CATEGORY

သတင်း

လားရှိုးမြို့ ဖမ်းဆီးခံရသည့် တအာင်းလူငယ် (၆) ဦးကို အဆက်သွယ်မရရှိသေး

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားသည့် တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့ (TSYU)နှင့် တအာင်းပရဟိတ ပညာရေးဘော်ဒါဆောင် (TEC) မှ ဆရာများကို ယနေ့ အောက်တိုဘာ ၆ ရက်နေ့ထိ အဆက်သွယ်မရရှိသေးကြောင်း စုံစမ်းသိရှိရသည်။ ထိုဖမ်းဆီးခံထားရသည့် သူများကို လက်ရှိတွင် စစ်ကြောရေးစခန်းတွင် တည်ရှိနေပြီး မည်သည် စစ်ကြောရေးစခန်းတွင်...

စစ်ကောင်စီ ဖမ်းသွားသည့် သျှမ်းနီအဆိုတော် လူငယ် အဆက်သွယ် မရရှိသေး

စစ်ကောင်စီတို့ မတရားဖမ်းဆီး ခေါ်ဆောင်သွားသည့် သျှမ်းနီအဆိုတော် လူငယ်တစ်ဦးဖြစ်သည့် စိုင်းဝေယံအောင်သည် ယနေ့အထိ အဆက်အသွယ်မရရှိသေးသဖြင့် မိသားစုဝင်များနှင့် ဆက်စပ် ပက်သက်သူများက စိုးရိမ်နေကြောင်း စုံစမ်းသိရှိရသည်။ သျှမ်းနီအဆိုတော် လူငယ်တစ်ဦးဖြစ်သည် စိုင်းဝေယံအောင်ကို ၎င်း၏ဖေ့ဘုတ် Facebook လူမှုကွန်ယက်စာမျက်နှာတွင် စစ်ကောင်စီ လက်အောက်ခံအဖြစ် လက်ခံသည့် စစ်ကိုင်းတိုင်းအတွင်းမှ တိုင်းရင်းသားရေးရာဝန်ကြီး တစ်ဦးကို...

သီပေါမြို့နယ်အတွင်း ဈေးများဆက်ပိတ် ဈေးရောင်းသူ ခက်ခဲကြုံနေ

သျှမ်းမြောက် သီပေါမြို့နယ်အတွင်းရှိ ဈေးများအား ရက်အကန့်အသတ်မရှိ ယာယီဆက်လက် ပိတ်ထားတဲ့အတွက် ဈေးရောင်းသူများ အခက်ခဲ ကြုံနေကြောင်း သတင်းရရှိသည်။ သီပေါမြို့နယ်အတွင်းရှိ ဈေးများ ပိတ်ထားမှု (၃)လဝန်းကျင် ကြာမြင့်နေပြီဖြစ်သည့်အတွက် ဈေးရောင်း ချခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုနေရသူများအတွက် အခက်ခဲ ကြုံတွေ့နေရတာ ဖြစ်ကြောင်း ပျံကျဈေးသည်များထံမှ သိရသည်။ ယခင် သီပေါမြို့နယ် ဝက်ဝံပျံကျဈေးမပိတ်ခင်တွင်...

ပင်လောင်းမြို့နယ် ဖမ်းခံရ တောင်ရိုးအထောက်ကူပြု အဖွဲ့ဝင် အမှုမဖွင့်ရသေး

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆည်ခေါင်းကျေးရွာတွင် စစ်ကောင်စီမှ (၁၀)ရက်ကြာ ဖမ်းဆီးသွားသည့် တောင်ရိုးအထောက်ကူပြု ကိုအောင်ဆန်ကို ယနေ့ထိ အမှုဖွင့်ထားခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။ တောင်ရိုးအထောက်အကူပြု ကိုအောင်ဆန်းကို ဖမ်းဆီးသွားပြီးနောက် လက်ရှိတွင် ပင်လောင်းမြို့ ရဲစခန်းတွင် ရှိနေပြီး မည်သည် အမှုကြောင့် ဖမ်းဆီးထားသည်ကို မသိရှိရသေးကြောင်း ကိုအောင်ဆန်းနှင့် နီးစပ်သူ...

လောင်စာဆီဈေးမြင့်တက်မှု ဆီဆိုင်ထွန်စက် အငှားလိုက်သူ အလုပ် လက်မဲ့ဖြစ်

စစ်ကောင်စီက နိုင်ငံတော်အာဏာသိမ်းပြီးနောက် လောင်စာဆီဈေး တစ်ဟုန်ထိုး မြင့်တက်လာမှုကြောင့် သျှမ်းတောင် ဆီဆိုင်မြို့နယ်အတွင်း ထွန်စက်အငှားလိုက်သူများ အလုပ်လက်မဲ့ဖြစ်နေကြောင်း သတင်းရရှိသည်။ ယခင်က တစ်လလျှင် (၁၀)ရက်ထက်မနည်း ထွန်စက်အငှားလိုက်ပြီး အလုပ်ဖြစ်ခဲ့သော်လည်း ယခုတွင် (၂)လအတွင်း တစ်ကြိမ်သာ အငှားလိုက်ရသေးတာဖြစ်တဲ့အတွက် ဝင်ငွေမရှိပဲ အခက်ခဲကြုံနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “အရင်နှစ် ဒီအချိန်ဆိုရင် ပုံမှန်...

လွိုင်လင်ခရိုင် ကိုဗစ် – ၁၉ လူနာပြန်မြင့်တက် သွားလာကန့်သတ်

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်အတွင်း ယခုရက်ပိုင်း ကိုဗစ်- ၁၉ ပိုးတွေ့လူနာများ ပြန်လည်မြင့်တက် လာသည့်အတွက် အသွားအလာ ကန့်သတ်လိုက်ကြောင်း စုံစမ်းသိရသည်။ ဟိုပုံးကိုရင်လေး ပျံလွန်တော်မှုပြီး စက်တင်ဘာ (၂)ရက်တွင် ဈာပနာပွဲပြုလုပ်ပြီးနောက် ပင်လုံမြို့နှင့် လွိုင်လင်မြို့တို့မှ မြို့ပေါ်ရပ်ကွက် များတွင် နေထိုင်ကြသည့် ကားသမားများ အပြင် ကျေးရွာဘက်မှလည်း ပိုးတွေ့လူနားများ...

မိုင်းကိုင်မြို့နယ် လိမ္မော်ခြံထဲ အရပ်သား(၂)ဦး မိုင်းနင်းမိ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာအုပ်စုရှိ လိမ္မော်ခြံတွင် အရပ်သား (၂) ဦး မိုင်းနင်းမိကာ ဒဏ်ရာပြင်းထန်ကြောင်း စုံစမ်းသိရှိရသည်။ ဟမ်းငိုင်းကျေးရွာအုပ်စု နော်ဆိုင်ကျေးရွာရှိ လိမ္ပော်ခြံ အတွင်း အောက်တိုဘာ (၅)ရက် ည (၃)နာရီခွဲတွင် အသက် (၅၀) ကျော် အမျိုးသား (၂) ဦး မြေမြုပ်မိုင်း...

နမ့်ခမ်းမြို့နယ် ဗုံးပေါက်မှုဖြစ် အရပ်သားတစ်ဦးသေဆုံး

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ဝမ်းဟောင်း(မန့်ဟောင်း)ကျေးရွာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဒေသခံတဦးသေဆုံးခဲ့ကြောင်း ကနဦးသိရှိရသည်။ ယနေ့ (အောက်တိုဘာ ၅ )ရက် ည ၇ နာရီဝန်းကျင်တွင် ဝမ်းဟောင်းကျေးရွာ ဘောလုံးကွင်းတွင် ဗုံး (၂)လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အရပ်သား တဦးသေဆုံးသွားကြောင်း သိရသည်။ " ဘော်လုံးကွင်းနားပေါက်တာလို့ပြောတယ်။ တချို့ကတော့ Mytelတာဝါတိုင်လို့ပြောတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူရှိမရှိတော့...

(၃)နှစ်ပြည့် အမှုမှန်မပေါ်သေးတဲ့ ကျောက်မဲ ကျောင်းယွက်ဆရာတော်

“သစ်တပင်ကောင်းရင် ငှက်တသောင်းနားခိုနိုင်တယ်” ဆိုတဲ့စကားပုံအရ သစ်ပင်တပင်ပြိုလှဲသွားသလို ခံစားရကြောင်း ကျောက်မဲမြို့ သျှမ်းစာပေ နှင့် ယဉ်ကျေးမှု အသင်း ဥက္ကဌ လုင်းလျန်းဟန် က ပြောပါတယ်။ “ သစ်ပင်တပင်ပြိုလှဲသွားခဲ့ပြီး၊ သစ်ပင်ကို မှီခိုနေတဲ့ သူတွေ အတွက် အခက်အခဲတွေဖြစ်ခဲ့ရတယ်။ ဆရာတော် ဆုံးရှုံးလိုက်ရတာ ဟာ ကြီးမားတဲ့...

မြန်မာ-တရုတ်နယ်စပ် ကျယ်ဂေါင် ကုန်သွယ်ရေးဂိတ်ပြန်ဖွင့်

မြန်မာ- တရုတ်နယ်စပ် မူဆယ်မြို့ ရှိ ကျယ်ဂေါင် ကုန်သွယ်ရေးဂိတ်ကို ပြန်လှည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၃ ရက်နေ့က မူဆယ်-နမ့်ခမ်းနယ်စပ်ကုန်သွယ်ရေး ကုန်သည်များ အသင်း ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ထိုကုန်သွယ်ရေးဂိတ်ကို ပြန်လှည်ဖွင့်ပေးသော်လည်း တရုတ်နိုင်ငံတွင်းတွင် ကျန်ရှိနေသည့် ကုန်ပစ္စည်းများကိုသာ တင်းထုတ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။ “ တရုတ်ဘက်က ကျန်နေသေးတဲ့ ပစ္စည်းတွေကိုပဲ...

Latest news