CATEGORY

သတင်း

တာချီလိတ် တွင် လက်နက် နှင့် မူးယစ်ဆေးများ ဖမ်းဆီးရမိ

သျှမ်းပြည်နယ်အရှေ့ပိုင်းတာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ ဝမ်ကျောက်လုံရွာတွင် လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိကြောင်းစုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ဇန်နဝါရီ ၆ ရက် ညနေပိုင်းအချိန်တွင် တာချီလိတ်မြို့နယ် ဖန်မင်ကျေးရွာ အုပ်စု ဝမ်ကျောက်လုံရွာ လွမ်းစေတီဘုန်းကြီးကျောင်းအနီး၌ စိုင်းရွက်မောင်းနှင်လာသည့် Honad fit မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရာတွင် အိုက်စ် ၁ ကီလို၊ ပစ္စတိုသေနတ်...

ရွေးကောက်ပွဲမဲဆွယ်ကာလ ဖြစ်ပျက်သည့်ကိစ္စရပ်များ ယနေ့ထိ ရှင်းလင်းနေရ PNO ပြော

၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်ကာလ အတွင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းသို့ PNO ပါတီမှ ပြိုင်ဘက်ပါတီများကို ဝင်ခွင့်မပြုခြင်း၊ အလံနှင့် ဆိုင်းဘုတ်များဖြုတ်ချသည့် ကိစ္စများကို ယနေ့တိုင် ဖြေရှင်းနေရကြောင်း စုံစမ်းသိရသည်။ PNO သည် ၎င်းအခြေစိုက်သည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ကျေးရွာများသို့ ပြိုင်ဘက်ပါတီများကို ဝင်ခွင့်မပြုသည့်အပြင် အလံနှင့်ဆိုင်းဘုတ်များဖြုတ်ချသည့် ကိစ္စရပ်များအား ယနေ့တိုင်...

ကျိုင်းတုံ စက်မှုဇုန် ပြုလုပ်ရန် သိမ်းဆည်းခံ မြေကိစ္စ ညှိနှိုင်းမှုအဆင်မပြေ

သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံ စက်မှုဇုန်ပြုလုပ်ရန် အတွက် နောင်ငင်းကျေးရွာတွင် သိမ်းဆည်းခံရသည့် မြေဧက ၅၅ နှင့် ပတသက်ပြီး သက်ဆိုင်ရာနှင့် မြေရှင်များ ညိနှိုင်းမှု အဆင်မပြေးသေးကြောင်း စုံစမ်းသိရသည်။ ယခုနှစ် ဇန်နဝါရီ ၆ ရက်တွင် နောင်ငင်းကျေးရွာ မြေ ၅၅ ဧက နှင့်...

လားရှိုးတွင် တရားမဝင် လက်နက်ခဲယမ်းကိုင်ဆောင်သည့် အမျိုးသားတဦးဖမ်းဆီးရမိ

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် တရားမဝင်လက်နက်ခဲယမ်း ကိုင်ဆောင်သည့် အမျိုးသားတဦးကို ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။ လားရှိုးမြို့တွင် ယောက္ခမဖြစ်သူအား သေနတ်ဖြင့် ခြိမ်းခြောက်မှုဖြင့် အမျိုးသားတစ်ဦးအား စစ်ဆေးရာမှ မုံးဟပြည်သူ့စစ်အဖွဲ့ယူနီဖောင်းများနှင့် လက်နက်ခဲယမ်းများကို တရားမဝင်သုံးစွဲနေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း လားရှိုးမြို့နယ်ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။ ဇန်နဝါရီ (၆)ရက်တွင် လားရှိုးမြို့ ရပ်ကွက်(၇)တွင်နေထိုင်သည့် ဦးပီရှန်းသည်...

RCSS/SSA နှင့် TNLA တိုက်ပွဲကြောင့် အရပ်သား (၃၇၀၀)ကျော် ထွက်ပြေးနေရ

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ရှမ်းပြည်တပ်မတော်(RCSS/SSA) နှင့် တအောင်း(ပလောင်) အမျိုးသားလွှတ်မြောက်ရေးတပ်မတော်( TNLA) တို့ကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ရှောင် ( ၃၇၀၀) ကျော် ထွက်ပြေးတိမ်းရှောင်နေရ ကြောင်း စုံစမ်းသိရှိရသည်။ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်ရှိ တော့ဆန်ကျေးရွာအုပ်စုမှာ စစ်ဘေးရှောင် (၁၈၄၆) ရှိပြီး၊ ကျောက်မဲမြို့ပေါ်တွင်လည်း စစ်ဘေးရှောင် (၁၀၀၇) ကျော် နှင့်...

ကိုဗစ်-၁၉ ကြောင့် စားနပ်ရိက္ခာခက်ခဲသည့် အုမ္မငါးစစ်ရှောင် (၁၀၀)ကျော် ကို ကျောက်မဲမြို့ပေါ်သို့ ခေါ်မလာ

ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် စားနပ်ရိက္ခာ ခက်ခဲနေသည့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် အုမ္မငါးဘုန်းကြီးကျောင်းမှ စစ်ရှောင် (၁၀၀) ကျော် ကို ကျောက်မဲမြို့ပေါ်သို့ မခေါ်လာတော့ကြောင်း စုံစမ်းသိရှိရသည်။ အုမ္မငါးဘုန်းကြီးကျောင်းရှိ စစ်ဘေးရှောင် (၁၁၅) ဦးသည် ယနေ့ ဇန်နဝါရီ (၇) ရက်တွင် ကျောက်မဲမြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်း သို့ခေါ်ဆောင်လာမည့်အစီအစဉ်ကို...

တောင်ကြီးမြို့ ဈေးသည်တဦးထံ ကိုဗစ် ၁၉ တစ်ဦးပိုးတွေ့ရှိ

သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ ရွှေတောင်ရပ်ကွက်တွင် နေထိုင်သည့် ဈေးသည်တဦးတွင် ကိုဗစ်- ၁၉ ပိုးတွေ့ရှိကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ ပိုးတွေ့သည့် ဈေးသည် အမျိုးသားသည် ရွှေတောင်ရပ်ကွက်တွင်နေထိုင်ပြီး အနံ့မရတော့သဖြင့် စဝ်စံထွန်း‌ဆေးရုံသို့ သွားရောက်စစ်ဆေးကာ ယနေ့ ဇန်နဝါရီ ၇ ရက်တွင် ပိုးတွေ့ရှိကြောင်းသိရသည်။ “ သူက (ကိုဗစ်-၁၉...

RCSS/SSA နှင့် TNLAတိုက်ပွဲကြောင့် အရပ်သား နေအိမ် (၆၀) ကျည်ထိမှန်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအနီးတဝှိက်တွင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ ၂ဖွဲ့ တိုက်ပွဲဖြစ်ပွားမှုကြောင့် အရပ်သား နေအိမ် (၆၀) လက်နက်ကျည်ထိမှန်ခဲ့ကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့နယ် အတွင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ရှမ်းပြည်တပ်မတော်(RCSS/SSA) နှင့် တအောင်း(ပလောင်) အမျိုးသားလွှတ်မြောက်ရေးတပ်မတော်(TNLA) တို့ တိုက်ပွဲကြောင့် တော့ဆန်ကျေးရွာရှိ ဒေသခံနေအိမ် (၆၀) ကျည်ထိမှန်ခဲ့ကြောင်း တော့ဆန်ဒေသခံ...

ရွှေညောင်ဈေးတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိသဖြင့် ဈေးကို ယာယီပိတ်ထား

သျှမ်းပြည်တောင်ပိုင်း ရွှေညောင်မြို့မဈေးထဲတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၅ ဦးတွေ့ရှိသဖြင့် ဈေးကို ယာယီပိတ်ဆိုင်းသွားမည် ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ မြို့မဈေးထဲတွင် ဈေးဆိုင်ဖွင့်ထားသည့်သူ ၅ဦးထံတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိသဖြင့် ဇန်နဝါရီ ၆ ရက်နေ့ မွန်းလွှဲပိုင်း ၃နာရီ မှ ဇန်နဝါရီ ၁၉ ရက်ထိပိတ်သွားမည်ဖြစ်ပြီး...

ရွာငံမြို့နယ်တွင် ငွေကျပ် ၁.၁ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေး ဖမ်းဆီးရမိ

သျှမ်းပြည်နယ် တောင်ပိုင်း ရွာငံမြို့နယ်တွင် ငွေကျပ် ၁.၁ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ဇန်နဝါရီ ၄ ရက် နေ့လည်ပိုင်းတွင် ရွာငံမြို့နယ်၊ ရွာငံ-ကျောက်ဆည်သွားကားလမ်း၊ကျောက်ဂူပြင်ကျေးရွာ အနီး တွင် စိုင်းမြင့်ဆန်း(ခ) အိုက်ကျွတ် မောင်းနှင်ပြီး ချမ်းသာ လိုက်ပါလာသည့် ၁၂...

Latest news