တောင်ကြီး တွင် မန္တလေးမှ ပြန်လာသည့် အမျိုးသမီးထံ ကိုဗစ်-၁၉ တွေ့

0

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁ဦး တွေ့ရှိကြောင်း ယနေ့(စက်တင်ဘာ ၂၅)ရက် ည ၈နာရီ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရသိရသည်။

Photo by SHAN

ယနေ့ ည (၈)နာရီ တွင် ကိုဗစ်-၁၉ လူနာ ၂ဦး ထပ်မံ သေဆုံးခဲ့ပြီး၊ အတည်ပြုလူနာ (၅၉၈)ဦးထဲတွင် တောင်ကြီးတဦးပါဝင်ကြောင်း ထုတ်ပြန်ချက် တွင် ရေးသားထားသည်။

အဆိုပါ တောင်ကြီး ကိုဗစ်-၁၉ လူနာသည် မန္တလေးမြို့ မှ ပြန်လာသည့်သူဖြစ်ပြီး၊ ညောင်ရွှေတွင် Quarantine ဝင်နေသည့် အသက် ၂၈နှစ် အရွယ် အမျိုးသမီး တဦးဖြစ်ကြောင်း သိရသည်။

လက်ရှိ ကျန်းမာရေး အခြေအနေ အရ ကောင်းမွန်နေကြောင်း ထို အမျိုးသမီး နှင့်အတူ လိုက်ပါလာသည့် ခရီးသည် ၄ဦး၊ ယာဉ်မောင်း ၁ဦး တို့ လည်း Quarantine ဝင်နေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ လူနာ စုစုပေါင်း (၉၁၁၂)ဦးနှင့် သေဆုံးသူ စုစုပေါင်း (၁၇၄) ဦး ထိမြင့်တက်လာကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ၏ ထုတ်ပြန်ချက် အရသိရသည်။

Leave a Comments

SHARE