ရွာငံမြို့နယ်တွင် ငွေကျပ် ၁.၁ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေး ဖမ်းဆီးရမိ

သျှမ်းပြည်နယ် တောင်ပိုင်း ရွာငံမြို့နယ်တွင် ငွေကျပ် ၁.၁ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၄ ရက် နေ့လည်ပိုင်းတွင် ရွာငံမြို့နယ်၊ ရွာငံ-ကျောက်ဆည်သွားကားလမ်း၊ကျောက်ဂူပြင်ကျေးရွာ အနီး တွင် စိုင်းမြင့်ဆန်း(ခ) အိုက်ကျွတ် မောင်းနှင်ပြီး ချမ်းသာ လိုက်ပါလာသည့် ၁၂ ဘီးမော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်နောက် ဘော်ဒီ အရှေ့ပိုင်းတွင် အံဝှက်ပြီး ဆာလာအိတ်ဖြင့် ထည့်သွင်းလာသည့် ဘိန်းဖြူ ၁၂.၅၄ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀၀၀ ပြားသိမ်းဆည်းရမိခဲ့ကြောင်းမူးယစ်ရဲတပ်ဖွဲ့ထုတ်ပြန်ချက် အရသိရသည်။

ဆက်လက်စစ်ဆေးဖော်ထုတ်ချက်အရ ညနေပိုင်းတွင် နောင်ချိုမြို့နယ်၊ မိုင်တိုင်အမှတ်(၈၀/၄) အနီးတွင် မူးယစ်ဆေးဝါးသယ်ဆောင်ခိုင်းသူ စိတ်ရွှေ နှင့် ရန်ကြားစင်တို့အား ဆိုင်ကယ် ၁ နှင့် အတူဖမ်းဆီးရမိကြောင်းသိရသည်။

အဆိုပါ စိုင်းမြင့်ဆန်း(ခ) အိုက်ကျွတ် ၄၂ နှစ်၊ ချမ်းသာ ၃၆ နှစ်၊ စိန်ရွှေ ၃၄ နှစ်၊ ရန်ကြားစင် ၂၇ နှစ် တို့ကို ဥပဒေဆိုင်ရာ အမှုဖွင့်အရေးယူထားကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

အဆိုပါ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါများကို မိုင်ရယ်မြို့နယ်မှ မန္တလေးမြို့သို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင်တွင် မြေအောက်ဘန်ကာတစ်ခုအတွင်းမှ စိတ်ကြွဆေး ၇ သန်းကျော်ထပ်မံဖမ်းမိ

0
ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်အတွင်း တရားမဝင် မူးယစ်ဆေးဝါးမှောင်ခိုကွန်ရက်တစ်ခုကို ဖမ်းဆီးရမိပြီး စိတ်ကြွဆေးပြား (ယာဘ) ၇.၃ သန်းကျော်နှင့် စိတ်ကြွဆေးခဲ (အိုက်စ်) ၂၅၀ ကီလိုဂရမ်တို့ကို သိမ်းဆည်းရမိခဲ့ပြီး သံသယရှိသူ ၃ ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း ချင်းမိုင်သတင်းတွင် ဖော်ပြသည်။ ယမန်နေ့ (ဇွန်လ ၂၃ ရက်) မွန်းလွဲပိုင်းတွင်...

တရားဥပဒေစိုးမိုးရေး ပျက်ပြားမှုကြောင့် မြန်မာနိုင်ငံတွင် ရာဇဝတ်မှုစီးပွားရေးအသစ် အခြေစိုက်လာ

0
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများနှင့် တရားဥပဒေစိုးမိုးရေး ပျက်ပြားနေသည့် အခြေအနေကို အခွင့်ကောင်းယူ၍ မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများ ပေါင်းစည်းထားသည့် ရာဇဝတ်မှုစီးပွားရေးအသစ်တစ်ခု အခြေစိုက် အားကောင်းလာနေကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က သတိပေးလိုက်သည်။ ဇွန်လ ၁၂ ရက်က ထုတ်ပြန်သော...

ထိုင်းမြောက်ပိုင်းအတွင်း မူးယစ်ဆေးဝါး စီးဝင်မှု မြှင့်တက် ၊ ၂ ရက်အတွင်း စိတ်ကြွဆေး ၅ သန်းကျော် ဆက်တိုက် ဖမ်းမိ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်၊ ဖန်မြို့နယ်၊ ချင်းရိုင်မြို့လယ်ခေါင်နှင့် လန်ဖွန်မြို့နယ် တို့တွင် စိတ်ကြွဆေးပြား (ယာဘ) (၅ သန်းကျော်) ကို လမ်းဘေးစွန့်ပစ်ထားမှု၊ မီးပွိုင့်မိစဉ် စီးနင်းဖမ်းဆီးမှုနှင့် ကားဖြင့်တိုက်ပြေးမှု ဖြစ်စဉ်များမှ ဆက်တိုက် ဖမ်းဆီးရမိခဲ့ကြောင်း ချင်းမိုင်သတင်းများတွင် ဖော်ပြသည်။ ထိုင်းမြောက်ပိုင်း ကျေးရွာများမှတဆင့် နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါးများ အဆက်မပြတ်...

မိုင်းပျဉ်းတွင် မူးယစ်ဆေး ကျပ်သိန်း ၃ထောင်နီးပါး ဖမ်းဆီးရမိ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့တွင် ဇွန်လ ၁၃ ရက်နေ့ နံနက်ပိုင်းက ငွေကျပ် သိန်း ၃ထောင်နီးပါး တန်ဖိုးရှိသည့် စိတ်ကြွရူးသွပ်ဆေးပြားများကို အမျိုးသား ၃ ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် သတင်းအရ မိုင်းပျဉ်းမြို့ အောက်ဈေးတန်းရပ်ကွက်တွင် စိုင်းဦးဟောင် မောင်းနှင်ပြီး စိုင်းခမ်းလှနှင့် ဝီးဝါလတို့...

မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလောင်းကစားကြောင့် သျှမ်းပြည်တွင် ခိုးဆိုးလုယက်မှုများ မြင့်တက်

0
သျှမ်းပြည်အတွင်း အလုပ်အကိုင်မတည်ငြိမ်မှု၊ မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် အွန်လိုင်း လောင်းကစား ဂိမ်းများ ပျံ့နှံ့လာခြင်းတို့ကြောင့် ခိုးဆိုးလုယက်မှုများ ဆက်တိုက်ဖြစ်ပွားလာကြောင်း ဒေသခံများက ပြောသည်။ သျှမ်းပြည်အတွင်း ခိုးဆိုးလုယက်မှု ကျူးလွန်သူအများစုသည် အသက် ၂၀ မှ ၃၅ နှစ်ကြား လူငယ်၊လူလတ်ပိုင်းများဖြစ်ပြီး မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလောင်းကစားများကြောင့် ငွေကြေး လိုအပ်ရာမှ ပြစ်မှုကျူးလွန်မှု...