ကွတ်ခိုင်မြို့ လက်နက်ကြီး၊ လက်နက်ငယ် ဆက်တိုက်ကြားရ၊ စစ်ရေး ပြင်းထန်နေဆဲ

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ တွင် စစ်ကောင်စီ နှင့် တိုင်းရင်သားလက်နက်ကိုင်တပ်ပေါင်းစုတို့ စစ်ရေးလှုပ်ရှားမှု သည် ယနေ့ မေ (၅) ရက် ညနေပိုင်း အချိန်ထိ လက်နက်ကြီး ဆက်တိုက်ပစ်ခတ်ကာ စစ်ရေး ပြင်းထန်နေဆဲ ဟု စုံစမ်းသိရသည်။

ကွတ်ခိုင်မြို့ အနီးတဝှိက် တွင် ယမန်နေ့ (မေ ၄)ရက်မှ ညနေ ၃နာရီမှ စတင်ကာ ယနေ့ (မေ ၅)ရက် အထိ စစ်ကောင်စီ တပ်ဖွဲ့ နှင့် ကိုးကန့် (MNDAA)၊ တအာင်း (ပလောင်) TNLA တို့ ပူးပေါင်းတပ်ဖွဲ့ တို့စစ်ရေးပြင်းထန်းနေဆဲဖြစ်ပြီး၊ ကွတ်ခိုင်ပြည်သူများဗုံးခိုကျင်း တွင် ရှောင်တိမ်းနေရပြီး၊ တချို့မှာ နီးစပ်ရာဘုန်းကြီးကျောင်းတွင် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများ ပြောပြချက် အရသိရသည်။

“လက်ရှိတိုက်ပွဲကတော့ ဖြစ်နေဆဲပဲ။ လောလောဆယ်တော့ ကျနော်တို့ဆီ ဗုံးခိုကျင်းတွေ တူးထားတယ်။ အတတ်နိုင်ဆုံး တော့ ဗုံးခိုကျင်းနဲ့ နေကြတယ်။ လက်နက်ကြီးသံတွေ တိုက်ပွဲသံတွေ အရမ်းပြင်းထန်လာရင် ဗုံးခိုကျင်းထဲ ဝင်နေကြတယ်။ ” ဟု မန်ဘန်ဒေသခံ အမျိုးသား တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

တပ်မတော်ဘက်မှ ပစ်ခတ်သည့် ကျည်သည် ကျေးရွာထဲတွင် ကျရောက်သဖြင့် နေအိမ် (၅) လုံး နှင့် ကျွဲ တစ်ကောင် သေဆုံးခဲ့ရကြောင်း ၎င်းကဆက်ပြောသည်။

“တိုက်ပွဲ ပိုပြင်းထန်လာမှာပဲ စိုးရိမ်ရတယ်။တိုက်ပွဲပိုပြင်းထန်လာရင် ဒီမှာဆက်နေလို့မရတော့ဘူး ရှောင်ရမှာပေါ့။ မြို့ထဲလည်း လောလောဆယ် မလုံခြုံဘူးပေါ့ ဘာလို့လဲဆိုတော့ မြို့နားမှာလည်း တိုက်ပွဲဖြစ်လို့။” ဟု မန်ဘန်ဒေသခံ တစ်ဦး ကပြောသည်။

ယခုလက်ရှိချိန်ထိကွတ်ခိုင်မြို့ အနီးတဝှက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်နေသေးကြောင်း ကွတ်ခိုင် ဒေသခံများ ပြောပြချက် အရသိရသည်။

“တိုက်ပွဲပြင်းထန်လာရင် ဗုံးခိုကျင်းထဲ ဝင်လိုက်တယ်။ တိုက်ပွဲအခြေနေကတော့ အခုထိတော့ လက်နက်ကြီးတွေ ပစ်နေကြတုန်း။ ထိခိုက် ဒဏ်ရာ ရတဲ့သူလည်း ရှိတယ်လို့တော့ကြားတယ်။ ဘယ်လောက်ရှိလဲတော့ မသိရသေးဘူး ” ကွတ်ခိုင် ဒေသခံ အမျိုးသမီး တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ယမန်နေ့ တွင် ဖြစ်ပွားသည့် တိုက်ပွဲကြောင်း အရပ်သား (၅)ဦး ဒဏ်ရာရရှိပြီး၊ ထိုထဲမှ (၄)ဦးသည် ဒဏ်ရာပြင်းထန်သဖြင့် လားရှိုးမြို့ သို့ပို့ဆောင်ခဲ့ပြီး၊ နေအိမ် (၅)အိမ် လက်နက်ကြီး ထိမှန်ခဲ့ကြောင်း သိရသည်။

ကွတ်ခိုင်မြို့ အနီး တိုက်ပွဲ ဆက်လက်ပြင်းထန်းနေပြီး မြို့ အဝင် တိုးဂိတ် အနီးရှိ ပြည်လုံးချမ်းသာ ကျောင်းတိုက်တွင် စစ်ရှောင် (၂၀၀)ကျော်ရောက်ရှိနေကြောင်း သတင်းရရှိသည်။

“ဒီနေ့ တိုက်ပွဲသတင်းတက်လာတာတော့ မရှိဘူး။ မနေ့ကတော့ မန်လုံနားမှာ တစ်နေရာဖြစ်တယ်။ မန်ဘန်ရွာနားမှာ တစ်နေရာဖြစ်တယ်။ စစ်တပ်ဘက်က ထိုးစစ်ဆင်လာတာရှိတယ်။” ဟု TNLA မှ သတင်းပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က သျှမ်းသံတော်ဆင့် ကို ပြောသည်။

MNDAA နှင့် TNLA တပ်ဖွဲ့ ၂ဖွဲ့ ပူးတွဲရှိနေသည့် အချိန် စစ်ကောင်စီ ၏ တပ်ဘက်က လာရောက်ပစ်ခတ်သည့် အတွက် တိုက်ပွဲဖြစ်ရကြောင်း၊ စစ်ရေး တင်းမာမှုသည်လည်း စစ်ကောင်စီပေါ်မူတည်ကြောင်း မိုင်းအိုက်ကျော် က ဆိုသည်။

သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ကောင်စီ နှင့်တိုင်းရင်းသား လက်နက်ကိုင် များကြား တိုက်ပွဲဖြစ်ပွားခြင်း၊ လက်နက်ကိုင် တိုင်းရင်းသား အချင်းချင်း တိုက်ပွဲဖြစ်ပွားမှုများ ကြောင့် ဒေသခံ နေအိမ်များ မီးလောင်ပျက်စီးဆုံးရှုံးခြင်း၊ စစ်ဘေးရှောင်များ ထွက်ပြေးတိမ်းရှောင်နေရခြင်းများ ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

မိုးမိတ်မြို့အနီး ၂ ရက်ဆက် တိုက်ပွဲပြန်ဖြစ်၊ စစ်ရေးဆက်လက်တင်းမာနေ

0
သျှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့အနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နင့် စစ်ကော်မရှင်တပ် တို့ အကြား တိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး စစ်ရေး ဆက်လက်တင်းမာနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (ဩဂုတ်လ ၁၁ ရက်) မွန်းလွဲ ၁ နာရီခန့်မှစတင်ကာ မိုးမိတ်မြို့နှင့် ၂ မိုင်ခန့်အကွာရှိ ညောင်နီကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ ယမန်နေ့(...