Tuesday, January 27, 2026

ရွာငံမြို့နယ်တွင် ငွေကျပ် ၁.၁ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေး ဖမ်းဆီးရမိ

သျှမ်းပြည်နယ် တောင်ပိုင်း ရွာငံမြို့နယ်တွင် ငွေကျပ် ၁.၁ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၄ ရက် နေ့လည်ပိုင်းတွင် ရွာငံမြို့နယ်၊ ရွာငံ-ကျောက်ဆည်သွားကားလမ်း၊ကျောက်ဂူပြင်ကျေးရွာ အနီး တွင် စိုင်းမြင့်ဆန်း(ခ) အိုက်ကျွတ် မောင်းနှင်ပြီး ချမ်းသာ လိုက်ပါလာသည့် ၁၂ ဘီးမော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်နောက် ဘော်ဒီ အရှေ့ပိုင်းတွင် အံဝှက်ပြီး ဆာလာအိတ်ဖြင့် ထည့်သွင်းလာသည့် ဘိန်းဖြူ ၁၂.၅၄ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀၀၀ ပြားသိမ်းဆည်းရမိခဲ့ကြောင်းမူးယစ်ရဲတပ်ဖွဲ့ထုတ်ပြန်ချက် အရသိရသည်။

ဆက်လက်စစ်ဆေးဖော်ထုတ်ချက်အရ ညနေပိုင်းတွင် နောင်ချိုမြို့နယ်၊ မိုင်တိုင်အမှတ်(၈၀/၄) အနီးတွင် မူးယစ်ဆေးဝါးသယ်ဆောင်ခိုင်းသူ စိတ်ရွှေ နှင့် ရန်ကြားစင်တို့အား ဆိုင်ကယ် ၁ နှင့် အတူဖမ်းဆီးရမိကြောင်းသိရသည်။

အဆိုပါ စိုင်းမြင့်ဆန်း(ခ) အိုက်ကျွတ် ၄၂ နှစ်၊ ချမ်းသာ ၃၆ နှစ်၊ စိန်ရွှေ ၃၄ နှစ်၊ ရန်ကြားစင် ၂၇ နှစ် တို့ကို ဥပဒေဆိုင်ရာ အမှုဖွင့်အရေးယူထားကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

အဆိုပါ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါများကို မိုင်ရယ်မြို့နယ်မှ မန္တလေးမြို့သို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တန့်ယန်းမြို့ရှိ KTV နှင့် အနှိပ်ခန်းများတွင် မူးယစ်ဆေးပါ ရောင်းချမှုရှိနေဟုဆို

0
စစ်အာဏာသိမ်းပြီး (၅)နှစ်တာ ကာလအတွင်း သျှမ်းပြည် တန့်ယန်းမြို့နယ်အတွင်း ကေတီဗွီ (KTV) ဆိုင်နှင့် အနှိပ်ခန်းများ ယခင်ကထက် ပိုများလာပြီး၊ ၎င်းထဲတွင် မူးယစ်ဆေးဝါးများပါ ရောင်းချနေကြောင်း စုံစမ်းသိရသည်။ တန့်ယန်းမြို့နယ်အတွင်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း KTV နှင့် အနှိပ်ခန်း (၅၀) နေရာ ထက်မနည်း တိုးချဲ့ဖွင့်လှစ်လာခဲ့ပြီး အချို့သော...

သတိပြုရမည့် မူးယစ်မှောင်ခိုလမ်းကြောင်း (သို့မဟုတ်) တားမြစ်နေရာများ အမဲလိုက်ခြင်း

0
ပွင့်လင်းရာသီ ရောက်လာပြီ ဖြစ်သည့်အတွက် ထိုင်း-မြန်မာနယ်စပ် သျှမ်းပြည်အရှေ့ပိုင်း မုဆိုးများသည် တောကျို တောင်ကြားထဲ အမဲလိုက်ရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။ ယခုရာသီသည် တောတောင်ထဲတွင် တောဝက်များ၊ တောကြက်များ အစာရှာထွက်သည့်အတွက် အများစုက အမဲလိုက်ရန် သွားကြကြောင်း မိုင်းတုံမြို့နယ် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အဓိက တောဝက်၊ တောကြက်ရဖို့...

စစ်အာဏာသိမ်းပြီး ၅နှစ်တာ ကာလအတွင်း အင်းလေး မူးယစ်ဆေးသုံးစွဲမှုပိုများလာ

0
စစ်အာဏာသိမ်းပြီး ၅နှစ်တာ ကာလအတွင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် မူးယစ်ဆေးဝါး သုံးစွဲသူ သိသိသာသာများလာကြောင်း ဒေသခံများပြောပြချက်အရသိရသည်။​ အင်းလေးဒေသအတွင်း မူးယစ်ဆေးဝါးကို ပေါ်ပေါ်ထင်ထင် ရောင်းချနေကြပြီး၊ သုံးစွဲသူများတွင် အသက်မပြည့်သေးသည့်သူများနှင့်အမျိုးသမီးများလည်း ပါဝင်နေကြောင်း ကိုယ်တိုင်မြင်တွေ့ရသည့် အင်းလေးဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။​ ထိုမူးယစ်ဆေးသုံးစွဲ ရောင်းချသူများကိုလည်း သက်ဆိုင်ရာ အာဏာပိုင်များက ဟန်ပြဖမ်းဆီးမှုသာပြုလုပ်နေသည်။​ " မူးယစ်ဆေးတွေက...

ထိုင်းနိုင်ငံ ချင်းမိုင်ဈေးထဲတွင် ဝှိက်ထားသည့် မက်သာဖက်သမင်း ၄၆၉ ကီလို ဖမ်းမိ

0
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မြောက်ဘက်ရှိ Pathum Thani ခရိုင်မှ Talaad Thai ဈေးသို့ တင်ပို့မည့် မက်သာဖက်သမင်း ၄၆၉ ကီလိုဂရမ်ကို ချင်းမိုင်မြို့ရှိ ကတ်မိန်းမိုင်ဈေး (Muang Mai Market) တွင် ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြသည်။ ယနေ့ (နိုဝင်ဘာလ ၁၁) ရက်တွင်...

ထိုင်း-မြန်မာနယ်စပ်တွင် မူးယစ်မှောင်ခိုများနှင့် ထိုင်းစစ်တပ်တို့ ပစ်ခတ်၊ မူးယစ်ဆေး တစ်သန်းကျော် သိမ်းဆည်းရမိ

0
ထိုင်း-မြန်မာနယ်စပ် ချင်းမိုင်ခရိုင် ဖန်မြို့နယ်တွင် မြန်မာနိုင်ငံဘက်မှ မူးယစ်ဆေးသယ်ဆောင်လာသည်ဟု ယူဆရသည့်အဖွဲ့နှင့် ထိုင်းနယ်ခြားစောင့် စစ်တပ်တို့ ယမန်နေ့ (အောက်တိုဘာလ ၂၇) ရက် နံနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားပြီး ၆ ဦးအသေဖမ်းမိကြောင်း သတင်းသိရသည်။ တောင်တက်ကျောပိုးအိတ်ရှစ်လုံး ထဲတွင် မက်သာဖက်တမင်းဆေးပြား စုစုပေါင်း ၁,၂၀၀,၀၀၀ ခန့်နှင့် သေနတ်နှစ်လက်ကိုလည်း ထိုင်းအာဏာပိုင်များက...