Wednesday, January 28, 2026

လွိုင်လင်ခရိုင် ကိုဗစ် – ၁၉ လူနာပြန်မြင့်တက် သွားလာကန့်သတ်

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်အတွင်း ယခုရက်ပိုင်း ကိုဗစ်- ၁၉ ပိုးတွေ့လူနာများ ပြန်လည်မြင့်တက် လာသည့်အတွက် အသွားအလာ ကန့်သတ်လိုက်ကြောင်း စုံစမ်းသိရသည်။

ဟိုပုံးကိုရင်လေး ပျံလွန်တော်မှုပြီး စက်တင်ဘာ (၂)ရက်တွင် ဈာပနာပွဲပြုလုပ်ပြီးနောက် ပင်လုံမြို့နှင့် လွိုင်လင်မြို့တို့မှ မြို့ပေါ်ရပ်ကွက် များတွင် နေထိုင်ကြသည့် ကားသမားများ အပြင် ကျေးရွာဘက်မှလည်း ပိုးတွေ့လူနားများ တွေ့ရှိမှု များပြားလာကြောင်း ဒေသခံ ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီဘက်က ပအိုဝ်းတွေကလည်း ဟိုပုံးကိုရင်လေး ဈာပနာပွဲကို သွားကြတာများတယ်လေ၊ အဲ့ပွဲက အပြီးကျနော်တို့ မြို့နဲ့ ပင်လုံက ပိုးတွေ့လူနာများလာတယ်၊ အစကလွိုင်လင်နဲ့ တောင်ကြီး၊ ပင်လုံနဲ့ တောင်ကြီး တို့ကို ကားမောင်း တဲ့ ကားသမားတွေကနေပိုးတွေ့ များလာတာ၊ အခုဆို ရွာဘက်မှာလည်း ပိုးတွေ့တွေ များလာတယ်” ဟု လွိုင်လင်မြို့ခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နေ့ အောက်တိုဘာလ ၆ ရက်နေ့ တစ်ရက်တည်းအတွင်းတွင် လွိုင်လင်မြို့နယ်အတွင်း ကိုဗစ် – ၁၉ သံသယလူနာ ၁၀၀ ကျော်ကို စစ်ဆေးရာ ၄၂ ဦးတွင် ကိုဗစ် – ၁၉ ပိုးတွေ့ရှိရပြီး ပင်လုံမြို့မှ အရှေ့တိုက် နောင်လိုက်ကျေးရွာတွင်လည်း ဘဏ်ဝန်ထမ်း အပါအဝင် ၄ ဦးကို ကိုဗစ် – ၁၉ တွေ့ရှိရကြောင်း ဒေသခံတစ်ဦး ကသျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ပိုးတွေ့လူနာတွေ ပြန်များလာလို့ ဆိုင်တချို့လည်း ပိတ်ထားပြီ၊ ဒါက လာစစ်တဲ့သူတွေထဲက တွေ့ရတဲ့ ပိုးတွေ့ ပမာဏပေါ့၊ တချို့ကတွေက ဖျားနာကြတယ်၊ အနံ့ပျောက် ကြတယ်၊ ဒါပေမဲ့ သူတို့ လာမစစ်ကြဘူး၊ ပြောရရင် တချို့က ဟိုပုံးကိုရင်လေးရဲ့ အပြောကို ယုံကြည်ကြတုန်းပဲ၊ ရွာဖက်မှာဆို အိမ်မှာပဲ ကြိတ်ကုကြတာများတယ်၊ အဲ့ကြောင့်အခုဆို သွားလာမှုတွေကိုလည်း တင်းကြပ်ထားတယ်” ဟု လွိုင်လင်မြို့နေ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် လွိုင်လင်မြို့နှင့် ပင်လုံမြို့တွင်း ထပ်တိုးတွေ့ရှိလာသည့် ပိုးတွေ့လူနာများသည် ဟိုပုံးကိုရင်လေး ဈာပနာပွဲကို သွားရောက်ခဲ့သူများ ဖြစ်ကြကြောင်းသိရသည်။

တောင်ကြီးသို့ ကားမောင်းသည့် ကားသမားများနှင့် ၎င်းတို့ကို ထိတွေ့ပက်သက်မှုရှိခဲ့သည့် သူများက ပိုးတွေ့ခဲ့ခြင်းဖြစ်ရာ ဈေးဆိုင်တချို့တို့သည် တောင်ကြီးပြန်ကားသမားနှင့် ဟိုပုံးကိုရင်လေး ဈာပနာပွဲကို သွားခဲ့သူများကို လက်ခံ ရောင်းချ ပေးခြင်း များလည်း မပြုလုပ်တော့သည့်အတွက် ဒေသတွင်း စိတ်ဝမ်းကွဲမှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် စိုးရိမ်ရကြောင်းလည်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တမြို့တည်းနေပေမယ့် မီးပေးမှုက တရားမျှတမှုမရှိ “

0
သျှမ်းပြည် လွိုင်လင်ခရိုင် ပင်လုံမြို့မှာ လျှပ်စစ်မီးပေးဝေမှုနဲ့ ပတ်သက်ပြီး မျှတမှုမရှိကြောင်း ရင်ဖွင့်ချင်လို့ ဒီစာကိုရေးလိုက်ခြင်း ဖြစ်ပါတယ်။ ကျနော်တို့ ပင်လုံမြို့ ရပ်ကွက် ၃ မှာ ညဘက်ဆို မီးပျက်နေတာကြာပါပြီ။ နေ့ပိုင်းဆိုရင်လည်း ၅ မိနစ်လောက် မီးလာပြီး ပြန်ပျက်လိုက်နဲ့ တောက်လျှောက်ကို ဖြစ်နေတာပါ။ မီးပျက်တဲ့အကြောင်းအရင်းကို မေးကြည့်တော့ မီးအားမနိုင်လို့...

လွိုင်လင်ခရိုင်နှင့် တောင်ကြီးခရိုင်အတွင်း စက်သုံးဆီပြတ်လပ် ထောက်ခံစာဖြင့်သာဝယ်နေရ

0
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်နှင့် တောင်ကြီးခရိုင်တို့ဘက်တွင် စက်သုံးဆီများပြတ်လပ်နေပြီး ထောက်ခံစာဖြင့်ဝယ်နေရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင် ၃၁)ရက် ညနေပိုင်းတွင် စက်သုံးဆီရောင်းချနေသည့် ဆိုင်ကြီးများတွင် တန်းစီပြီး ထောက်ခံစာဖပါလာသည့် သူများကိုသာ ရောင်းချပေးနေကြောင်း တောင်ကြီးမြို့နယ် မှ ဒေသခံ အမျိုးသမီးတစ်ဦး ကသျှမ်းသံတော်ဆင့်ကိုပြောသည်။ ‘’၂ပိဿာပုံးနဲ့သွားဝယ်တာတောင် ထောက်ခံစာပါမှ ရောင်းပေးတာ ။ အိမ်က...

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

လွိုင်လင်မြို့ မွေတော်ဆရာတော် ပျံလွန်တော် အကြောင်းပြ လောင်းကစားဝိုင်းဖွင့်

0
သျှမ်းပြည် လွိုင်လင်ခရိုင် လွိုင်လင်မြို့ ရပ်ကွက် ၄ ရှိ မွေတော်ဘုန်းကြီးကျောင်း ဆရာတော် ပျံလွန်တော်မှုသည်ကို အကြောင်းပြပြီး လောင်းကစားဝိုင်း ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဧပြီ ၂၂ ရက်နေ့တွင် လွိုင်လင်မြို့ မွေတော် ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မှုသွားခဲ့ပြီး ဧပြီ ၂၄ ရက်နေ့မှစပြီး လောင်းကစားဝိုင်းကို...

ဖုန်းလိုင်း ပိတ်ခံရာမှတစ်ဆင့် Kpay အကောင့်ထဲမှ ပိုက်ဆံများ အလိုအလျောက်ဆုံးရှုံး

0
သျှမ်းပြည် လွိုင်လင်ခရိုင် ကျေးသီးမြို့တွင် ဖုန်းလိုင်း ပိတ်ခံရာမှတစ်ဆင့် Kpay အကောင့်ထဲရှိ ပိုက်ဆံများ အလိုအလျောက် တခြားအကောင့်သို့ လွှဲအပ်သွားကာ ပိုက်ဆံများ ဆုံးရှုံးနေရကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ကျေးသီးမြို့ခံ အမျိုးသမီးတစ်ဦးသည် ယမန်နေ့ (ဖေဖော်ဝါရီ ၈) ရက် နံနက်ပိုင်း ၁၀ နာရီ ၄၅...