။ အဓိကကတော့ ကျန်းမာရေးအခြေအနေကြောင့်ပါ။ ဉက္ကကြီးအနေနဲ့ ကျန်းမာရေးအခြေအနေကြောင့်အနားယူခွင့်ပြုပါ။ နောက်ပြီးတော့မိသားစု စီးပွါးရေးကိစ္စကြောင့်ပေါ့နော်။ ရှင်းရှင်းပြောရင်တော့ အမွေဆိုင်ကိစ္စကြောင့် ပါတီကို အချိန်မပေးနိုင်မှာစိုးရိမ်တယ်။ ပါတီလုပ်ငန်းကိုထိထိရောက်ရောက်မလုပ်ပေးနိုင်မှာကို စိုးရိမ် အားနာပြီးတော့မှ သူ့အနေနဲ့နှုတ်ထွက်ခွင့်ပြုဖို့ စီအီးစီအဖွဲ့ကို တင်ပြထားတာ ၂ ကြိမ်မကတော့ပါဘူး။ ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်းယူအီးစီကိုလှမ်းပြီးတော့မှ စာပို့ထားတာပေါ့နော်။ ဇွန်လထဲမှာ  ဘဲ ယူအီးစီကနေပြီးတော့မှ ကျနော်တို့ စီအီးစီရဲ့သဘောထားကိုတောင်းဆိုပါတယ်။ စီအီးစီအားလုံးရဲ့သဘောတူညီချက်အရ ကျနော်တို့က လူချင်းတွေ့ဆုံပြီးတော့မှ ဆွေးနွေးညှိနှိုင်းနိုင်တဲ့အခြေအနေလည်းမရှိသေးဘူး။ ပြီးတော့ ဉက္ကဌကြီးကိုလည်းဆက်လက်ပြီးတော့ ကျနော်တို့ကို အရိပ်လိုဘဲထပ်ပြီးတော့မှ လုံခြုံမှုကိုဆက်ပေးသွားဖို့၊ ဉီးဆောင်မှုကိုဆက်ပေးသွားဖို့ အားလုံးက ဆန္ဒရှိတော့ အနည်းဆုံးအား ဖြင့် ၂၀၂၀ ရွေးကောက်ပွဲ အလွန်ကာလကျမှဘဲ ဒီကိစ္စကို စဉ်းစားဆုံးဖြတ်ကြမယ်လို့ သဘောတူထားကြပါတယ်။ အဲတာကိုလည်း ဉက္ကဌကြီးဘက်က လက်ခံထားတာပေါ့နော်။ ဒါပေမယ့် မနေ့ကကျမှ ကောက်ခါငင်ခါဘဲ 7 Day Media နဲ့တွေ့ဆုံတယ်။ ပြီးတော့မှ ဒီလိုမျိုးကြေငြာတယ်ဆိုတာကတော့ တခြားသော စိတ်ဖိစီးမှု တစုံတရာ ရှိမလားပေါ့နော်။ ဒါက  မိသားစုအရေးနဲ့သက်ဆိုင်ပါလိမ့်မယ်။ ပါတီနဲ့ကတော့  လုံး၀ ပဋိပက္ခတွေ ၊ ပြသနာတွေ ၊ အရှုပ်အရှင်းတွေ ဘာတခုမှမရှိပါဘူးခင်ဗျ။

မေး။    ။  အခုလို ရွေးကောက်ပွဲကလည်းနီးလာနေချိန် နိုင်ငံရေးသြဇာကြီးမားတဲ့ပုဂ္ဂိုလ်တယောက်ကလည်း ရုတ်တရက်ကြီး နှုတ်ထွက်တော့ ဘယ်လောက်အထိ ဂယက်ရိုက်မှုရှိလာနိုင်မလဲခင်ဗျ။

ဖြေ။     ။ ပါတီ၊ လူထုနဲ့ SNLD  ကို၀န်းရံတဲ့လူတွေအတွက်တော့ အားငယ်စရာ ၀မ်းနည်းစရာဖြစ်တာပေါ့နော်။ ဒါပေမယ့် နှုတ်ထွက်ရတဲ့အကြောင်းရင်းကိုကြည့်မယ်ဆိုရင် ပထမတချက်ကလည်း  ကျန်းမာရေးကြောင့်၊ ဒုတိယအချက်ကလည်းမိသားစုကိစ္စကြောင့်၊ တတိယတချက်ကတော့ ဉက္ကဌကြီးရဲ့အမြင်မှာ သူလက်လွဲထားနိုင်လောက်တဲ့ ပါတီထဲမှာအလုပ်လုပ်နိုင်တဲ့ ပုခုံးပြောင်းတာ၀န်ထမ်းဆောင်နိုင်တဲ့သူတွေရှိနေလောက်ပြီ လို့တွက်ဆတာနေမှာပေါ့နော်။ အဲလိုအခြေအနေကြောင့်သူနှုတ်ထွက်တယ်ဆိုခါကျတော့ ဒီအကြောင်းရင်းခံတွေကို ဂဃနဏ ပြန်လည်သုံးသပ်မယ်ဆိုရင်တော့ ၀မ်းနည်းတာစိတ်မကောင်းတာက တပိုင်းပေါ့ဗျာ။ နိုင်ငံရေးအရ ကြီးကြီးမားမားရိုက်ခတ်စရာ  အကြောင်းမရှိဘူး။ ထိခိုက်စရာအကြောင်းမရှိဘူးလို့မြင်ပါတယ်။

အဲလိုပြောရတဲ့အကြောင်းရင်းက ဉက္ကဌကြီးအနေနဲ့ ဉက္ကဌတာ၀န်ကနေနားသည်ဖြစ်စေ မနားသည်ဖြစ်စေ ကျနော်တို့ SNLD ရဲ့ရပ်တည်ချက်အရ ကျနော်တို့ စီအီးစီနဲ့ ဂျီစီများ အားလုံးရဲ့ရပ်တည်ချက်အရ ၊ ပါတီ၀င်အားလုံးရဲ့ရပ်တည်ချက်အရ ခံယူချက်အရ ဉက္ကဌကြီးက ကျနော်တို့အားလုံးနဲ့အတူ အမြဲထာ၀ရ ရှိနေမှာဘဲ။ အဲတာကတော့ကျနော်တို့ စိတ်ရင်းနဲ့လက်ခံထားတဲ့အချက်ဖြစ်ပါတယ်။

မေး။    ။  လက်ရှိအနေအထားအရ ပုခုံးပြောင်းတာ၀န်ထမ်းဆောင်ဖို့ လူ အသင့်အနေအထားကောရှိနေပြီလားခင်ဗျ။

ဖြေ။     ။ အသင့်အနေအထားရှိပြီလို့တော့ပြောလို့မရဘူး။ ဒါမယ့်လို့ နိုင်ငံရေးပါတီရဲ့သဘော တရားအရ တပိုးတက် တပိုးဆင်း၊ တပိုးကျ တပိုးတက်ပေါ့။ အဲလိုမျိုးလုပ်နိုင်ဖို့ကတော့ ပါတီမှာ ရှေးကတည်းကျနော်တို့ပြင်ဆင်ဆောင်ရွက်ထားပါတယ်။ အခုလည်းဘဲ ဉက္ကဌကြီးက တာ၀န်ကနေအနားယူသွားတယ်ဆိုပေမယ့်လို့  ကျနော်တို့နားမှာဘဲရှိနေမယ်။ကျနော်တို့ဆက်လက်လုပ်ဆောင်စရာ ပုဂ္ဂိုလ်တွေကလည်း အရင်ကအစဉ်အလာအတိုင်း ဆက်လက်ပြီးလုပ်ဆောင်သွားဖို့က ကိုယ်စီကိုယ်စီက တာ၀န်ယူမှုအပြည့်နဲ့ဆက်လက်လုပ်ဆောင်သွားကြမှာဘဲဖြစ်ပါတယ်။

မေး။    ။  အခု ဒီလိုမလွဲမသွေဖြစ်လာတော့ ဗဟိုအနေနဲ့ဘာတွေဆက်လုပ်ဖို့ရှိပါသလဲခင်ဗျ။

ဖြေ။     ။  လောလောဆယ်တော့ ကျနော်တို့ စီအီးစီသော်လည်းကောင်း ဂျီစီသော်လည်းကောင်းလူချင်းတွေ့ဆုံဆွေးနွေးဖို့ကအဆင်မပြေသေးပါဘူး။ ဉက္ကဌကြီးနှုတ်ထွက်တာက သူ့ရဲ့ဆန္ဒအလျောက်ကြေငြာတာကတပိုင်းပေါ့နော် ။ စီအီးစီအနေနဲ့ ဆက်လက်ပြီးတော့ ဒီအပေါ်မှာ တွေ့ဆုံဆွေးနွေးဆုံးဖြတ်ဖို့ဆိုတာ အချိန်တော်တော်ယူရဉီးမှာဖြစ်တယ်။ အဲတာကြောင့် ယူအီးစီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ကျနော်တို့က ပေးပို့ထားတဲ့အတိုင်းဘဲ။ ၂၀၂၀ ရွေးကောက်ပွဲကာလအလွန် ကျမှဘဲ အခြေအနေအရ ကျနော်တို့တွေ့ဆုံပြီးတော့မှ ဆုံးဖြတ်ပေးနိုင်မှာဖြစ်တယ်။ အခုအတိုင်းတော့ဉက္ကဌကြီးက ကျနော်တို့ရဲ့ ဉက္ကဌကြီးဆိုတဲ့ ဂုဏ်ပုဒ် ရာထူးအတိုင်းဘဲဆက်ရှိနေဉီးမှာဖြစ်တယ်။

မေး။    ။  အခုအချိန်မှာ မဲဆန္ဒရှင်တွေကိုရော ၊ လူထုကိုရော တိုင်းရင်းသားညီအကိုမောင်နှမတွေကိုရော ဆရာတို့ဘယ်လိုအားပေးပြောကြားလိုပါသလဲခင်ဗျ။

ဖြေ။     ။ SNLD ဟာ သမိုင်းကြောင်းအရ ခိုင်လုံခဲ့တယ်။ နောက်ကျနော်တို့ရဲ့နိုင်ငံရေး ရပ်တည်ချက် က အင်မတန်ခိုင်မာတယ်။ ကျနော်တို့သွားချင်တဲ့လမ်းကြောင်းကို မရောက်သေးသရွေ့ ဉီးဆောင်တဲ့သူတွေ အပြောင်းအလဲရှိကောင်းရှိမယ်။ ဒါမယ့်ကျနော်တို့ရဲ့ရည်မှန်းချက်ပန်းတိုင်ကတော့ လုံး၀ မယိမ်းမယိုင်ဆက်လက်ပြီး ခိုင်ခိုင်မာမာနဲ့ ရှေ့ဆက်ပြီးချီတက်ကြရဉီးမှာဖြစ်တယ်။ အဲတာကြောင့်မို့လို့ ကျနော်တို့ရဲ့ပန်းတိုင်ကိုမရောက်မချင်းကျနော်တို့ အားလုံးက စိတ်မပျက် အားမ လျော့ စတမ်းပေါ့နော် ဆက်လက်ပြီးတော့ချီတက်ကြဖို့လိုအပ်တယ် လို့အလေးအနက်ပြုပြောကြားလိုတယ်။ နောက်တခု စောစောကပြောသလိုဘဲ ဉက္ကဌကြီး နှုတ်ထွက်သွားတယ်ဆိုတာကလည်း နိုင်ငံရေးအရ ပြသနာတစုံတရာမရှိခဲ့ဘူး။ အဲတာကြောင့်မို့ ဉက္ကဌကြီး ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီ၊ သူ့ရဲ့မိသားစုလုပ်ငန်းတွေလည်းပြန်လည်အဆင်ပြေလာပြီဆိုရင် ကျနော်တို့က အချိန်မရွေး ဉက္ကဌကြီးရဲ့သြဇာ၊ သဘာ ၊ ၀ါ တွေကို မှီခိုပြီးတော့မှ ဒီလုပ်ငန်းတွေကိုဆက်လက်လုပ်သွားနိုင်တာဘဲလေ ။ အဲတာကြောင့်မို့ စိတ်မလျှော့စတမ်း ဆက်လက်ပြီး လက်တွဲ၀န်းရံ ကြပါစို့လို့တိုက်တွန်းချင်ပါတယ်။

စိတ်ရှည်လက်ရှည်ဖြေကြားပေးတဲ့အတွက် SNLD အထွေထွေအတွင်းရေးမှူး စိုင်းလိတ်ကို ကျေးဇူးတင်ရှိပါတယ်ခင်ဗျ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

SNLD မှ သျှမ်းအနုပညာရှင်များ စစ်ဘေးရှောင်အတွက် ကူညီထောက်ပံ့ရန် တိုက်တွန်း

0
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD (ကျားခေါင်းပါတီ) မှ သျှမ်းအနုပညာရှင်များ စုပေါင်းကာ သျှမ်းပြည် အသီးသီး နှင့် သျှမ်း - ကယား နယ်စပ်ရှိ စစ်ဘေးရှောင်များအတွက် ကူညီထောက်ပံ့ကြရန် ပြောဆို တိုက်တွန်းထားသည်။ အဆိုပါ ကိစ္စ ဖြစ်စဥ် နှင့် ပတ်သက်ပြီး သျှမ်းအနုပညာရှင်များ...

SNLD ပါတီ အလံ နှင့် ဆိုင်းဘုတ်များ ဖြုတ်သိမ်းရန် ပြည်ထဲရေး ဖိအားပေးလာ

0
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ကျားခေါင်းပါတီ အလံများ ဖြုတ်သိမ်းရန် ပြည်ထဲရေးက ဖိအားပေး စေခိုင်းလာကြောင်း သတင်းသိရသည်။ ယခု ဧပြီလ နှောင်းပိုင်းကာလအတွင်းတွင် သျှမ်းပြည် ကျိုင်းတုံမြို့၊ တာချီလိတ်မြို့၊ မိုင်းတုံမြို့၊ ပုံပါကျင် (မြို့နယ်ခွဲ) ၊ မိုင်းဆတ်မြို့ ၊ လင်းခေးမြို့၊ လွိုင်လင်မြို့...

စစ်ကောင်စီ ခန့်အပ်သည့် UEC နဲ့ SNLD တွေ့ဆုံ

0
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) တို့ ဇွန် ၃၀ ရက် မှ ဇူလိုင် ၂ ရက်နေ့ထိ တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။ ထိုတွေ့ဆုံမှုတွင် SNLD ၏ ပါတီဝင် အင်အား နှင့် ငွေကြေး...

“ဝ” အမျိုးသားပါတီ WNP ဒုဉက္ကဌကို ယာယီဉက္ကဌအဖြစ်တင်မြှောက်

0
လစ်လပ်နေသည့် “ဝ”အမျိုးသားပါတီ(WNP) ၏ ဥက္ကဌနေရာအတွက် ဒုဉက္ကဌ  ဖြစ်သည့်  ဦးညီပလုပ် အား ပါတီ၏ ယာယီဥက္ကဌအဖြစ် ခန့်အပ်တာဝန်ပေးကြောင်းပါတီမှ ထုတ်ပြန်ထားသည်။ ဦးဆိုင်ပေါင်းနပ် ပါတီဥက္ကဌရာထူးမှ နှုတ်ထွက်သွားပြီးနောက် လစ်လပ်နေသည့် ပါတီ၏ ဥက္ကဌနေရာ အတွက် "ဝ" အမျိုးသားပါတီ မှ ဗဟိုကော်မတီဝင်များသည် သြဂုတ်လ ၂၀...

ကျားခေါင်းပါတီနှင့် ကြံ့ခိုင်ရေးပါတီ မဟာမိတ် စာချုပ်ချုပ်ဆိုသည့် သတင်းတုများထွက်ပေါ်လာ

0
ကျားခေါင်းပါတီနှင့် ကြံ့ခိုင်ရေးပါတီ တို့မဟာမိတ်အဖြစ် ပူးပေါင်းစာချုပ်ချုပ်ဆို ဆိုသည့် သတင်းမှား၊ သတင်းတု သည် ရွေးကောက်ပွဲ မတိုင်ခင် တရက်အလို တွင် လူမှုကွန်ရက်စာမျက်နှာ ပျံ့နှံလာသည်ကိုတွေ့ရသည်။ နိုဝင်ဘာ ၇ ရက် ယနေ့ နံနက်ပိုင်းကစပြီး ပျံ့နှံနေသော အဆိုပါ သတင်းတု၊သတင်းမှားသည် ကျားခေါင်းပါတီ ဟုလူသိများသည် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ...