ကိုဗစ်-၁၉ မြင့်တက်မှုကြောင့် စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့်သာ ရောင်းချ

0

မြန်မာနိုင်ငံ တွင် ကိုဗစ် -၁၉ ကူးစက်မှုနှုန်းမြင့်တက်လာသည့်အတွက် သျှမ်းပြည် တဝှမ်း ရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များကို Take away (ပါဆယ်) စနစ်ဖြင့် ရောင်းချရန် ကြေညာချက်ထုတ်ခဲ့သည်။


ထိုကြေညာချက်သည် စက်တင်ဘာ ၂၃ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး၊ ထိုထုတ်ပြန်ချက်သည် သျှမ်းပြည်တဝှမ်းရှိ မြို့ များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများပါ လိုက်နာရန် ညွှန်ကြားထားကြောင်း သိရသည်။


အဆိုပါ ထုတ်ပြန်ချက် နှင့် ပတ်သက်ပြီး တချို့ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ သိရှိမှု မသိသေးသဖြင့် လိုက်နာရန် မရှိသေးကြောင်း စားသောက်ဆိုင် ပိုင်ရှင် တချို့ ထံသိရသည်။


“ဘယ်နေ့ ကနေစလုပ်ရမလဲဆိုတာ မသိသေးဘူး။ စည်ပင်တွေကတော့ ည ၄ နာရီဆိုပိတ်ရမယ်လို့တော့ လာပြောထားတယ်။ အဲတာလာပြောတာလဲ ၁ လလောက်ရှိနေပြီ။ ပါဆယ် လုပ်ရောင်းဖို့ ပြောတာကတော့ မသိရသေးဘူး” ဟု ပင်လုံမြို့စားသောက်ဆိုင်ပိုင်ရှင် ပါ့အောင်က သျှမ်းသံတော်ဆင့် ကိုပြောသည်။


လက်ရှိ ကာလသည် ကျန်းမာရေး ဝန်ကြီးဌာန မှ ညွှန်ကြားမှုကို လိုက်နာမှသာလျှင် အကောင်းဆုံးအချိန်ဖြစ်သည့် အတွက် ဝင်ငွေ ထိခိုက်မှုရှိသော်လည်း စည်းကမ်းချက်ကို လိုက်နာသွားမည် ဖြစ်ကြောင်းလည်း ပါ့အောင် က ပြောသည်။


“ ကျန်းမာရေး အတွက်ဆိုတော့ လိုက်နာရမယ်လေ။ ဒါပေမယ့် အခုတော့ပါဆယ်စနစ်ရောင်းတဲ့ကိစ္စ သေချာမသိသေးဘူး။ ကိုဗစ် ၁၉ စဖြစ်ကတည်းဘဲ။ ပါဆယ်စနစ်ဖြင့် ရောင်းရမယ်ဆိုရင်လည်း ကောင်းပါတယ်” ဟု ပါ့အောင်က ထပ်လောင်းပြောသည်။


ယခု အချိန်ကာလသည် မိမိမှ စတင်ကာကွယ်ရမည့် အချိန်ဖြစ်သဖြင့် ကျန်းမာရေး ထုတ်ပြန်ချက်ကို စနစ်တကျ လိုက်နာပြီး ရောင်းချရန် လိုအပ်ကြောင်း၊ ပါဆယ်စနစ်ဖြင့် ရောင်းချခြင်းသည် အခက်အခဲများစွာ ရှိသော်လည်း စားဝတ်နေရေး အတွက် ဆိုင်ပိတ်ရန် လည်း အဆင်မပြေကြောင်း ဆိုင်ရှင်များ က ပြောသည်။

“ ကျမတို့ဆိုင်က အများကတော့ ကားသမားတွေဘဲ လာဝယ်စားတာများတယ်။ မြို့ထဲကတော့ လာဝယ်တယ်သိပ်မရှိဘူး။ စီးပွားရေး မှာတော့ ထိခိုက်မှုတွေရှိတယ်။ ကိုဗစ် ၁၉ ကာလမှာတော့ အခက်ခဲများစွာ ရှိတယ်” ဟု လားရှိုးမြို့တွင် စားသောက်ဆိုင် ဖွင့်သည့် နန်းဟွမ်လှိုင်း က ပြောသည်။


ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန်မှ စပြီး ဈေးရောင်းမှု ကျဆင်းခဲ့ကြောင်း၊ဆိုင်းသို့ လာရောက် စားသုံးသူများနည်းပါးကြောင်း၊ ပါဆယ်ဖြင့်အနည်းငယ်သာ ရောင်းချရကြောင်းလည်း သိရသည်။


“ ထုတ်ပြန်ချက်တော့ တွေ့တယ်။ ကျမဆိုင်ကတော့ ပါဆယ်နဲပ ဘဲ ရောင်းတယ်။ ဆိုင်ထိုင်စားတာ သိပ်မရှိဘူး။ မနက်ဖန် ကစပြီးတော့ တရားဝင် ပါဆယ်စနစ်နဲ့ပဲရောင်းတော့မယ်” ဟု တောင်ကြီး စားသောက်ဆိုင် ဖွင့်ထားသည့် ပါ့အီ က ပြောသည်။


ကိုဗစ်-၁၉ ဒုတိယလှိုင်းကြောင့် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင် ရောင်းအားကျဆင်းပြီး၊ လက်ရှိမှာ ပြည်သူများ နေအိမ်တွင်သာနေထိုင်ပြီး၊ အလုပ်လုပ်ကြရန်လည်း သက်ဆိုင်ရာ က ထုတ်ပြန်ခဲ့သည်။


ထို့ပြင် ခရီးသွားလာမှုကိုလည်း ပိတ်ပင်ထားပြီး၊ အရေးပေါ် ခရီးသွားလာပါက ထောက်ခံစာများဖြင့်သာ သွားရန် လည်း တိုက်တွန်းထားကြောင်းသိရသည်။


မြန်မာနိုင်ငံသည် ကိုဗစ် -၁၉ အတည်ပြုလူနာ (၈၅၁၅) ရှိပြီး သေဆုံးသူ (၁၇၂)ဦးထိ မြင့်တက် လာကြောင်း ကျန်မားရေးနှင့် အားကစားဝန်ကြီး ဌာနထုတ်ပြန်ချက် အရ သိရသည်။

အလုပ်သင် သတင်းထောက် စိုင်းဆိုင်လှိုင်းရေးသားသည်။

Leave a Comments

SHARE