Saturday, February 21, 2026

CATEGORY

သတင်း

မိုင်းကိုင်မြို့နယ် အတွင်း လက်နက်ကြီးသံ ဆက်ကြားနေရ၊ စစ်ရှောင်နေရပ်မပြန်နိုင်သေး

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်းတွင် ယနေ့(အောက်တိုဘာ ၄)ရက် မနက်ပိုင်း မှ စတင်ကာ လက်နက်ကြီးသံများ ဆက်ကြားနေရသဖြင့် စစ်ရှောင် (၃၀၀၀)ကျော် နေရပ်မပြန်နိုင်သေးကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာ (၄) ရက် မနက်ပိုင်းတွင် မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာ တွင် ယနေ့ (အောက်တိုဘာ ၄)ရက် မနက်ပိုင်းမှ စတင်ကာ...

စစ်ရှောင်ကူညီနေသည့် လဲချားလူငယ် ခြိမ်းခြောက်ခံနေရ

သျှမ်းပြည်တောင်ပိုင်းရှိ စစ်ဘေးရှောင်များကို လိုက်လံကူညီပေးနေသည့် လဲချားလူငယ်များ ယခုရက်ပိုင်း ခြိမ်းခြောက်ခံနေကြောင်း စုံစမ်းသိရသည်။ ယခုရက်တပတ်အတွင်း စစ်ရှောင်များအတွက် လိုက်လံကူညီလုပ်ဆောင်ပေးနေသည့် လဲချားလူငယ်သည် လူမှုကွန်ရက် အင်တာနက်စာမျက်နှာ၊ ဖုန်းဆက်ပြီး ခြိမ်းခြောက်စကားများပြောဆိုခံရကြောင်း လဲချားလူငယ်တစ်ဦး စိုင်းဦး (အမည်လွှဲ) က သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ ပြီးခဲ့တဲ့ တစ်ပတ်ကတော့ ဖုန်းဆက်ပြီး မင်းက...

သျှမ်းပြည် ကျောက်မီးသွေး ထွက်ရှိမှု အသုံးပြုပြီး လျှပ်စစ်ဓာတ်အားထုတ်ရန် စစ်ကောင်စီ ခေါင်းဆောင် ပြော

သျှမ်းပြည်တွင် ကျောက်မီးသွေးများထွက်ရှိသဖြင့် ကျောက်မီးသွေးကို အသုံးပြုပြီး ခေတ်မီနည်းပညာများဖြင့် စနစ်တကျ ထုတ်ပါက ပတ်ဝန်းကျင် ထိခိုက်မှုနည်းပါးစေပြီး လျှပ်စစ်ဓာတ်အားထုတ်ယူရမည် ဟု စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားလိုက်သည်။ ထိုပြောကြားမှုသည် ယမန်နေ့ (အောက်တိုဘာ ၁)ရက် တွင် သျှမ်းပြည်တောင်ကြီးမြို့ သို့ရောက်ရှိနေစဉ် စစ်ကောင်စီ...

မူဆယ်မြို့တွင်း ပစ်ခတ်မှုဖြစ်ပွား၊ လူတစ်ဦးသေဆုံး

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ကောင်းမူးတုံရပ်ကွက် နမ့်ခမ်းစက်မှုဇုန်တွင် ယမန်နေ့ (အောက်တိုဘာ ၁)ရက် ည ၇နာရီတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ယမန်နေ့ ညတွင် ဓားပြတိုက်အုပ်စုကို စစ်ကောင်စီနှင့် ပြည်သူ့စစ်မှ လာရောက်ဖမ်းရာ ဓားပြအဖွဲ့ ဟုဆိုသူများက နေအိမ်တံခါး မဖွင့်ပေးသဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ “...

လဲချားမြို့နယ်အတွင်း မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုရောက်နေသည့် သတင်းထွက်ပေါ်နေ

သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်အတွင်းရှိ ကျေးရွာများတွင် “ဝ” တပ်ဖွဲ့ဦးဆောင်သည့် မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့ (တပ်ပေါင်းစု)များရောက်ရှိနေရာယူကြောင်း သတင်းများ ထွက်ပေါ်နေသည့် အတွက် ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်နေကြောင်း သတင်းသိရသည်။ လဲချားမြို့နယ် အတွင်းရှိ ပန်ဖွန်းကျေးရွာနှင့်အနီးတစ်ဝိုက်ရှိကျေးရွာများအနီးတွင် တပ်ပေါင်းစုအဖွဲ့ဟု ယူဆ ရသည့် စစ်ကြောင်း တစ်ခုသည် လာရောက်နေရာယူထားသည့်အတွက် ဒေသခံ ရွာသားများက...

မိုင်းကိုင်မြို့နယ် စစ်ရှောင်မှ မွေးကင်းစမိခင်များ နေရာထိုင်ခင်း၊ အဟာရမှုန့်လိုအပ်

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာအုပ်စု မှ စစ်ရှောင်စခန်းတွင် မွေးကင်းစမိခင်များ အတွက် နေရာအထိုင်အခင်း နှင့် အာဟာရမှုန့်များ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ ဟမ်းငိုင်းကျေးရွာအုပ်စုရှိ ကုန်းစုံဘုန်းကြီးကျောင်းမှာ စစ်ရှောင် (၇၅၃) ဦးရှိပြီး ၎င်းတို့ အထဲမှာ မွေးကင်းစမိခင် (၂၀) ကျော်၊(၃) နှစ်အောက် ကလေးငယ် (၄၀)...

ညောင်ရွှေ ကားသမားတစ်ဦးကို စစ်ကောင်စီ ပစ်သတ်

သျှမ်းပြည် တောင်ပိုင်း ညောင်ရွှေမြို့မှ ကုန်ခြောက်များတင်လာသည့် ကားသမားတစ်ဦးကို စစ်ကောင်စီ တို့က သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း စုံစမ်းသတင်းသိရသည်။ ဖြစ်စဉ်မှာယမန်နေ့ စက်တင်ဘာလ ၃၀ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်တွင် ညောင်ရွှေမြို့မှ ကုန်ခြောက်များ နှင့် ပြောင်းဆန်တစ်ချို့ တင်ဆောင်လာသည့် ကားသည် စံကားကျေးရွာအနီးရှိ စစ်ကောင်စီတပ်...

ပင်လုံမြို့တွင်း စစ်ကောင်စီ အင်အားဖြည့်

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့တွင် စစ်ကောင်စီကောင်းများ စစ်အင်းအားအပြည့်ဖြင့် သွားလာ နေကြောင်း စုံစမ်းသိရှိရသည်။ ယမန့်နေ့ စက်တင်ဘာ (၃၀) ပင်လုံမြို့တွင် စစ်ကောင်စီတပ်သားများ အင်အားအပြည့်ဖြင့် လွိုင်လင်မြို့ဘက်သို့ သွားလာလှုပ်ရှားနေကြောင်း ဒေသခံများက ပြောသည်။ “ မနေ့က လဲချားဘက်ကနေတက်လာတာတွေ့တယ်။ ဒီနေ့တော့ လွိုင်လင်ဖက်ကိုတက်သွားတယ်။ နည်းနည်းတော့ များတယ်။ အင်အားအပြည့်နဲ့ ဘယ်ကိုသွားမလဲတော့မသိဘူး။...

ဓါတ်တိုင်ကို ဝင်တိုက်သည့် ဆီဘောက်ဆာကား ယာဉ်မောင်းပွဲချင်းပြီးသေဆုံး

သျှမ်းပြည် တောင်ပိုင် ဟဲဟိုး မြို့အဝင်နားတွင် ဆီဘောက်ဆာကားကြီးတစ်စီးသည် လမ်းဘေးရှိ ဓါတ်တိုင် အား ဝင်ရောက်တိုက်မိခဲ့ပြီး ယာဉ်မောင်းပွဲချင်းပြီးသေဆုံးသွားကြောင်း သတင်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၃၀) ရက် ည ၉ နာရီဝန်းကျင် အချိန်တွင် အောင်ပန်းဘက်မှ ဟဲဟိုးမြို့သို့ မောင်းနှင်လာသော ဆီဘောက်ဆာကားကြီးသည် လမ်းဘေးဓါတ်တိုင်ကို ဝင်တိုက်မိပြီး...

လောင်စာဆီဈေးမြင့်တက်မှုကြောင့် ပြည်သူများအခက်ကြုံ

စစ်ကောင်စီက နိုင်ငံတော်အာဏာကို သိမ်းယူပြီးနောက် ကုန်ဈေးနှုန်းနှင့်အတူ လောင်စာဆီဈေးနှုန်း တစ်ဟုန်ထိုးမြင့်တက်လာခဲ့မှုကြောင့် ပြည်သူများ အခက်ကြုံနေရကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည်အတွင်း တစ်ချို့မြို့နယ်များရှိ ပန့်ဆီဆိုင်ပိုင်ရှင်များသည် အရင်းမရဘဲ အရှုံးပေါ်နေသဖြင့် ဆိုင်ကို ယာယီပိတ်သိမ်းထားရသည်အထိ အခက်ခဲကြုံနေရကြောင်း ဒေသခံများထံမှ သိရသည်။ “အဓိကတော့ ဈေးတွေ အရမ်းတက်သွားလို့ပေါ့၊ ဘယ်လိုဖြစ်နေလဲဆိုရင် ဒီနေ့ ရောင်းရတဲ့ငွေက မနက်ဖြန်အတွက်...

Latest news