Wednesday, January 28, 2026

နမ့်ခမ်းမြို့နယ် ဗုံးပေါက်မှုဖြစ် အရပ်သားတစ်ဦးသေဆုံး

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ဝမ်းဟောင်း(မန့်ဟောင်း)ကျေးရွာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဒေသခံတဦးသေဆုံးခဲ့ကြောင်း ကနဦးသိရှိရသည်။

ယနေ့ (အောက်တိုဘာ ၅ )ရက် ည ၇ နာရီဝန်းကျင်တွင် ဝမ်းဟောင်းကျေးရွာ ဘောလုံးကွင်းတွင် ဗုံး (၂)လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အရပ်သား တဦးသေဆုံးသွားကြောင်း သိရသည်။

” ဘော်လုံးကွင်းနားပေါက်တာလို့ပြောတယ်။ တချို့ကတော့ Mytelတာဝါတိုင်လို့ပြောတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူရှိမရှိတော့ မသိဘူး။ တယောက်တော့ သေသွားပြီ” ဟု နမ့်ခမ်းမြို့ ဒေသခံတဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

ဗုံးပေါက်ကွဲမှုသည် လွန်စွာကျယ်လွန်သောကြောင့် ယခုချိန်ထိ သေဆုံးသွားသည့်သူသည် မည်သူဖြစ်သည်ကို အသေးစိတ်မသိရှိရသေးကြောင်း ဒေသခံကပြောသည်။

” အသံက ၂ ချက်ကြားတာ အရမ်းကျယ်တယ်။ ကျနော်တို့နေတဲ့နေရာထိတောင်ကြားတယ်။ သေတဲ့သူက ဘယ်သူလဲတော့ သေချာမသိရသေးဘူး။ အခုက ဘယ်သူမှ မနီးနားကို မသွားရဲသေးဘူး။ ထိခိုက်ဒဏ်ရာရသူတဦးရှိတယ်လို့လည်း ပြောတယ်” ဟု နမ့်ခမ်းမြို့ ဒေသခံတဦးက ပြောသည်။

ထိုသို့ ဗုံပေါက်ကွဲမှု ဖြစ်စဥ်ကြောင့် ဒေသခံပြည်သူများက စိုးရိမ်နေကြရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

TNLA ထိန်းချုပ် နမ့်ခမ်းမြို့နယ် ဆီလီကွန်သတ္တုတူးဖော်ရေးကိစ္စ ဆန္ဒပြခံရ၊ TNLA လာရောက်တားမြစ်

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဆီလီကွန်သတ္တုတူးဖော်သည့် ကုမ္ပဏီကို ရွာသားများ ဆန္ဒပြနေစဉ် TNLA တပ်သားများက လာရောက်တားမြစ်ခဲ့ကြောင်း စုံစမ်းသိရသည်။ မေလ ၅ ရက် နံနက်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့နယ် မန်စပ်ကျေးရွာအုပ်စုတွင် ဆီလီကွန်ကျောက် (သလင်းကျောက်) တူးဖော်ထုတ်ယူနေသည့် မြန်မာရွှေသီးနှံကုမ္ပဏီ Myanmar...

“၁၀၂၇ စစ်ဆင်ရေး” ကာလ ခိုးယူခံရသည့် ပစ္စည်းများ ပြန်လည်ပေးပို့ရန် TNLA အသိပေး ထုတ်ပြန်

0
သျှမ်းပြည် အခြေစိုက် လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုဖြစ်သည့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) မှ “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း ခိုးယူခံရသည့် ပစ္စည်းများ ပြန်လည်ပေးပို့ရန် အသိပေး ထုတ်ပြန်လာခဲ့သည်။ ဇန်နဝါရီလ (၂၃) ရက်စွဲဖြင့် PSLF/TNLA မှ...

နမ့်ခမ်းမြို့နယ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ အမျိုးသမီးတစ်ဦးသေဆုံး၊ လူငယ်တစ်ဦး ဒဏ်ရာရ

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ယနေ့ (ဒီဇင်ဘာ ၁)ရက် နံနက်ပိုင်း၌ တိုက်ပွဲများ ပြင်းထန်ပြီး စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး လူငယ် တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့( ဒီဇင်ဘာလ ၁ ရက်နေ့) မနက် ၈ နာရီခွဲတွင် နမ့်ခမ်းမြို့...

စစ်ကောင်စီ နှင့် TNLA တို့ အပြန်အလှန် ပစ်ခတ်စဥ် လက်နက်ထိမှန်ပြီး (၂) ဦးသေဆုံး၊ ထိခိုက်သူများရှိ

0
သျှမ်းမြောက် နမ့်ခမ်းမြို့ ရှိ စည်ပင်သာယာရေးရုံးရှေ့တွင် စစ်ကောင်စီ နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ကြား ဒရုန်းပစ်ခတ်မှုကြောင့် နမ့်ခမ်း စည်ပင်ဝန်ထမ်း (၁) ဦး နှင့် ပြည်သူတစ်ဦး ပွဲချင်းပြီး သေဆုံးကာ ၇ ဦးထက် မနည်း...

နမ့်ခမ်းမြို့လယ်ဘုရားတွင် စစ်ကောင်စီ နှင့် TNLA တို့ တိုက်ပွဲ ထပ်မံဖြစ်ပွား

0
မြန်မာ - တရုတ်နယ်စပ်ဒေသ နမ့်ခမ်းမြို့ရှိ မြို့လယ်ဘုရားတွင် ယနေ့ ( နိုဝင်ဘာလ ၆ ရက်) ည ၇ နာရီ ဝန်းကျင်မှစပြီး စစ်ကောင်စီတပ် နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တို့ တိုက်ပွဲ ထပ်မံဖြစ်ပွားကာ...