Thursday, January 29, 2026

ဓါတ်တိုင်ကို ဝင်တိုက်သည့် ဆီဘောက်ဆာကား ယာဉ်မောင်းပွဲချင်းပြီးသေဆုံး

သျှမ်းပြည် တောင်ပိုင် ဟဲဟိုး မြို့အဝင်နားတွင် ဆီဘောက်ဆာကားကြီးတစ်စီးသည် လမ်းဘေးရှိ ဓါတ်တိုင် အား ဝင်ရောက်တိုက်မိခဲ့ပြီး ယာဉ်မောင်းပွဲချင်းပြီးသေဆုံးသွားကြောင်း သတင်းသိရသည်။

ယမန်နေ့ (စက်တင်ဘာလ ၃၀) ရက် ည ၉ နာရီဝန်းကျင် အချိန်တွင် အောင်ပန်းဘက်မှ ဟဲဟိုးမြို့သို့ မောင်းနှင်လာသော ဆီဘောက်ဆာကားကြီးသည် လမ်းဘေးဓါတ်တိုင်ကို ဝင်တိုက်မိပြီး 66KV ဓါတ်အား လိုင်း ခေတ္တပြတ်တောက်သွားခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။

“ယာဉ်မောင်းက မူးပြီးမောင်းတာလားတော့မသိဘူး၊ ဒီဘက်နားမှာ အကွေ့တော့ရှိတယ်၊ ဖြစ်လေ့ဖြစ်ထ တော့မရှိပါဘူး၊ ယာဉ်မောင်းက ပွဲချင်းပြီး သေဆုံးရတယ်၊ ကျနော်တို့ဖက်က မြို့တွင်းပိုင်းဆိုတော့ မီးက ခေတ္တပျက်သွားတာပါ၊ ကျန်တဲ့ မြို့တွေတော့ မသိသေးဘူး၊ မီးပျက်မယ်ဆိုပြီးတော့ ကြေညာထားတယ် လို့လဲ ကြားမိတယ်” ဟု ဟဲဟိုးမြို့နေ ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယာဉ်ပေါ်ပါ ယာဉ်မောင်းသည် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး အေးသာယာ ၊ အောင်သပြေ ၊ ညောင်ရွှေ ၊ ရပ်စောက် နှင့် ဟဲဟိုး စသည့်မြို့များတွင် ဓါတ်အားလိုင်း ပြတ်တောက်မည်ဖြစ်ကြောင်းလည်း သက်ဆိုင် မြို့နယ်များမှ လျှပ်စစ်ဌာနများက ထုတ်ပြန်ထားကြောင်း သတင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဒို့ညီနောင်ကားဂိတ်မှ အရက်မူးနေသည့် ယာဉ်မောင်းကို ခရီးသည်တင်ကားမောင်းခွင့်ပြုမှုကြောင့် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ-နေပြည်တော် ပြေးဆွဲနေသော “ဒို့ညီနောင်” လိုင်းကားသည် အရက်မူးနေသော ယာဉ်မောင်းအား ကားမောင်းခိုင်းရာမှ ယမန်နေ့ည (၈) နာရီ အချိန်တွင် မိုင်းပျဉ်း-တုံတာကြားရှိ ကိုးကွေ့တောင်တွင် ယာဉ်တိမ်းမှောက်သွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (ဧပြီလ ၂၄ ရက်) ညနေ ၄ နာရီအချိန်တွင် ကျိုင်းတုံ-နေပြည်တော် ထွက်ခွာမည့်...