Tuesday, January 27, 2026

မိုးမောက်မြို့နယ် စစ်ကောင်စီ ရဟတ်ယာဉ်ကို KIA မှ ပစ်ချ၊ တိုက်ပွဲပြင်းထန် အရပ်သားသေဆုံးမှုရှိ

ကချင်ပြည်နယ် မိုးမောက်မြို့နယ် ကုန်းလောကျေးရွာအနီးတွင် ယနေ့ (မေ ၃)ရက် မနက်ပိုင်း တိုက်ပွဲအတွင်းပြင်းထန်ကာ အကြမ်းဖက် စစ်ကောင်စီမှ တိုက်ခိုက်ရေး ရဟတ်ယာဉ် ကို KIA မှ ပစ်ချလိုက်သဖြင့် ပျက်ကျခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ မနက်ပိုင်း အကြမ်းဖက် စစ်ကောင်စီမှ ရဟတ်ယာဉ်ဖြင့် တရစပ် လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကုန်လောကျေးရွာ မှ ဘုန်းကြီးတပါးပျံလွန်ခဲ့ပြီး၊ ဒေသခံ (၃)ဦး ၊ထိုထဲတွင် ကလေးငယ်လည်း ပါဝင်ကြောင်း မိုးမောက်မြို့ဒေသခံ အမျိုးသားတဦးပြောပြချက် အရသိရသည်။

“ ဒီနေ့ မနက် စစ်တပ်ရဟတ်ယာဉ်နဲ့ တရစပ် လာပစ်တယ်။ လူထိခိုက်သူတွေရှိတယ်။ ကုန်လောကျေးရွာက ဘုန်းကြီး တပါး ပျံလွန်သွားတယ်။ အရပ်သား (၃)ဦး အဲ့ထဲမှာ အမျိုးသမီး၊ ကလေးတွေလည်း ပါတယ်။ ထိခိုက်ဒဏ်ရာရသူများတယ် အခုထိ ပစ်နေတုန်းပဲ” ဟု မိုးမောက်မြို့ မှ ဒေသခံ တဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ ၏ တိုက်ခိုက်ရေး ရဟတ်ယာဉ်ကို ကချင် လွတ်လပ်ရေးတပ်မေတာ် (KIA) မှ လက်နက်ကြီးဖြင့် ပစ်ချလိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ မှ Jet Fighter နှင့် Helicopter Gunship (၂)စီးဖြင့်လာပစ်ခဲ့ကြောင်း KIA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူူက သျှမ်းသံတော်ဆင့် ကို အတည်ပြု ပြောဆိုခဲ့သည်။

“ စစ်တပ်က KIA တပ်ကို ဒီနေ့ မနက် လေကြောင်းနဲ့လာတိုက်တယ်။ အဲ့ရဟတ်ယာဉ်ကို ကျနော်တို (KIA) က ပစ်ချလိုက်တယ်ဆိုတာ အတည်ပြုနိုင်ပါတယ်။ အဲ့ရဟတ်ယာဉ်မှာ လူဘယ်နှယောက်လဲ။ ဘယ်လောက်ထိလဲဆိုတာ မသိရသေးဘူး” ဟု ဗိုလ်မှူးကြီး နော်ဘူ က ဆိုသည်။

အကြမ်းဖက် စစ်ကောင်စီဘက်မှလည်း လက်နက်ကြီးဖြင့် မိုးမောက်မြို့နယ် ကုန်လောကျေးရွာဘက်ကို လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်သဖြင့် ကုန်လောကျေးရွာဒေသခံများ လက်နက်ထိမှန်မှုများရှိကြောင်း ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။

“စစ်ကောင်စီဘက်က ကုန်းလောကျေးရွာထဲ လက်နက်ကြီးနဲ့ ပြန်ပစ်တယ် ရွာသားတွေ ထိခိုက်ဒဏ်ရာ ရတာတွေရှိခဲ့ ပါတယ်။” ဟု ဗိုလ်မှူးကြီးနော်ဘူ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ယနေ့မနက်တွင် အကြမ်းဖက် စစ်ကောင်စီ နှင့် KIA တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက်လုံး အထိအခိုက် အကျအဆုံးရှိကြောင်းလည်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ အုပ်စု နှင့် KIA တို့ တိုက်ပွဲဖြစ်ပွားသည့် ရက်တပတ် အတွင်း အကြမ်းဖက် စစ်ကောင်စီမှ လေကြောင်းမှ တစ်ဆင့် တစ်နေ့ လေးကြိမ်ခန့် လာရောက်ပစ်ခတ်ခဲ့ပြီး စစ်ဘေးရှောင်များ (၄၀၀၀) နီးပါးခန့် စစ်ရှောင်နေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပြည်ထောင်စု ပြဿနာ နိဂုံးချုပ်သင့်ပြီ။

0
ဆောင်းရောက်လေပြီ။ အေးမြသည့် ဆောင်းရာသီနှင့်အတူ သျှမ်းပြည်မြောက်ပိုင်း၌ သေနတ်သံများ တိတ်ဆိတ်နေပြီ ဖြစ်သည်။ မရေရာမှုများစွာ ဖြစ်ပေါ်နေဆဲ ဆိုပေမယ့် ငြိမ်းချမ်းတော့မည်လော၊ သို့တည်းမဟုတ် နိုင်ငံရေးအရ ပိုမိုရှုပ်ထွေးပြီး ပို၍ ပြင်းထန်သည့် အနာဂတ် တိုက်ပွဲများအတွက် ပြင်ဆင်နေကြပြီလော။ ဒုတိယ ကမ္ဘာစစ် မဖြစ်ပွားမီ စစ်ကြိုကာလက အစပြုခဲ့သည့် ခေတ်သစ်...
MDY-PDF In Front of Mong Mit Signboard

မိုးကုတ်-မိုးမိတ်ကြားတွင် စစ်ကော်မရှင်တပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA ပြော

0
သျှမ်းပြည်မြောက်ပိုင်းနှင့် မန္တလေးနယ်စပ်ရှိ မိုးကုတ်မြို့မှ မိုးမိတ်မြို့ဘက်သို့ ချီတက်လာသည့် စစ်ကော်မရှင်တပ်နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ TNLA တပ်ဆုတ်ခွာမည်ဟု ကြေညာထားသည့် မိုးကုတ်မြို့ထဲသို့ စစ်ကော်မရှင်တပ်များ အင်အားထောင်နှင့်ချီ ပြန်လည်ဝင်ရောက်ခဲ့ပြီးနောက် ယမန်နေ့ (နိုဝင်ဘာလ ၃၀ ရက်) ၌ မိုးမိတ်မြို့ဘက်သို့ စစ်ကော်မရှင်တပ် ဆက်လက်ထွက်ခွာသွားစဉ် KIA...

စစ်ကျန်လက်နက်ကြီးကျည် ယမ်းထုတ်ယူရာမှ ပေါက်ကွဲပြီး ကွတ်ခိုင်/နမ့်ဖတ်ကာဒေသခံ ၂ ဦးသေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာတွင် မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်ထဲမှ ယမ်းကို ထုတ်ယူရန် ကြိုးစားရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသားနှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

ဖားကန့်၌ စက်ယန္တရားများ စစ်ကောင်စီတပ် မီးထပ်ရှို့၊ ဗျူဟာကုန်းသို့လာသည့် စစ်ရဟတ်ယာဉ် ပစ်ခတ်ခံရ

0
ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာအနီး၊ တစ်သုံးလုံး ကျောက်စိမ်း ကုမ္ပဏီဝင်း အတွင်းရှိ မြေသယ်ကားနှင့် စက်ယန္တရားများကို ယနေ့ (ဇွန်လ ၃ ရက်) နံနက် ၈ နာရီကျော်က စစ်ကောင်စီတပ် ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။ ယနေ့ မီးရှို့ခံရသည့် ကုမ္ပဏီသည်...

စစ်ကောင်စီ လူသားဒိုင်းအဖြစ် အသုံးပြုခဲ့သည့်ထဲမှ ဖားကန့်ပြည်သူ (၆)ဉီး သေဆုံး

0
စစ်ကောင်စီမှ လူသားဒိုင်းကာအဖြစ် အသုံးပြုခဲ့သည့် ဖားကန့် မြို့နယ်ပြည်သူ (၆)ဉီးသေဆုံးပြီး ၊ ထိခိုက်ဒဏ်ရာအများအပြားရရှိခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၂၈ ရက်) စတင်၍ ဖားကန့်မြို့နယ် အတွင်းသို့ စစ်ကောင်စီတပ်က အလုံးအရင်း စစ်ကြောင်းထိုးလာသဖြင့် လုံးခင်းကျေးရွာ၊ လယ်ပြင်ကျေးရွာ နှင့် ငြိမ်းချမ်းသာယာကျေးရွာ အနီးတစ်ဝိုက်တွင် ကချင်လွတ်လပ်ရေးတပ်...