Sunday, May 5, 2024

ဆီဆိုင်မြို့နယ် တွင် PNO မှ အပြတ်အသတ် အနိုင်ရ

Must read

သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ် မဲဆန္ဒနယ် အားလုံး တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO)အပြတ်သတ် အနိုင်ရရှိသွားကြောင်း စုံစမ်းသိရသည်။

ဆီဆိုင်မြို့နယ် အမျိုသားလွှတ်တော် နေရာတွင် PNOပါတီ မှ ခွန်အောင်ကျော် သည် မဲရရှိမှု (၄၈၇၅၀)ဖြင့် အနိုင်ရရှိခဲ့ကာ ၊ ပြည်သူ့လွှတ်တော်နေရာတွင် PNOပါတီမှ ခွန်ထိုင်းသည် မဲရရှိမှု (၄၆၈၁၈)ဖြင် အနိုင်ရရှိခဲ့ကြောင်းသိရသည်။

ထို့အပြင် ဆီဆိုင်မြို့နယ် ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁)နေရာကို PNO မှ ဦးဝင်းမင်းသိန်း က မဲရရှိမှု (၂၀၄၇၂) ဖြင့်အနိုင်ရရှိကာ၊ ပြည်နယ်မဲဆန္ဒနယ် အမှတ်(၂) နေရာတွင်လည်း PNO မှ ဦးခွန်သန်းထူး က (၂၅၁၉ ၇)ဖြင့် အနိုင်ရရှိသွားသည်။

ထို့ကြောင့် ဆီဆိုင်မြို့နယ် မဲဆန္ဒနယ် အားလုံးကို PNO မှ အနိုင်ရရှိသွားကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article