Wednesday, January 28, 2026

တာချီလိတ် တွင် လက်နက် နှင့် မူးယစ်ဆေးများ ဖမ်းဆီးရမိ

သျှမ်းပြည်နယ်အရှေ့ပိုင်းတာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ ဝမ်ကျောက်လုံရွာတွင် လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိကြောင်းစုံစမ်းသိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၆ ရက် ညနေပိုင်းအချိန်တွင် တာချီလိတ်မြို့နယ် ဖန်မင်ကျေးရွာ အုပ်စု ဝမ်ကျောက်လုံရွာ လွမ်းစေတီဘုန်းကြီးကျောင်းအနီး၌ စိုင်းရွက်မောင်းနှင်လာသည့် Honad fit မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရာတွင် အိုက်စ် ၁ ကီလို၊ ပစ္စတိုသေနတ် ၁ လက်၊ ကျည်အိမ် ၁ခု၊ ကျည် ၅ တောင့် တို့ကို တွေ့ရှိဖမ်းဆီရမိခဲ့ကြောင်း မူးယစ်ရဲတပ်ဖွဲ့ထုတ်ပြန်ချက် အရသိရသည်။

အဆိုပါ မူးယစ်ဆေးများသည် ဖန်မင်းကျေးရွာအုပ်စု၊ ဝမ်ကျောက်လုံရွာနေ အိုက်ခေါက်ထံက ဝယ်ယူခဲ့တာဖြစ်ကြောင်းသိရသည်။

ထိုကွင်းဆက်အနေဖြင့် အိုက်ခေါက်နေအိမ်ကို ဆက်လက် ဝင်ရောက်ရှာဖွေခဲ့ရာ အိမ်ရှေ့မှာ ရပ်တန့်ထားသည့် Fortuner မော်တော်ယာဉ်ပေါ် နှင့် နေအိမ်အနောက် မြေအောက်ခန်းအတွင်းတွင် လက်နက်ခဲယမ်းတွေနဲ့ မူးယစ်ဆေးဝါးအများပြားကို ဖမ်းဆီရမိခဲ့သည်။

ဖမ်းဆီးရမိသော စိတ်ကြွဆေးပြား ၁၆.၉သိန်းပြား၊ စိတ်ကြွဆေးမှုန့် ၅၈ ကီလို၊ အိုက်စ် ၈၇.၅ ကီလို၊ ဘိန်းဖြူ ၂၃.၁ ကီလို၊ မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြု ပစ္စည်း၊ ဖျူစ်အပါ လက်ပစ်ဗုံး ၁ လုံးနှင့် ခဲယမ်း တွေကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အိုက်ခေါက်အိမ် ဝင်ရောက်စစ်ဆေးရာတွင် လူမတွေ့ရှိဘဲ ပစ္စည်းများကိုသာ ဖမ်းဆီးရမိကြောင်း သိရသည်။

ထိုသူ(၂)ဦးကို ဟောင်လိတ်နယ်မြေရဲစခန်းမှာ မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့် အရေးယူထားပြီး၊ အိုက်ခေါက် ကို သက်ဆိုင်ရာက လိုက်လံရှာဖွေနေဆဲ ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေ

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ပေါ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း မြို့ခံများက ပြောသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက် နံနက် ၉ နာရီကျော် အချိန်တွင် ဆန်ဆိုင်း (က) ရပ်ကွက်နေ အသက် (၅၀) အရွယ်ခန့် အမျိုးသမီးတစ်ဦးသည်...

သီပေါ-မိုင်းရယ် စစ်တပ် ဆက်တိုက်ဖမ်းဆီးနေသည့် မူးယစ်ဆေးဝါးအမှု တရားခံမပေါ်သေး

0
သျှမ်းပြည် သီပေါနှင့် မိုင်းရယ်မြို့နယ်တွင် မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာများနှင့် အသုံးပြုသည့် ပစ္စည်းများကို စစ်ကော်မရှင်ဘက်မှ ဆက်တိုက်ရှာဖွေ ဖမ်းဆီးနေသော်လည်း တရားခံ မပေါ်သေးကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၈) ရက်မှ စတင်ပြီး သီပေါမြို့နယ် နမ့်လန်မြို့တဝိုက်နှင့် မိုင်းရယ်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်မှ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများနှင့် မူးယစ်ဆေးဝါး ချက်လုပ်သည့်...

သျှမ်းအရှေ့ ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ်တွင် လက်နက်ကိုင်လုံခြုံရေးကြား စိုးရိမ်စိတ်ဖြင့် မဲပေးရ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ်မြို့နယ်ရှိ မဲရုံများတွင် လက်နက်ကိုင်လုံခြုံရေးကြား စိုးရိမ်စိတ်ဖြင့် ပြည်သူများ မဲပေးခဲ့ရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်)တွင် စတင်ကျင်းပနေသည့် စစ်ကော်မရှင် ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်အရှေ့ပိုင်းမှ ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ် (၃) မြို့နယ်တွင် ပြုလုပ်နေသည်။ မိုင်းဆတ်မြို့နယ်အတွင်း...

မိုးဆက်တိုက်ရွာသွန်းသည့်အတွက် တာချီလိတ်မြို့တွင် ရေကြီး လျှပ်စစ်မီးပြတ် အင်တာနက်မမှန်

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေ မြင့် တက်လာပြီး မြို့ပေါ်ရပ်ကွက်အချို့တွင် ရေဝင်နေသည့်အပြင် လျှပ်စစ်မီးနှင့် အင်တာနက်လည်း မှန်မှန်မရ ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

တာချီလိတ်မြို့ အမျိုးသာတစ်ဦး သေနတ်ခံရပြီး သေဆုံး

0
ထိုင်း-မြန်မယ်နယ်စပ် တာချီလိတ်မြို့တွင် အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်လူနှစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီးနောက် သေဆုံးသွားခဲ့ကြောင်း သိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၈ ရက်) ည ၈ နာရီခွဲဝန်းကျင်တွင် တာချီလိတ်မြို့ ဆန်ဆိုင်း (က) ရပ်ကွက် ခေတ္တာလမ်းတွင် အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင် အမျိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ဆေးဝါးကုသနေစဉ်...