Tuesday, January 27, 2026

မဲရုံ ပိတ်ရန် တစ်နာရီအလို မဲပေးရမည့် ပြည်သူများထောင်ချီကျန်ရှိနေသေး

တောင်ကြီးမြို့ ၊ သစ်တောရပ်ကွက် တွင် ဆန္ဒမဲထည့်ရန် လူဦးရေ တစ်ထောင်ကျော် ကျန်ရှိနေသေးသည့် အတွက် ရပ်ကွက်အတွင်း ကားများဖြင့် လည့်လည်ဆော်ဪ နေကြောင်းသိရသည် ။

“ မနက် ၅ နာရီကတည်းက ပြည်သူလူထုတွေက စိတ်ဝင်တစားနဲ့ မဲပေးဖို့ မဲရုံမှာ လာ စောင့် နေကြပါတယ်။ လက်ရှိ အချိန်အထိ တစ်ထောင်ကျော်ကျန်တယ် ” ဟု ရပ်ကျေးကော်မရှင်အဖွဲ့ခွဲ မှ အ.ထ.က (၁) မဲရုံအတွင်းတာဝန်ရှိသူ ဦးနှင်းထွေးအောင်ကပြောသည် ။

သစ်တောရပ်ကွက်အနေဖြင့် မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်း အရ လူဦးရေ ငါးထောင်ကျော်ရှိပြီး ကြိုတင်မဲ ၂ ထောင်ကျော်ပေးပြီးကာ နိုဝင်ဘာ(၈) ရက်နေ့ မနက်ပိုင်းတွင် နှစ်ထောင်ကျော် မဲပေးပြီးဖြစ်၍မွန်းလွဲ ၃ နာရီအထိလူတစ်ထောင် ကျော်ကျန်ရှိနေသည်ဟု သိရသည် ။

ညနေ ၄ နာရီမတိုင်ခင် ကျန်ရှိနေသည့် လူဦးရေ အရ ဆက်လက်မဲပေးနိုင်ရန် အချိန်လုံလောက် ကြောင်းနှင့် ၄ နာရီထိုးပါက ဝန်းတံခါးကိုသာ ပိတ်ထားမည်ဖြစ်ပြီး မဲရုံထဲ ရှိ ပြည်သူများအနေနှင့် ဆက်လက် ဆန္ဒမဲ ထည့် နိုင်ကြောင်း ဦးနှင်းထွေးအောင်က ကပြောသည် ။

သစ်တောရပ်ကွက်အတွင်းရှိပြည်သူများအနေနှင့် အ.ထ.က (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် မဲရုံ (၃) ရုံထားရှိ၍ ဆန္ဒမဲပေးရမည်ဖြစ်သည် ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံမြို့နယ် ‌မဲရုံများတွင် လုံခြုံရေးယူရန် စစ်တပ်နှင့် PNO အင်အားဖြည့်

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်တွင် ကျေးရွာဘက်ရှိ မဲရုံများ၌ လုံခြုံရေးယူရန် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်ထားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၇ ရက်မှ စတင်ပြီး ရွာငံမြို့နယ်နှင့် အနီးတစ်ဝိုက် ရွေးကောက်ပွဲကျင်းပမည့် ကျေးရွာများတွင် စစ်ကော်မရှင်တပ်နှင့် ၎င်း၏လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့က လုံခြုံရေး တင်းကြပ်နေပြီး...

ဟိုပုံးတွင် ကျန်းမာရေးမကောင်းသူကို စစ်တပ်စာရင်းကောက်ခံ၊ ဆန္ဒမပါဘဲ ကိုယ်စား မဲသွားထည့်မည်ကို စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်တွင် နေထိုင်သည့် ကျန်းမာရေးမကောင်းသူ စာရင်းများကို စစ်တပ်လက်အောက်ခံ ရဲနှင့် အုပ်ချုပ်ရေးမှူးများက စာရင်းလိုက်လံ ကောက်ယူနေပြီး ပြည်သူ့ ဆန္ဒမပါဘဲ ကိုယ်စားမဲထည့်မည်ကို စိုးရိမ်နေကြောင်း သတင်းရရှိသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စစ်ကော်မရှင် စတင်ကျင်းပနေသည့် ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ...

ကိုဗစ်ကာကွယ်ပြင်ဆင်မှုနှင့် အလေ့ကျ မဲပေးခွင့်ပြုမှုနေရသဖြင့် မဲရုံ နောက်ကျဖွင့်ခြင်းမဟုတ်ဟု မဲရုံမှူးပြော

0
၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲနေ့က မဲရုံအတွင်းဝင်ရန်နောက်ကျခဲ့ကြောင်း မဲဆန္ဒရှင်များ ပြောဆိုချက်နှင့်ပတ်သက်ပြီး အချိန်မှီမဲရုံဖွင့်လှစ်ပေးခဲ့သော်လည်း ကိုဗစ်ထိန်းချုပ်ကာကွယ်ရေးအတွက် အပူချိန်တိုင်းတာ စစ်ဆေးခြင်း ပြင်ဆင်မှုများကြောင့် ဖြစ်ကြောင်း မဲရုံမှူးကပြောဆိုသည်။ ယခုနှစ် ရွေးကောက်ပွဲကာလသည် ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားနေသည့် အချိန်ကာလလည်းဖြစ်သည်။ သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ် နောင်လေကျေးရွာအုပ်စု ရှိ မဲရုံတွင် နိုဝင်ဘာလ ၈ ရက်က...

သီပေါကျေးလက်တချို့တွင် မဲဆန္ဒရှင်များ Social Distancing မလုပ်နိုင်

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း ကျေးလက်တချို့ ရှိ မဲရုံများ ၌ မဲဆန္ဒရှင်ကျေးလက်လူထု ပြည့်ကျပ်တို၀ှေ့ကာ  ၃ ပေ ၆ပေအကွာ မခြားနိုင်ခဲ့ကြကြောင်းသိရသည်။ သီပေါမြို့နယ် နားမခေါ်အုပ်စုရှိ နားမခေါ်ရွာ မဲရုံ ၁၀၁၊ ၁၀၂ နှင့် နမ့်လန် ကောင်းလန်းရွာ မဲရုံအမှတ် ၇ တို့တွင် မဲဆန္ဒရှင်များ...

ကွတ်ခိုင်မြို့တွင် အစ်ကိုအစား အသက်မပြည့်သေးသည့် ညီဖြစ်သူမှ မဲသွားပေး

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် အစ်ကိုဖြစ်သူ ခရီးလွန်သဖြင့် အသက်မပြည့်သည့် ညီဖြစ်သူက အကို ဖြစ်သူကိုယ်စား မဲသွားပေးခဲ့သည်ဟု ဒေသအတွင်းသတင်းရပ်ကွက်မှ သိရသည်။ ကွတ်ခိုင်မြို့ အမှတ် ၇ ရပ်ကွက် မဲရုံ ၂ တွင် မြန်မာနိုင်ငံသား မှတ်ပုံတင်ကိုင်ဆောင်ထားသူ တရုတ် အမျိုးသားတဉီးက ခရီးလွန်သဖြင့် အသက် ၁၅...