RCSS/SSA နှင့် TNLAတိုက်ပွဲကြောင့် အရပ်သား နေအိမ် (၆၀) ကျည်ထိမှန်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအနီးတဝှိက်တွင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ ၂ဖွဲ့ တိုက်ပွဲဖြစ်ပွားမှုကြောင့် အရပ်သား နေအိမ် (၆၀) လက်နက်ကျည်ထိမှန်ခဲ့ကြောင်း စုံစမ်းသိရသည်။

ကျောက်မဲမြို့နယ် အတွင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ရှမ်းပြည်တပ်မတော်(RCSS/SSA) နှင့် တအောင်း(ပလောင်) အမျိုးသားလွှတ်မြောက်ရေးတပ်မတော်(TNLA) တို့ တိုက်ပွဲကြောင့် တော့ဆန်ကျေးရွာရှိ ဒေသခံနေအိမ် (၆၀) ကျည်ထိမှန်ခဲ့ကြောင်း တော့ဆန်ဒေသခံ အမျိုးသားတဦး က သျှမ်းသံတော်ဆင့်ကိုပြောသည်။

တော့ဆန်ကျေးရွာတွင် အိမ်ခြေ (၁၇၀) လုံး ရှိရာ ထိုထဲမှ အိမ်ခြေ (၆၀) အပြင် စေတီပုထိုးလည်း ကျည်ထိမှန်ထားကြောင်း သိရသည်။

“(၆၀) အိမ်ထဲက (၅) အိမ်လောက်က အရမ်းထိသွားတယ်။ ဒေသခံ ရွာသား (၁) ဦးလည်း ထိခိုက်ဒဏ်ရာ ရခဲ့တယ်” ၎င်း တော့ဆန်ဒေသခံ အမျိုးသား က ပြောသည်။

ကျောက်မဲမြို့နယ် တော့ဆန်တိုက်ပွဲကြောင့် စစ်ရှောင် (၁၀၀) ကျော် အုမ္မငါးဘုန်းကြီးကျောင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ယနေ့ ဇန်နဝါရီ (၇) ရက်နေ့တွင် ကျောက်မဲမြို့ရှိ လူမှုကူညီရေးအဖွဲ့တို့က ကျောက်မဲစစ်ဘေးရှောင်စခန်းသို့ သွားရောက်ခေါ်ဆောင်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

“တော့ဆန်က စစ်ဘေးရှောင် စာရင်းရထားက (၁၀၉)ယောက် ရထားပါတယ်။ နောက်ထပ် ထပ်တိုးတယ်။ မတိုးတယ်ဆိုတာ မသိနိုင်သေးဘူး။ သူတို့ဆင်းလာမယ်ဆိုတာ ဒီနေ့မှ သိတော့ ဒီနေ့သွားကြိုကြတာပေါ့နော်။ သူတို့ အုမ္မငါးဆိုတဲ့ ရွာမှာနေတာလည်း လုံခြုံပါတယ်။ သို့သော်လည်းပဲ စားရေး သောက်ရေး အခက်ခဲဖြစ်တာပေါ့” ဟု ကျောက်မဲမြို့နယ် ဇီဝိတ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိန်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

RCSS/SSA နှင့် TNLA တို့သည် ၂၀၂၀ ခုနှစ် ဒီဇင်ဘာ (၂၅) ရက်မှ စတင်ကာ ယနေ့ချိန်ထိ စစ်ရေးတင်းမာနေပြီး တိုက်ပွဲကြောင့် ကျောက်မဲမြို့ပေါ်ရှိ စစ်ရှောင် (၁၀၀၀)ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကွတ်ခိုင်-နမ့်ခမ်းကြား TNLA နှင့် MNDAA တိုက်ပွဲပြင်းထန်၊ မိုင်းယုလေးဒေသကို MNDAA ထိန်းချုပ်

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်တွင် ဖြစ်ပွားနေသည့် TNLA နှင့် MNDAA ကြား မြေပြင်တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေပြီး နမ့်ခမ်းမြို့ဘက်သို့ ဦးတည်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၅ ရက်) နံနက် ၃ နာရီကျော်မှ စတင်၍ ကွတ်ခိုင်မြို့ပြင်ဘက်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...

ကွဲအက်ရာကို ကျော်လွှားပြီး စုပေါင်းအားနဲ့ အာဏာရှင်ကို ရင်ဆိုင်နိုင်ဖို့

0
မြန်မာ့နိုင်ငံရေးဇာတ်ခုံမှာ တရားဝင်အခင်းအကျင်းရဖို့ ဟန်ပြရွေးကောက်ပွဲကျင်းပပြီး တရားဝင်လွှတ်တော်၊ တရားဝင်အစိုးရ၊ တရားဝင်သမ္မတ နေရာရဖို့ အာဏာသိမ်းစစ်တပ်က လုံးပမ်းနေချိန်မှာ သျှမ်းပြည်တိုင်း ရင်းသား လက်နက်ကိုင်အုပ်စုကြားမှာ ယှဉ်ပြိုင်မှုတွေ ပြည့်နှက်လာပြီး ပဋိပက္ခတွေဟာ နေ့စဉ်နဲ့အမျှ တိုးများလာနေပါတယ်။ TNLA နဲ့ KIA ၊ TNLA နဲ့ SSPP ၊...

သိန္နီတွင် MNDAA က ညမထွက်ရအမိန့်ထုတ်ပြန်၊ MNDAA နှင့် TNLAကြား စစ်ရေးတင်းမာနေ

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့တွင် ယနေ့ညမှ စတင်ကာ ည ၈ နာရီနောက်ပိုင်း အပြင်မထွက်ရန် ညမထွက်ရအမိန့်ကို ကိုးကန့်တပ်ဖွဲ့ (MNDAA) က ရုတ်တရက် ထုတ်ပြန်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါအမိန့်သည် ကွတ်ခိုင်မြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် တအာင်းတပ်ဖွဲ့ (TNLA) တို့ကြား တိုက်ပွဲများ...

ကွတ်ခိုင်မြို့နယ် TNLA တပ်စခန်းများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် MNDAA တိုက်ခိုက်

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်ရှိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်စခန်းနေရာများကို ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြုပြီး စတင်တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၄ ရက်) နံနက် ၁၀ နာရီခန့်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်ရှိ မုံးစီး၊ နမ့်ဖတ်ကာ၊...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...