Tuesday, January 27, 2026

ကိုဗစ်ကာကွယ်ပြင်ဆင်မှုနှင့် အလေ့ကျ မဲပေးခွင့်ပြုမှုနေရသဖြင့် မဲရုံ နောက်ကျဖွင့်ခြင်းမဟုတ်ဟု မဲရုံမှူးပြော

၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲနေ့က မဲရုံအတွင်းဝင်ရန်နောက်ကျခဲ့ကြောင်း မဲဆန္ဒရှင်များ ပြောဆိုချက်နှင့်ပတ်သက်ပြီး အချိန်မှီမဲရုံဖွင့်လှစ်ပေးခဲ့သော်လည်း ကိုဗစ်ထိန်းချုပ်ကာကွယ်ရေးအတွက် အပူချိန်တိုင်းတာ စစ်ဆေးခြင်း ပြင်ဆင်မှုများကြောင့် ဖြစ်ကြောင်း မဲရုံမှူးကပြောဆိုသည်။

ယခုနှစ် ရွေးကောက်ပွဲကာလသည် ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားနေသည့် အချိန်ကာလလည်းဖြစ်သည်။

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ် နောင်လေကျေးရွာအုပ်စု ရှိ မဲရုံတွင် နိုဝင်ဘာလ ၈ ရက်က နံနက် ၆ နာရီအချိန် စတင်မဲပေးနိုင်ကြောင်းကြေညာထားသော်လည်း ၆ နာရီခွဲမှ မဲရုံဖွင့်သည်ဟု အဆိုပါနေ့က မဲရုံရှေ့ရောက်နေသော မဲဆန္ဒရှင်များက သျှမ်းသံတော်ဆင်သတင်းဌာနမှ တိုက်ရိုက်ထုတ်လွှင့်နေစဉ် ပြောဆိုခဲ့သည်။


ထိုကိစ္စနှင့်ပတ်သက်ပြီး နောင်လေကျေးရွာအုပ်စုရှိ မဲရုံမှ မဲရုံမှူး ဒေါ်မြင့်မြင့်ဌေး က နံနက် ၆ နာရီမတိုင်ခင် မဲရုံဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်း သျှမ်းသံတော်ဆင့်အား နိုဝင်ဘာလ ၁၂ ရက် ယနေ့မနက်ပိုင်းကပြောဆိုသည်။

“ကျမတို့မဲရုံက ၆ နာရီမှာ စဖွင့်ပါတယ်။ မဲရုံကို အချိန်နဲ့ တပြေးညီဖွင့်ခဲ့ပါတယ်။ ၆ နာရီခွဲဖွင့်တယ်ဆိုတာ မဟုတ်ပါဘူး။ လူစု၊ လူဝေးဖြစ်မှာစိုးလို့ ကျမတို့ အပူချိန်တိုင်းပြီးမှ အထဲကို အချိန်နဲ့ အသုတ်လိုက်ဝင်ခွင့်ပြု တာပါ။ ၆ နာရီမှာလည်း မဲလာပေးတဲ့သူတွေ အထဲမှာ ရှိနေပါပြီ ” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခုကာလအတွင် မဲဆန္ဒရှင်များ လူစု၊လူဝေး မဖြစ်စေရန် နှင့် (Social Distancing ) ဖြစ်ရန် အတွက် ကျေးရွာ တရွာပြီးမှ တရွာ မဲရုံ ပရဝုဏ်ထဲသို့သွင်းခြင်းဖြစ်ကြောင်း၊ ထိုကဲ့သို့ ပြုလုပ်မည်ကို လည်း ကျေးရွာအုပ်ချုပ်ရေးမှူး များ ကို အကြောင်းကြားထားပြီးကြောင်း ဒေါ်မြင့်မြင့်ဌေး က ပြောသည်။

“ ကျမတို့က အုပ်ချုပ်ရေးမှူးတွေကို အကြောင်းကြားပြီးသားပါ။ ၆နာရီခွဲမှ အဲ့ကျေးရွာက လူတွေ ဝင်ဖို့လုပ်ထားတာပါ။ အထဲမှာ မဲလာထည့်တဲ့ သူတွေလည်းရှိနေပါတယ်” ဟု ဆရာမ က ထပ်လောင်းပြော ကြားသည်။

ထို့ကြောင့် နိုဝင်ဘာ ၈ ရက်နေ့ထုတ်သည့် သတင်းသည် ကိုဗစ်-၁၉ ကာကွယ်တားဆီးထိန်းချုပ်သည့် အကြောင်းကို မသိရှိသေးသည့်အတွက် မဲရုံမဖွင့်သေးကြောင်းပြောဆိုမှုမှာ မဲဆန္ဒရှင် တချို့ အသံသာဖြစ်ကြောင်း သိရသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော် ၄ ရပ်စလုံးတွင်အနိုင်ရရှိထားပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံမြို့နယ် ‌မဲရုံများတွင် လုံခြုံရေးယူရန် စစ်တပ်နှင့် PNO အင်အားဖြည့်

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်တွင် ကျေးရွာဘက်ရှိ မဲရုံများ၌ လုံခြုံရေးယူရန် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်ထားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၇ ရက်မှ စတင်ပြီး ရွာငံမြို့နယ်နှင့် အနီးတစ်ဝိုက် ရွေးကောက်ပွဲကျင်းပမည့် ကျေးရွာများတွင် စစ်ကော်မရှင်တပ်နှင့် ၎င်း၏လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့က လုံခြုံရေး တင်းကြပ်နေပြီး...

ဟိုပုံးတွင် ကျန်းမာရေးမကောင်းသူကို စစ်တပ်စာရင်းကောက်ခံ၊ ဆန္ဒမပါဘဲ ကိုယ်စား မဲသွားထည့်မည်ကို စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်တွင် နေထိုင်သည့် ကျန်းမာရေးမကောင်းသူ စာရင်းများကို စစ်တပ်လက်အောက်ခံ ရဲနှင့် အုပ်ချုပ်ရေးမှူးများက စာရင်းလိုက်လံ ကောက်ယူနေပြီး ပြည်သူ့ ဆန္ဒမပါဘဲ ကိုယ်စားမဲထည့်မည်ကို စိုးရိမ်နေကြောင်း သတင်းရရှိသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စစ်ကော်မရှင် စတင်ကျင်းပနေသည့် ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ...

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...