Thursday, April 25, 2024

နမ့်စန်မြို့ အစိုးရ ဌာနများရှိသည့်နေရာ ဗုံးလန့်မှုဖြစ်

Must read

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်ရှိ အစိုးရ ဌာနဆိုင်ရာ ရုံးများရှိရာ နေရာများတွင် ယနေ့ (မေ ၄)ရက် မနက် ၉ နာရီဝန်းကျင်တွင် ဗုံးရှိသည်ဟု စာတန်းပါရှိသော ပါဆယ်ထုပ် တွေ့ရှိသဖြင့် လမ်းများပိတ်ထားကြောင်း သတင်းရရှိသည်။

“ရုံးတက်နေတဲ့သူတွေကို သတိပေးတဲ့ ပုံစံဖြစ်မယ်ထင်တယ်။ ခုထိတော့ စစ်ဆေးနေတုန်းပဲလို့ သိရတယ်။ လမ်းတော့ ဆက်လက်ပိတ်ထားဆဲပါပဲ။” ဟု နမ့်စန်ဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

အဆိုပါ ဗုံးရှိသည်ဟု စာတန်းပါရှိသော နေရာသည် စည်ပင်သာယာရေး ဌာန၊ စာရင်းအင်း၊ ပြန်ဆက်၊ လဝက၊ စရဖ၊ ပလဖ ရုံးများ ရှိပြီး ယခင်တွင် (၉၁၃) ထောက်ပို့ တပ်ဟောင်း မျက်နှာစာဖြစ်ကြောင်း သိရသည်။

“ခုထိတော့ စစ်ကောင်စီဖက်က ဗုံးကို စစ်ဆေးနေတုန်းပဲလို့ သိရတယ်” ဟု ဒေသခံ တစ်ဦး ကပြောသည်။

နမ့်စန်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်သည့်အနေဖြင့် ပြောက်ကျားစနစ်ဖြင့်သာပြုလုပ်နိုင်ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article