ကြံ့ခိုင်ရေးပါတီ လူမှုရေးအသင်းကားပေါ် ဘိန်းဖြူမိ၊ စစ်ကောင်စီ မှ ဖုံးကွယ်ရန် ကြိုးစား

သျှမ်းပြည် တောင်ပိုင်း ၊ ကလောမြို့နယ်၊ ရေယားဂိတ်၌ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံခိုင်ရေးပါတီ) မှတည်ထောင်ထားသည့် လူမှုကူညီရေးအသင်းယာဉ်ပေါ်မှ ဘိန်းဖြူများဖမ်းဆီးရမိခဲ့ပြီး စစ်ကောင်စီမှ သတင်းကို ဖုံးကွယ်ရန် ကြိုးစားနေကြာင်းသိရသည်။

ဇွန် ၂၄ရက် ညနေပိုင်းတွင် သျှမ်းတောင် နမ့်စန်မြို့နယ်၊ ကြံ့ခိုင်ရေးပါတီမှ တည်ထောင် ထားသည့် တောင်တန်းလူငယ် လူမှုကူညီရေးအသင်း၏ ယာဉ်ပေါ်မှတစ်ထုပ်လျှင်(၁)ကီလိုပါ ဘိန်းဖြူ(၁၀)ထုပ်ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ ကြံ့ခိုင်ရေး လူမှုရေးအသင်း ပေါ် မူးယစ်ဆေးဝါးဖမ်းဆီးရမည့်သည့် သတင်းကို ဖုံးကွယ်ပေးရန် စစ်ကောင်စီ အုပ်စု က ဌာနဆိုင်ရာ ရဲစခန်း ကို ညွှန်ကြားထားကြောင်း သတင်းရရှိသည်။

“ယာဉ်မောင်းပဲပါတယ်၊ သူလည်းထွက်ပြေးသွားတယ်၊ ညတွင်းချင်း သတင်းပိတ် ထားတာ ဘယ်သူမှ မသိကြဘူး၊သတင်းဖုံးကွယ်ပေးဖို့ စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ ကြားတယ်၊ အသင်းဝင်တွေအားလုံးက ကြံ့ခိုင်ရေးပါတီဝင်ပဲ”ဟု နမ့်စန်မြို့ရဲစခန်းနှင့် နီးစပ်သည့် ဒေသခံတစ်ဦးကပြောသည်။

အဆိုပါ ဖမ်းဆီးရမိသည့်ယာဉ်ကို ယင်းစစ် ဆေးရေးဂိတ်တွင် သိမ်းဆည်းထားပြီး အမှုဖြစ်စဉ်ကို ကလောရဲစခန်းမှ နမ့်စန်ရဲစခန်းသို့ အကြောင်းကြားချက်အရ သိရခြင်းဖြစ်ကြောင်း နီးစပ်သူများက ပြောသည်။

ယခင်ကလည်း အသင်းပိုင်ယာဉ်ဖြင့် သစ်များကို တရားမဝင် တင်ဆောင်ခဲ့ခြင်းကြောင့် ဒေသခံများက တိုင်ကြားခဲ့ဖူးပြီး သက်ဆိုင်ရာက အမှုပိတ်သိမ်းပေးခဲ့ဖူးကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ဖြစ်ပွားမှုကို အခွင့်ကောင်းယူပြီး တရားမဝင်မူးယစ်ဆေးထုတ်လုပ်မှုကို တိုးချဲ့နေသည်ဟုယမန်နေ့ဇွန်လ(၂၆)ရက်နေ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံးက ထုတ်ပြန်ခဲ့သည်။

ထို့ပြင် စစ်အာဏာသိမ်းမှုကြောင့်ဖြစ်ပေါ်လာသည့် မတည်ငြိမ်မှုမှာလည်း ထိရောက်သည့် ရဲတပ်ဖွဲ့လုပ်ငန်းဆောင်တာနှင့် နယ်စပ်စီမံခန့်ခွဲရေးအခြေအနေကို ပိုမိုဆိုးရွားစေသည်ဟု ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...