PNO ပါတီ မဲဆွယ်လှည့်လည့်ရာတွင် လူ ၅၀ ထက်ပို

သျှမ်းပြည် တောင်ပိုင်းတောင်ကြီးမြို့တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ပါတီ သည် ယနေ့ (စက်တင်ဘာ ၂၄) ရက် မနက်ပိုင်းတွင် မဲဆွယ်လှည့်လည်ရာ၌ မထင်မှတ်ဘဲ လူအင်အားများခဲ့ကြောင်း စုံစမ်းသိရသည်။

PNO မဲဆွယ်လှည့်လည်ရာတွင် ကား (၁၀) စီး နှင့် ဆိုင်ကယ် (၁၀) စီး တို့ဖြင့်လှည်သွားမည်ဟု ခွင့်တောင်းထားသော်လည်း မထင်မှတ်ဘဲ လူအင်းအား များသွားသည်ဟု (PNO) ဗဟို အလုပ်မှူဆောင်အဖွဲ့ဝင်ရုံးအဖွဲ့မှူး ဦးစောခွန်ကျော်ဝင်း ကပြောသည်။


“ကျနော်တို့ အသိပေးထားတာလဲမရှိဘူး။ ဒါပေမဲ့ ဒီနေ့မနက်မှာတော့ မထင်မှတ်ဘဲ လူအင်းအားကတော့ များလာတာ။ ကျတော်ကတော့ အကုန်မမြင်လိုက်ဘူး။ ကျနော်အထင်တော့ ကားအစီး (၆၀) ကျော်၊ ဆိုင်ကယ် (၁၀၀) ဝန်ကျင်းလောက်ရှိသွားသည်” ဟု ဦးစောခွန်ကျော် က သျှမ်းသံတော်ဆင့် ကိုပြောသည်။


မြန်မာနိုင်ငံတွင် တနေ့ထက် တနေ့ကိုဗစ်ကူးစက်မှု၊ သေဆုံးမှု နှုန်းမြင့်တက်လာပြီး၊ ယနေ့ အချိန်ထိ ကိုဗစ်-၁၉ ကူးစက်ခံရသူ စုစုပေါင်း (၇၈၂၇ ) နှင့် သေဆုံးသူဦးရေ စုစုပေါင်း (၁၃၃)ဦးရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက် အရ သိရသည်။


ထို့ကြောင့် ကျန်မားရေးဝန်ကြီးဌာန ထုတ်ပြန်ချက် လူ (၅၀) ထက်မပိုရ ဟု ထုတ်ပြန်ထားပြီး၊မဲဆွယ်စည်းရုံးရေး ပြုလုပ်ရာတွင် ကျန်းမာရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်ကို လိုက်နာရမည် ဟု လည် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က ပြောဆိုထားသည်။


အဆိုပါ မဲဆွယ်ရာတွင် လူအင်းအားများသည့်အပေါ်တွင် ကျန်မားရေးအတွက် စိုးရိမ်မှု သိပ်မရှိ ထားကြောင်းလည်း PNO ကပြောသည်။


“ကျနော်တို့ သက်နိုင်သလောက်တော့ လူစုလူဝေး မလုပ်ချင်ဘူး။ ကျနော်တို့လူမှူကွန်ယက်မှာ ကြည့်တဲ့အခါ များတယ်လို့ထင်တယ်ဆိုပေ့မဲ့ ကျနော် လက်လှမ်းမြင်သလောက်တော့ လူတွေ အုပ်စုဖွဲ့ ပြီးေတော့နေတာတော့မတွေ့ဘူး” ဟု ဦးစောခွန်ကျော်ဝင်း ဆက်လက် ပြောသည်။


ထို့သို့မဲဆွယ်စည်းရုံး ခရီးစဉ် စ၊ အဆုံး ကို ကြည့်ပါက ဆိုင်ကယ်စီးသူများကို နှာခေါင်းစည်းတပ်ခိုင်းထားကြောင်း၊ ဆိုင်ကယ်၊ ကားပေါ်မှ မဆင်းကြရန် ပြောဆိုထားကြောင်းလည်း ဦးစောခွန်ကျော်ဝင်း က ပြောသည်။

“ သူတွေကို နှာခေါင်းစည်း တွေတပ်ခိုင်းထားတယ်။၊ ဆိုင်ကယ်ပေါ်ကနေလည်း မဆင်းနဲ့ ကားပေါ်ကနေလဲမဆင်းနဲ့လို့ပြောထားတယ်။ ဒါက ရောဂါကို ကာကွယ်နိုင်မယ်လို့ ကျတော်တို့ ယုံကြည်တယ်” ဟု ဦးစောခွန်ကျော်ဝင်း က ထပ်လောင်းပြောသည်။


လာမည် ၂၀၂၀ ရွှေးကောက်ပွဲတွင် ပအိုဝ်းအမျိုးသားအဖွဲချုပ် (PNO) ပါတီ သည် မဲဆန္ဒနယ် ပေါင်း (၂၈) ဝင်ရောက်ယဉ်ပြိုင်သွားမည်ဟု သိရသည်။


တောင်ကြီးမြို့နယ်တွင် (PNO) ပါတီသည် ပြည်သူလွှတ်တော် ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁) နှင့် အမှတ်(၂) စသည် (၃) နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်သွား မည်ဟုသိရသည်။

အလုပ်သင် သတင်းထောက် စိုင်းဆိုင်လှိုင်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...

တောင်ကြီး လမ်းဘေးစျေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ မြို့မဈေးအနီးရှိ လမ်းဘေးဈေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်းသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်တွင် တောင်ကြီးမြို့ နံနက်ခင်းဈေးတခုတွင် လမ်းဘေးဈေးသည်များကို “ဈေးမသိမ်း”ဟူသော အကြောင်းပြချက်ဖြင့် စည်ပင်များကို ဝင်ရောက်ရိုက်နှက်ကာ ပစ္စည်းများကို သိမ်းဆည်းကာ ကားပေါ်တင်သွားကြောင်း သိရသည်။ အဆိုပါ...