Sunday, February 8, 2026

CATEGORY

သတင်း

သျှမ်းတောင် ကိုဗစ် ဓာတ်ခွဲနမူနာ စစ်ဆေးသူ ၄၇၀ ရှိ

သျှမ်းပြည်တောင်ပိုင်း တွင် ကိုဗစ်-၁၉ ဓါတ်ခွဲနမူနာ စစ်ဆေးရန်အတွက် အသွားအလာ ကန့်သတ်ထားသူ (၄၇၀) ခန့်ကို ရန်ကုန်အမျိုးသား ကျန်းမာရေး ဓါတ်ခွဲဌာန (NHL) သို့ ပို့ဆောင် စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။ ယနေ့ ဇွန် (၁၈) ရက် ည ပိုင်း  NHL...

တောင်ကြီး ကိုဗစ် လူနာအမှတ် ၂၃၀ ပထမကြိမ် Negative ဖြစ်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီး ကိုဗစ်-၁၉ အတည်ပြု လူနာ အမှတ် (၂၃၀) တွင် ပထမအကြိမ် Negative ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ လူနာ အမှတ် (၂၃၀) သည် စဝ်စံထွန်းဆေးရုံမှာ တက်ရောက်ဆေးကုသနေပြီး ယနေ့ နံနက်တွင် ပထမအကြိမ် ဓါတ်ခွဲအဖြေ Negative ဖြစ်ကြောင်း...

ကွတ်ခိုင် ရွာသား ၅ ဦး တပ်မတော်မှ လမ်းပြ အဖြစ်ခေါ်ဆောင်သွား

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်း ယနေ့ မနက် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားပြီး ရွာသား ၅ ဦးကို တပ်မတော်မှ လမ်းပြအဖြစ်ခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ အစိုးရ တပ်မတော်မှလမ်းပြအဖြစ်ခေါ်ဆောင်သွားသည့် အမျိုးသား ၅ ဦးထဲမှ ၃ ဦးသည် ကွတ်ခိုင်မြို့နယ် နောင်ဟွယ် ကျေးရွာတွင်နေထိုင်သူများဖြစ်ပြီး...

ကျိုင်းတုံတွင် ကိုဗစ် စောင့်ကြည့်သံသယလူနာ ၄ဦးရှိ

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံပြည်သူ့ဆေးရုံမှာ ကိုဗစ် - ၁၉ စောင့်ကြည့် သံသယ လူနာ ၄ ဦး ရှိကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ ကိုဗစ်-၁၉ စောင့်ကြည့် သံသယ လူနာ (၄)ဦးတွင် အမျိုသား (၃) ဦး နှင့် အမျိုးသမီး (၁) ဦးဖြစ်ပြီး...

လာမည့် လွှတ်တော်တွင် ၅၈ နေရာ ရရှိမည်ဟု SNDP ခန့်မှန်း

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ( SNDP) အနေဖြင့် လွှတ်တော်တွင် ၅၈ နေရာခန့်မှန်းထားကြောင်း SNDP ဥက္ကဌ ဦးစိုင်းအိုက်ပေါင်း က ပြောကြားလိုက်သည်။ “ကျနော်တို့ အရင်က ၅၈ ယောက် နိုင်ဖူးတယ်လေ။ အခုလဲ အဲ့လောက် မှန်းထားတာပေါ့” ဟု...

ပင်လုံတွင် ထိုင်းပြန် ရွှေ့ပြောင်းအလုပ်သမား ၈၀ရောက်ရှိ

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ပင်လုံမြို့နယ်တွင် ထိုင်းမှ ပြန်လာသည့် ရွှေ့ပြောင်းအလုပ်သမား ၈၀ကျော် ရှိကြောင်း စုံစမ်းသိရသည်။   အဆိုပါ ထိုင်းမှ ပြန်လာသည့် ရွှေ့ပြောင်းအလုပ်သမားများသည် ကရင်ပြည်နယ်မြဝတီ ဘက်မှ တဆင့် ပြန်လည်ဝင်ရောက်လာသူများဖြစ်သည်။ ထိုရွှေ့ပြောင်းအလုပ်သမားများသည် ယနေ့(ဇွန် ၁၇)ရက်တွင် ပင်လုံမြို့နယ် သို့ ရွှေ့ပြောင်းအလုပ်သမား ၄၀ဦး ပြန်ရောက်လာပြီး၊ ဇွန်...

ကိုဗစ် ကာကွယ်ထိန်းချုပ် ကုသရန် အစိုးရ မှ RCSS/SSAကို ထပ်မံ ကူညီထောက်ပံ့မည် ဟုဆို

ကိုဗစ်-၁၉ ကာလအတွင်း ထိန်းချုပ်ရေး ၊ကုသရေး နှင့် ပတ်သတ်ပြီး အစိုးရ အဖွဲ့ မှ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော်ကို ထပ်မံ ကူညီထောက်ပံ့သွားမည် ဟုစုံစမ်းသိရသည်။ ဇွန် လ ၁၆ ရက် နေ့လည် ပိုင်းက RCSS/SSA ကိုယ်စားလှယ်နှင့် အစိုးရ ကိုယ်စားလှယ်တို့...

ကွတ်ခိုင်တိုက်ပွဲကြား ပိတ်မိနေသည့် တောင်ယာသမားများ အတွက်စိုးရိမ်

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်း တိုက်ပွဲများပြန်လည်ဖြစ်ပွားသဖြင့် တောင်ယာသွားရောက် အလုပ်လုပ်ကိုင်သူများ ပိတ်မိနေမည်ကို စိုးရိမ်ကြောင်း စုံစမ်းသိရသည်။ ကွတ်ခိုင်မြို့နယ် ကာလိုင်၊ နောင်ဖန်း ကျေးရွာ အနီးတွင် ဇွန်လ ၁၆ ရက် ယမန်နေ့ညနေပိုင်း တွင်တကြိမ်၊ ယနေ့ မနက်တွင် တကြိမ် တိုက်ပွဲဖြစ်ပွားကာ ထိုအနီးပတ်ဝန်းကျင်သို့...

ကိုဗစ်ကာလ ရွေးကောက်ပွဲကျင်းပရင် ဘာတွေ ရင်ဆိုင်ကြုံတွေ့ရမလဲ

လာမည့် နိုဝင်ဘာလ မှာ ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေကြပါတယ်။ ။ ထိုကျင်းပမယ့် ရွေးကောက်ပွဲက ကိုဗစ်-၁၉ တားဆီး ကာကွယ် ထိန်းချုပ် တဲ့ကာလ အတွင်း လည်းဖြစ်နေပါတယ်။ ဒါ့ကြောင့်၂၀၂၀ နိုဝင်ဘာလ မှာ ရွေးကောက်ပွဲ တကယ်ကျင်းပမယ်ဆိုရင် တိုင်းရင်းသားဒေသ အထူးသဖြင့် သျှမ်ပြည်မှာ...

နောင်ချို ဂုတ်တွင်း ကားတစီး ချောက်ထဲကျ ၃ ဦးသေ

သျှမ်းပြည် မြောက်ပိုင်း နောင်ချိုမြို့နယ် ဂုတ်တွင်း တွင် ယနေ့ မနက် ၃ နာရီ ကျော်က ခရီးသည် တင်ယာဉ် express ကားတစီး ချောက်ထဲသို့ထိုးကျကာ ယာဉ်မောင်းတဦး နှင့် ခရီးသည် ၂ ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ “ ယာဉ်မောင်းနဲ့အမျိုးသားတဦးကတော့ ဖြစ်တဲ့နေရာမှာ...

Latest news