ကျေးသီးမြို့နယ် RCSS နှင့် SSPP တို့ စစ်ရေးတင်းမာနေဆဲ
SHAN -
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း သျှမ်းတပ်(၂)တပ် စစ်အင်အားများလည်း ထပ်မံဖြည့်ကြပြီး စစ်ရေး ဆက်လက် တင်းမာနေဆဲ ဟု စုံစမ်းသိရသည်။ ကျေးသီးမြို့နယ် အတွင်း ဇွန် ၁ရက်မှ စတင်ကာ သျှမ်းတပ်(၂)တပ်သည် နယ်မြေကျူးလွန်မှုဆိုသည့် အငြင်းပွားမှုကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ ယနေ့ချိန်ထိ စစ်ရေးတင်းမာနေသည်။ ထို့ပြင် ဇွန် ၁၃ရက် မှစတင်ကာ သျှမ်းတပ်(၂)တပ်သည်...
စစ်တပ် သတင်းပေး သိန္နီမြို့နယ်ပညာရေးမှူးကို KIA နှင့် MNDAA တို့က စာပို့
SHAN -
သျှမ်းပြည် မြောက်ပိုင်း၊ သိန္နီမြို့မှ Non -CDM ပြုလုပ်ထားသည့် မြို့နယ်ပညာရေးမှူး၏ လက်ကိုင်ဖုန်းထံ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့(၂)ဖွဲ့က ခြိမ်းခြောက်စာပို့လာကြောင်း စုံစမ်းသိရသည်။ Non-CDM ပြုလုပ်ထားသည့် မြို့နယ်ပညာရေးမှူးဖြစ်သည့် ဒေါ်သူဇာအေး၏ လက်ကိုင်ဖုန်းသို့ ဇွန် (၂၅)ရက်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နှင့် ကိုးကန့်တပ်မတော် (MNDAA)တို့က ခြိမ်းခြောက်စာပို့လာကြောင်း သိရသည်။ ခြိမ်းခြောက်ခံရသူ...
SSPP အလိုမရှိကြောင်း ဆန္ဒပြချီတက်ချိန် ဗုံးခွဲခံရ (၂)ဦးသေဆုံး၊ (၂)ဦး ဒဏ်ရာပြင်းထန်
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ ဒေသခံ တထောင်ကျော်သည် ယနေ့(ဇွန် ၂၈)ရက် နေ့လည် ၁နာရီကျော်တွင် SSPP/SSA ကို အလိုမရှိကြောင်း ဆန္ဒပြနေစဉ်အတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားကာ အမျိုးသား (၂)ဦးသေဆုံးပြီး၊ ဒဏ်ရာပြင်းထန်ရသူများလည်း ရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ နေ့လည် (၁) နာရီခန့်က နမ့်ခမ်းမြို့ဒေသခံ (၁၀၀၀) ကျော်သည်...
မူဆယ်မြို့အမျိုးသားတစ်ဦး သေနတ်ပစ်ခံရ
SHAN -
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့ နောင်လောင်းကျေးရွာအုပ်စု မန်ဟောင်းလွယ်ကျေးရွာမှ အမျိုးသားတစ်ဦးသည် ပြီးခဲ့သည့် ဇွန်( ၂၆ )ရက် ည (၈) နာရီဝန်းကျင်တွင် သေနတ်ဖြင့် ပစ်ခံရကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်နေ့ ည ၈ နာရီဝန်းကျင် အချိန်တွင် အမည်မသိလက်နက်ကိုင်...
မူဆယ်မြို့ မူလတန်းကျောင်းသားတစ်ဦးထံ ကိုဗစ်- ၁၉ ပိုးတွေ့ရှိ
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ အမှတ်(၂) အထက်တန်းကျောင်း တွင် ဒုတိယကျောင်းသားထံ ကိုဗစ် -၁၉ ပိုးတွေ့ရှိကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ဇွန် ၂၈ နေ့လည်ပိုင်းအချိန်တွင် ကိုဗစ် -၁၉ ပိုးစစ်ဆေးရာတွင် ဒုတိယကျောင်းသား တစ်ဦးထံ ပိုးတွေ့ရှိကြောင်း မူဆယ်မြို့ ဒေသခံတစ်ဦးကပြောသည်။ “ ဒီနေ့ နေ့လည်အမှတ် (၂)...
SSPP/SSA မှဖမ်းဆီးပြီး သေဆုံးသွားသည့် မန်ဆွမ်းရွာသားအလောင်းကို မိသားစုဝင်များက ပြန်လိုချင်
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မန်ဆွမ်းကျေးရွာဒေသခံတစ်ဦးကို သျှမ်းပြည်တိုးတက်ရေးပါတီ ( SSPP/SSA) မှ ဖမ်းဆီးခေါ်ဆောင်ပြီး သေဆုံးသွားသည့် မန်ဆွမ်းရွာသား အလောင်းကို မိသားစုဝင်များက ပြန်လိုချင်ကြောင်း စုံစမ်းသိရသည်။ ဖမ်းဆီးခံရသည့် စိုင်းစံခမ်းအိုက် (၅၀)နှစ်သည် မေလ (၃၁) ရက် တွင် SSPP/SSA မှ နေအိမ်တွင် လာရောက်...
မိုင်းကိုင် မြေစာရင်းဦးစီးအရာရှိ သေနတ်ပစ်ခံရ၊ ဒေသခံလုံခြုံရေးစိုးရိမ်နေရ
SHAN -
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့တွင် မြေစာရင်းဦးစီးအရာရှိ တစ်ဦး သေနတ်ပစ်ခံရပြီးနောက် ဒေသခံများ လုံခြုံရေး စိုးရိမ်နေရကြောင်း စုံစမ်းသိရှိရသည်။ ဇွန် (၂၇) ရက်ည (၇) နာရီချိန်တွင် မိုင်းကိုင်မြို့ရှိ မြေစာရင်းရုံးရှေ့တွင် ဆိုင်ကယ်ဖြင့် လူ(၂)ဦး လာရောက် ပစ်ခတ်သွားကာ သေနတ်ဒဏ်ရာ (၄) ချက်မိသွားပြီး၊ လက်ရှိမှာ မိုင်းကိုင်ဆေးရုံတွင်...
လားရှိုးမြို့ကိုဗစ်-၁၉ ကြောင့်သေဆုံးသူများလာသဖြင့် ကျောင်းများ ယာယီပြန်ပိတ်
SHAN -
သျှမ်းပြည် မြောက်ပိုင်း၊ လားရှိုးမြို့တွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူဦးရေ များလာသဖြင့် အခြေခံပညာကျောင်းများကို ယနေ့ (မတ် ၂၈ )ရက် မှစတင်ပြီး ယာယီ ပိတ်လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇွန် ၂၇ ) ရက် မှစတင်ကာ လားရှိုးမြို့ကို Stay...
ကြံ့ခိုင်ရေးပါတီ လူမှုရေးအသင်းကားပေါ် ဘိန်းဖြူမိ၊ စစ်ကောင်စီ မှ ဖုံးကွယ်ရန် ကြိုးစား
SHAN -
သျှမ်းပြည် တောင်ပိုင်း ၊ ကလောမြို့နယ်၊ ရေယားဂိတ်၌ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံခိုင်ရေးပါတီ) မှတည်ထောင်ထားသည့် လူမှုကူညီရေးအသင်းယာဉ်ပေါ်မှ ဘိန်းဖြူများဖမ်းဆီးရမိခဲ့ပြီး စစ်ကောင်စီမှ သတင်းကို ဖုံးကွယ်ရန် ကြိုးစားနေကြာင်းသိရသည်။ ဇွန် ၂၄ရက် ညနေပိုင်းတွင် သျှမ်းတောင် နမ့်စန်မြို့နယ်၊ ကြံ့ခိုင်ရေးပါတီမှ တည်ထောင် ထားသည့် တောင်တန်းလူငယ် လူမှုကူညီရေးအသင်း၏ ယာဉ်ပေါ်မှတစ်ထုပ်လျှင်(၁)ကီလိုပါ...
သျှမ်းပြည်နယ်အတွင်းကိုယ်စားပြုတိုက်ပွဲ Proxy War စတင်နေပြီလား?
SHAN -
သျှမ်းပြည်တပ်မတော် ဝမ်ဟိုင်း နဲ့ သျှမ်းပြည်တပ်မတော် လွိုင်တိုင်းလျဲန်းတို့ဟာ ၂၀၁၇ က စပြီး နယ်မြေစိုးမိုးရေးအားပြိုင် တိုက်ပွဲဖြစ်ပွားလာခဲ့ပါတယ်။ တိုက်ပွဲကြောင့် သျှမ်းလူထု အသက်အိုးအိမ်ဆုံးရှုံးရတာတွေ၊ စစ်ဘေးရှောင်နေရတာတွေကြောင့် သျှမ်းပြည့်ကံကြမ္မာအတွက် မျက်ရည်မျက်ခွက်နဲ့ ရင်နင့်နေသူဟာ ကျနော် တစ်ယောက်တည်း တော့ ဟုတ်မယ်မထင်ပါဘူး။ သျှမ်းအမျိုးသားအတွက် ရှေ့တန်းတင်ဖို့၊ စည်းလုံးဖို့၊ တောင်းဆိုနေတာတွေလဲ...





