Thursday, January 29, 2026

ဒို့ညီနောင်ကားဂိတ်မှ အရက်မူးနေသည့် ယာဉ်မောင်းကို ခရီးသည်တင်ကားမောင်းခွင့်ပြုမှုကြောင့် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ-နေပြည်တော် ပြေးဆွဲနေသော “ဒို့ညီနောင်” လိုင်းကားသည် အရက်မူးနေသော ယာဉ်မောင်းအား ကားမောင်းခိုင်းရာမှ ယမန်နေ့ည (၈) နာရီ အချိန်တွင် မိုင်းပျဉ်း-တုံတာကြားရှိ ကိုးကွေ့တောင်တွင် ယာဉ်တိမ်းမှောက်သွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ (ဧပြီလ ၂၄ ရက်) ညနေ ၄ နာရီအချိန်တွင် ကျိုင်းတုံ-နေပြည်တော် ထွက်ခွာမည့် ဒို့ညီနောင် ကားဂိတ်တွင် ခရီးသည်ပို့ဆောင်မည့် အသက် (၅၁) နှစ်အရွယ် ယာဉ်မောင်း ကိုလံဖစ်သည် အရက်မူးနေသဖြင့် ခရီးသည်များက ယာဉ်မောင်းလဲလှယ်ပေးရန် ဂိတ်မှူးကို ပြောသော်လည်း မရခဲ့သောကြောင့် ယခုကဲ့သို့ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရသည်ဟု သိရသည်။

“ကျမတို့က ကားမထွက်ခင် ၂ နာရီ ကြို‌ရောက်တာ။ ကားမောင်းပေးမယ့်လူက မျက်လုံးတွေ နီရဲပြီး ယောင်ထိုးနေတာ။ ကျမတို့က ဂိတ်မှူးကို လူလဲပေးဖို့ ဝိုင်းပြောတော့ ကားသမားတစ်ယောက်ကို နောင်ချိုထိမောင်းဖို့ အကူထည့်လိုက်တယ်။ ပန်ကြူရောက်တာနဲ့ ကားသမားကို ပြန်ခိုင်းလိုက်ပြီး အရက်မူးနေတဲ့ ကိုလံဖစ်က မောင်းတာ။ ၁၅ မိနစ်ကြာတော့ ကိုးကွေ့တောင်ရဲ့ ခြောက်ကွေ့မှာ ကားက ချောက်ထဲ ထိုးကျတာပဲ။ တော်သေးတယ် သစ်ပင်ခံသွားလို့၊ မဟုတ်ရင် ကျမတို့ အကုန်သေပြီ”ဟု ကိုယ်တိုင်ကြုံတွေ့ရသည့် ခရီးသည် အမျိုးသမီးတစ်ဦးက ပြောသည်။

၎င်းတိမ်းမှောက်ခဲ့သည့် ကားပေါ်တွင် ကားသမားတစ်ဦး အပါအဝင် ခရီးသည် (၉)ဦး ပါဝင်ပြီး ထိုခရီးသည်များထဲမှ ကိုယ်ဝန်ဆောင်အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

ယခုကဲ့သို့ ယာဉ်တိမ်းမှောက်သွားသည့်အပေါ် ကားဂိတ်မှူးမှ တာဝန်ယူမှု တစုံတရာ မပြုလုပ်သေးကြောင်းနှင့် ယာဉ်မောင်း ကိုလံဖစ်ကို တုံတာရဲစခန်းမှ ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု သိရသည်။

“ကားသမား အာမခံပေးတိုင်း လိုက်မစီးသင့်ဘူး။ အသက်ကို တန်ဖိုးမထားတဲ့ ကားသမားရော ကားဂိတ်ရော ပြင်းပြင်းထန်ထန် အရေးယူပေးစေလိုပါတယ်။ ကားမောင်းတဲ့ ကိုလံဖစ်ကိုတော့ တုံတာရဲစခန်းက လာဖမ်းသွားတယ်။ မဖမ်းခင် စစ်မေးတုန်းက အရက်မမူးဘူးဆိုပြီး ဇွတ်ငြင်းသေးတာ။ ကျန်ခဲ့တဲ့ ပစ္စည်းတွေကို ပို့မယ်ဆိုပြီး ဘာမှ မဆက်သွယ်လာသေးပါဘူး။ ဘာတာဝန်ယူမှုမှလည်း မလုပ်ပေးသေးပါဘူး”ဟု ၎င်းခရီးသည် အမျိုးသမီးတစ်ဦးက ပြောသည်။

ကိုးကွေ့တောင်သည် မိုင်းပျဉ်း-တုံတာကြားတွင်ရှိပြီး တောင်တက်တောင်ဆင်းများဖြင့် အန္တရာယ်များသော လမ်းပိုင်းဖြစ်ပြီး ကားသမားများအနေဖြင့် ဂရုတစိုက် မောင်းနှင် သွားလာသင့်သည်ဟု ထိုအမျိုးသမီးက အကြံပြုပြောဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဓါတ်တိုင်ကို ဝင်တိုက်သည့် ဆီဘောက်ဆာကား ယာဉ်မောင်းပွဲချင်းပြီးသေဆုံး

0
သျှမ်းပြည် တောင်ပိုင် ဟဲဟိုး မြို့အဝင်နားတွင် ဆီဘောက်ဆာကားကြီးတစ်စီးသည် လမ်းဘေးရှိ ဓါတ်တိုင် အား ဝင်ရောက်တိုက်မိခဲ့ပြီး ယာဉ်မောင်းပွဲချင်းပြီးသေဆုံးသွားကြောင်း သတင်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၃၀) ရက် ည ၉ နာရီဝန်းကျင် အချိန်တွင် အောင်ပန်းဘက်မှ ဟဲဟိုးမြို့သို့ မောင်းနှင်လာသော ဆီဘောက်ဆာကားကြီးသည် လမ်းဘေးဓါတ်တိုင်ကို ဝင်တိုက်မိပြီး...