ပဋိပက္ခများ ဖြေလျော့ရန် သျှမ်းတပ် ၂ တပ် အွန်လိုင်းဆွေးနွေး
SHAN -
သျှမ်းလက်နက်ကိုင် တပ်ဖွဲ့ နှစ်ဖွဲ့ကြား ဖြစ်ပွားနေသည့် ပဋိပက္ခများ ဖြေလျော့ရန်အတွက် နှစ်ဖက်တပ် တာဝန်ရှိသူများ တယ်လီဖုန်းဖြင့် ဆက်သွယ် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ ဒီဇင်ဘာ (၁၀) ရက်နေ့က နှစ်ဖက်တပ် ကိုယ်စားလှယ်များ တယ်လီဖုန်းဖြင့် ဆက်သွယ် ဆွေးနွေးခဲ့ကြောင်း RCSS ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး အုမ်ခေး က...
သျှမ်းပြည်နယ်အတွင်း လေကြောင်းခရီးဖြင့်၀င်ထွက်သွားလာသူများ မိမိမှသာကုန်ကျစရိတ်ကျခံရမည်
SHAN -
သျှမ်းပြည်နယ်အတွင်း ခရီးသည်များ လေကြောင်းလှိုင်းများဖြင့် ဝင်ရောက်လာသူများသည် Hotel Quarantine နှင့် ဆေးစစ်ချက်များကို မိမိကုန်ကျစရိတ်ဖြင့် ကုန်ကျရမည် ဖြစ်ကြောင်း သျှမ်းပြည်နယ် အစိုးရအဖွဲ့ ထုတ်ပြန်ချက် အရသိရသည်။ ခရီးသည်များသည် လေယာဉ်ကွင်းမှ Hotel သို့သွားရာတွင် သျှမ်းပြည်အစိုးရ ပို့ဆောင်စီမံကိန်း ဦးစီးဌာနမှ စီစဉ်ပေးသည့် မော်တော် ယာဉ်များကိုသာ...
သျှမ်းပြည်အတွင်း ကိုဗစ်အတည်ပြုလူနာ ၁၀ ဉီးတိုး
SHAN -
သျှမ်းပြည်တွင် ကိုဗစ်-၁၉ အတည်ပြု လူနာ (၇၃၀) ဦး ရှိကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ (၁၅) ရက် စာရင်းအရ သျှမ်းပြည်တွင်း ကိုဗစ်-၁၉ အတည်ပြု လူနာ သျှမ်းပြည်တောင်ပိုင်းတွင် ၄၃၇ ဦး၊ သျှမ်းပြည်မြောက်ပိုင်းတွင် ၁၄၂ ဦး သျှမ်းပြည်အရှေ့ပိုင်းတွင် ၁၂၅ ဦးရှိကြောင်းလည်း...
ပင်လုံမြို့တွင် ဈေးများကို အချိန်ကန့်သတ်ပြီး ဖွင့်ခွင့်ပေးသွားမည်
SHAN -
သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့တွင်ရှိဈေးများကို အချိန်ကန့်သတ်ပြီး ဖွင့်ခွင့်ပြုသွားမည် ဟု စုံစမ်းသိရှိရသည်။ လွိုင်လင်မြို့နယ်တွင် ကိုဗစ် ၁၉ ပိုးတွေ့လူနာ တွေ့ရှိလာပြီး ပင်လုံမြို့သားများပါ ထိတွေ့သူ ရှိလာနိုင်သဖြင့် ဈေးကို အကန့်အသတ်ဖြင့် ဖွင့်ခွင့်ပြုတော့ မည်ဖြစ်ကြောင်းသိရသည်။ “ လွိုင်လင်မြို့မှာလဲ ကိုဗစ် ပိုးတွေ့လာပြီ။ သူတို့ဖက်ကနေလဲ ထိတွေ့သူတွေက ပင်လုံမြို့ကို လာတာရှိတယ်။...
တိုက်ပွဲမဖြစ်သော်လည်း တပ်များမဆုတ်ခွါသေး ၊ စစ်ရှောင်များလည်းမပြန်နိုင်သေး
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း တိုက်ပွဲများ ငြိမ်နေသော်လည်း စစ်ဘေးရှောင် ၂၀၀ ကျော် နေရပ် မပြန်နိုင်သေးကြောင်း စုံစမ်းသိရှိရသည်။ "ခုလောလောဆယ်တော့ တိုက်ပွဲက ငြိမ်နေတယ်။ ဘယ်ဘက်မှ စစ်အင်အားဖြည့်တာလည်းမရှိဘူး။ ရွာသားတချို့တော့ ပြန်နိုင်ကြပေမယ့်တချို့ကမပြန်နိုင်သေးဘူး" - ဟု RCSS/SSA မှပြောခွင့်ရှိသူ ဒု- ဗိုလ်မှူးကြီး...
တောင်ကြီးမြို့တွင် Quarantine ဝင်နေသူ ကလေးတယောက်သေဆုံး
SHAN -
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် Quarantine ဝင်နေသည့် ကလေးတစ်ယောက်သေဆုံး ကြောင်း စုံစမ်းသိရှိရသည်။ တောင်ကြီးမြို့ အ.ထ.က ၅ တွင် Quarantine ၀င်နေသည့် အဆိုပါကလေးမှာ ယမန်နေ့ ဒီဇင်ဘာ ၁၅ ရက်က စဝ်စံထွန်းဆေးရုံတွင် သေဆုံးသွားခြင်းဖြစ်ကြောင်းသိရသည်။ “ မိန်းခလေးလေးပါ။ သူက နဂိုကတည်းက ကင်ဆာရောဂါအခံရှိတယ်။ မန္တလေးမှာ...
လွိုင်လင်မြို့နယ်တွင် ကိုဗစ် ၁၉ ပိုးတွေ့လူနာ ၁၄ ဦးရှိ မြို့ လော့ဒေါင်းချဖို့မရှိသေး
SHAN -
သျှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့တွင် ကိုဗစ် ၁၉ လူနာ ၁၄ ဦးအထိရှိလာသော်လည်း မြို့အားလော့ဒေါင်းချဖို့အစီအစဉ်မရှိသေးကြောင်း စုံစမ်းသိရှိရသည်။ လူနာ ၁၄ ဉီးအနက် လက်ရှိဆေးရုံတွင် ကုသမှုခံယူနေသည်မှာ ၉ ဦးကျန်ရှိကြောင်း လွိုင်လင်မြို့ ဒုခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဇော်လင်း ကပြောသည်။ “ အစကတော့ ၁၄ ဦးအထိရှိတာပေါ့။ လောလောဆယ်...
ရွေးကောက်ပွဲကုန်ကျစရိတ်တင်သွင်းသည့် ကိုယ်စားလှယ်လောင်းများစာရင်း ယခုလနောက်ဆုံးအပတ်မှ ထုတ်ပြန်နိုင်မည်ဖြစ်ကြောင်း သျှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးဇော်မြင့်က ပြောသည်။ လက်ရှိအချိန်ထိ သျှမ်းပြည်နယ်တွင် ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းထားသော ကိုယ်စား လှယ်လောင်း မည်မျှရှိနေသည်လဲဟု ဆက်သွယ်မေးမြန်းမှုအပေါ် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူးက သတ်မှတ်ရက်မ ပြည့်သေးသည့်အတွက် ဖြေကြားရန် ငြင်းဆိုခဲ့ခြင်းဖြစ်သည်။ “လာမတင်သေးတဲ့ ကိုယ်စားလှယ်တွေ ရှိတယ်။ တရားဝင်ပြောလို့ မရသေးဘူး။ သတ်မှတ်ရက်...
ထိုင်းတွင် အကျဉ်းကျခံရမြန်မာနိုင်ငံသားများအား မြန်မာအာဏာပိုင်များထံ လွှဲပြောင်းပေးအပ်
SHAN -
ထိုင်းနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့ရသည့် မြန်မာနိုင်ငံသား (၁၀၀) ကျော်ကို မြန်မာနိုင်ငံဘက်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ဒီဇင်ဘာ (၁၅) ရက် မနက် ၉ နာရီအချိန်မှာ တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း နယ်စပ် ချစ်ကြည်ရေး တံတားအမှတ်(၂) မှ တစ်ဆင့်...
ကိုဗစ်ကြောင့်တားမြစ်ကာလဖြစ်သော်လည်း သျှမ်းတောင်တွင် ယာဉ်တိုက်မှုကြောင့် ယခုနှစ်သေဆုံးသူပိုများ
SHAN -
သျှမ်းပြည်တောင်ပိုင်းတွင် ယခု ၂၀၂၀ ခုနှစ်အတွင်း ကိုဗစ်ကူးစက်မှုကြောင့် တားမြစ်ချက်များ ထုတ်ပြန်ထားသော်လည်း ယာဉ်တိုက်မှုပိုမိုဖြစ်ပွါးကာ သေဆုံးမှုပိုမိုများပြားနေကြောင်း စုံစမ်း သိရှိရသည်။ ယခုနှစ် ဧပြီလ သျှမ်းပြည်အတွင်း ကိုဗစ် ၁၉ စတင်ကူးစက်လာသည့်စအချိန်ကစပြီး သျှမ်းပြည်နယ်အစိုးရကမြို့အ၀င်အထွက် Lockdown ချခြင်း ညမထွက်ရမိန့်များထုတ်ပြန်ခြင်းများစဉ်ဆက်မပြတ်လုပ်ထားသော်လည်း ယာဉ်တိုက်မှုကြောင့် သေဆုံးမှုနှုန်းမှာ ယမာန်နှစ်ကထက်ပိုမိုများပြားနေကြောင်းသိရသည်။ “ ကိုဗစ်...





