မူဆယ်တွင် မဲဆန္ဒရှင် စာရင်းမပါဝင်သည့် (၁၀)ဦး မဲပေးခွင့်ပြု

သျှမ်းပြည်မြောက်ပိုင်းမူဆယ်မြို့ ဟိုမွန်ရပ်ကွက် မဲရုံ အမှတ်(၁)မှာ မဲစာရင်းမပါသည့် (၁၀)ဦးကို မဲပေးခွင့်ပြုခဲ့ကြောင်း စုံစမ်းသိရသည်။

မူဆယ်မြို့ ဟိုမွန်ရပ်ကွက် တွင် မဲရုံပိတ်ခါနီးအချိန်တွင် မဲပေးရန် စာရင်းထဲမပါဝင်သည့် ဟိုမွန်ရပ်ကွက်နေထိုင်သည့် (၁၀)ဦးကို မဲပေးခွင့်ပြုခဲ့ကြောင်း မူဆယ်ရွေးကောက်ပွဲစောင့်ကြည့်နေသည့် သူများထံသိရသည်။

“ မဲရုံ ပိတ်သိမ်းချိန်မဲရုံမှူးနဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေ နားလည်မှုလွှဲပြီး မဲဆန္ဒရှင်စာရင်းမှာ မပါရှိတဲ့ ဟိုမွန်ရပ်ကွက်သား(၁၀)ဦးကို မဲပေးခွင့်ပြုခဲ့ပါတယ်” ဟု မူဆယ်ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် စိုင်းလောဝ်လျန်း က ပြောသည်။

အဆိုပါ မဲဆန္ဒရှင်မပါသည့် ပြည်သူ(၁၀)ဦး မဲပေးခွင့်ပြုသည့်အပေါ် ပါတီ(၈)ခုကို ခေါ်ယူညှိနှိုင်းဆွေးနွေးရာ ပါတီ (၇)ခု မှ ရွေးကောက်ပွဲဆိုင်ရာနည်းဥပဒေအရ အရေးယူရန်တောင်းဆိုထားကြောင်းလည်း စိုင်းလောဝ်လျန်းက ပြောသည်။

ထို့အပြင် မူဆယ်မြို့ ဈေးရပ်ကွက် ရှိ မဲရုံသို့ မဲသွားပေးသူတဦး မဲစာရွက်ဖြဲသည့်ကိစ္စ ရွေးကောက်ပွဲ ကော်မရှင်ထံ မရောက်ရှိလာသေးသဖြင့် မသိရှိရသေးကြောင်းလည်း စိုင်းလောဝ်လျန်း ကပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ် နဂါးနှစ်ကောာင် KTV မီးလောင် ၄ ဦးထိခိုက်ဒဏ်ရာရ

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ ဆင်ဖြူပေါက်အနီးရှိ နဂါးနှစ်ကောင် KTV မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယနေ့ (ဇွန်လ ၁၉ ရက်) မနက် ၉ နာရီခန့်တွင် တရုတ်-မြန်မာ မူဆယ်မြို့ဘက်ခြမ်း ဆင်ဖြူပေါက်အနီးရှိ နဂါးနှစ်ကောင် KTV ၌ မီးလောင်မှု...

မူဆယ်မြို့ ကျားဖြန့် လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် (၂၈) ဦး ထပ်မံဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင်း၊ မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်) လုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသား အပါအဝင် (၂၈) ဦး ထပ်မံဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မေလ ၂၈ ရက်) ညနေ ၃ နာရီခွဲ မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် သတင်းအရ ဝင်ရောက်ရှာဖွေခြင်းကြောင့် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်)...

မြန်မာနိုင်ငံ စစ်ရေးပဋိပက္ခနှင့် စီးပွားရေး ပြိုလဲမှုကြား အမျိုးသမီးများကို တရုတ်မယားအဖြစ် ရောင်းစားမှု မြင့်တက်လာ

0
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများနှင့် စီးပွားရေးပြိုလဲမှုများကြောင့် အမျိုးသမီးများအား တရုတ်မယားအဖြစ် ရောင်းစားသည့် လူကုန်ကူးမှုများ မြင့်တက်လာနေကြောင်း ကချင်အမျိုးသမီးအစည်းအရုံး (KWAT) က ပြောဆိုလိုက်သည်။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် နောက်ပိုင်း လူကုန်ကူးမှုပုံစံများ ပြောင်းလဲလာနေပြီး ယခင်က နယ်စပ်ဒေသတွင်သာ အဖြစ်များခဲ့သည့် တရုတ်မယားအဖြစ် ရောင်းစားခံရမှုမှာ ယခုအခါ...

မူဆယ်မြို့  ကျားဖြန့်သမားများ ဟန်ပြထပ်မံဖမ်းဆီးနေ  

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်) လုပ်ငန်းများ လုပ်ကိုင်နေသည့် နေရာများကို ဝင်ရောက် နိမ်နင်းဖမ်းဆီးခဲ့ကြောင်း စစ်ကော်မရှင်က သတင်းထုတ်ပြန်သည်။ အဆိုပါ ဖမ်းဆီးရမိသည့်နေရာသည် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းမှ တရုတ်နိုင်ငံသား အမျိုးသား ၄ ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသား ၂၅...

နမ့်ခမ်းမြို့ထဲ ပြန်လည်ဝင်ရောက်ရန် Non-CDM များကို စစ်အစိုးရ အသင့်ပြင်ခိုင်းထားဟုဆို

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်ရှိ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများတွင် တာဝန်ပြန်လည် ထမ်းဆောင်နိုင်ရန် မူဆယ်မြို့ဘက်ရှိ Non-CDM ဝန်ထမ်းများကို အသိပေး ပြင်ဆင်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ထဲသို့ ပြန်လည်ဝင်ရောက်၍ အုပ်ချုပ်ရေးယန္တရား လည်ပတ်ရန် စစ်ကော်မရှင် အသွင်ပြောင်း စစ်အစိုးရမှ မူဆယ်နှင့်...