Monday, February 2, 2026

နမ့်စန်မြို့ အစိုးရ ဌာနများရှိသည့်နေရာ ဗုံးလန့်မှုဖြစ်

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်ရှိ အစိုးရ ဌာနဆိုင်ရာ ရုံးများရှိရာ နေရာများတွင် ယနေ့ (မေ ၄)ရက် မနက် ၉ နာရီဝန်းကျင်တွင် ဗုံးရှိသည်ဟု စာတန်းပါရှိသော ပါဆယ်ထုပ် တွေ့ရှိသဖြင့် လမ်းများပိတ်ထားကြောင်း သတင်းရရှိသည်။

“ရုံးတက်နေတဲ့သူတွေကို သတိပေးတဲ့ ပုံစံဖြစ်မယ်ထင်တယ်။ ခုထိတော့ စစ်ဆေးနေတုန်းပဲလို့ သိရတယ်။ လမ်းတော့ ဆက်လက်ပိတ်ထားဆဲပါပဲ။” ဟု နမ့်စန်ဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

အဆိုပါ ဗုံးရှိသည်ဟု စာတန်းပါရှိသော နေရာသည် စည်ပင်သာယာရေး ဌာန၊ စာရင်းအင်း၊ ပြန်ဆက်၊ လဝက၊ စရဖ၊ ပလဖ ရုံးများ ရှိပြီး ယခင်တွင် (၉၁၃) ထောက်ပို့ တပ်ဟောင်း မျက်နှာစာဖြစ်ကြောင်း သိရသည်။

“ခုထိတော့ စစ်ကောင်စီဖက်က ဗုံးကို စစ်ဆေးနေတုန်းပဲလို့ သိရတယ်” ဟု ဒေသခံ တစ်ဦး ကပြောသည်။

နမ့်စန်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်သည့်အနေဖြင့် ပြောက်ကျားစနစ်ဖြင့်သာပြုလုပ်နိုင်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်စန်မြို့ စစ်ကောင်စီလေတပ်များ တိုင်းရင်းသားဒေသကို ထိုးစစ်ဆင်နေ

0
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့ရှိ စစ်ကောင်စီ လက်အောက်ခံ လေတပ်စခန်းကို အသုံးပြုကာ တိုင်းရင်းသားဒေသများသို့ ထိုးစစ်ဆင်နေကြောင်း နမ့်စန်ဒေသခံများက ပြောဆိုလိုက်သည်။ နမ့်စန်မြို့ရှိ လေတပ်စခန်းမှ ပစ္စည်းတင်ရဟတ်ယာဉ်များ၊ လူတင်ယာဥ်များနှင့် တိုက်လေယာဉ်တို့က နေ့စဥ် အဆင်းအတက် ပြုလုပ်နေကြောင်း နမ့်စန်မြို့ခံ ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “စစ်လေယာဉ်တွေ၊ ရဟက်ယာဉ်တွေ အတက်အဆင်းလုပ်နေတာက နေ့တိုင်းရှိနေပါတယ်၊...

နမ့်စန် မြို့မစျေးကြီးရှိ ရွှေဆိုင်တစ်ဆိုင်ကို လူတစ်စု က သေနတ်ပစ်ခတ် ဓားပြတိုက်ရန်ကြိုးစား

0
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့ရှိ မြို့မဈေးအတွင်းဖွင့်လှစ်ထားသည့် ခမ်းလီရွှေဆိုင်ကို ယနေ့ (ဇန်နဝါရီ ၇)ရက် ညနေ ၃ နာရီဝန်းကျင်တွင် မျက်နှာဖုံးဝတ်ဆင်ထားသည့် အမျိုးသားလူငယ်တစ်စုက သေနတ်ဖြင့် ပစ်ခတ်ဓားပြတိုက်ရန် ကြိုးစားခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ ဇန်နဝါရီလ ၇ ရက်နေ့ ညနေ ၃ နာရီကျော် ဝန်းကျင်တွင် နမ့်စန်မြို့မဈေးအတွင်းရှိ...

သျှမ်းတောင် နမ့်စန်မှ စစ်ရဟတ်ယာဥ်များ သျှမ်းမြောက်ဘက်သို့ ဦးတည် ပျံသန်း

0
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့ အခြေစိုက် အာဏာသိမ်းစစ်ကောင်စီ၏ လေတပ်မှ လေယာဥ်များစွာသည် မြောက်အရပ်သို့ ဦးတည်ပြီး ပျံသန်းသွားကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ယနေ့ ဇန်နဝါရီလ ၅ ရက်နေ့ နေ့လည် ၁၁ နာရီခွဲဝန်းကျင်ခန့်တွင် နမ့်စန်မြို့အခြေစိုက် စစ်ကောင်စီ လေတပ်စခန်းမှ အမျိုးအစားမတူသည့် လေယာဥ်များသည် သျှမ်းမြောက်ဘက်သို့...

နမ့်စန်မြို့နယ် နားရိုင်းပြည်သူ့စစ် ပြောင်းခြံပိုင်ရှင်ထံ ဆက်ကြေးကောက်

0
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ နားရိုင်းပြည်သူ့စစ်မှ ပြောင်းခြံပိုင်ရှင်ထံ ဆက်ကြေးကောက်နေကြောင်း စုံစမ်းသိရှိရသည်။ နမ့်စန်မြို့နယ် လိုက်ခါးကျေးရွာရှိ ပြောင်းစိုက်သည့် ခြံပိုင်ရှင်များထံ ဒီဇင်ဘာ (၂၆) ရက်နေ့ နောက်ဆုံးထားပြီး ဆက်ကြေးလာပေးရမည်ဖြစ်ကြောင်း လိုက်ခါးကျေးရွာ ပြောင်းခြံပိုင်ရှင် တစ်ဦးထံမှ စုံစမ်းသိရှိရသည်။ “ဒီနှစ်မှ သူတို့ စကောက်လာတယ်။ တစ်ခါမှ မကောက်ဖူးသေးဘူး။ တစ်ရွာလုံးကို...

နမ့်စန်အခြေစိုက်လေတပ် ရဟတ်ယာဉ် အသုံးပြုပြီး ထောက်ပို့လုပ်ဆောင်နေ

0
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့ အခြေစိုက် အာဏာသိမ်းစစ်ကောင်စီ၏ လေတပ်မှ ရဟတ်ယာဉ် အသုံးပြုပြီး ထောက်ပို့လုပ်ငန်းများ ဆောင်ရွက်နေကြောင်း သတင်းသိရသည်။ “ဒီနေ့မှာ ပုဇဉ်း (ရဟတ်ယာဥ်)တွေက ပုံမှန်ထက် တက်လိုက်ဆင်းလိုက် လုပ်နေတော့ လူလာချသလား၊ လူသယ် သွားသလား တစ်ခုခုပဲ၊ ရိက္ခာပို့တာလည်း ဖြစ်နိုင်တယ်လေ၊ ထောက်ပို့လုပ်ငန်းတွေ လုပ်နေတယ်လို့ မြင်တယ်”...