မိုင်းကိုင်မြို့နယ် အတွင်း လက်နက်ကြီးသံ ဆက်ကြားနေရ၊ စစ်ရှောင်နေရပ်မပြန်နိုင်သေး

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်းတွင် ယနေ့(အောက်တိုဘာ ၄)ရက် မနက်ပိုင်း မှ စတင်ကာ လက်နက်ကြီးသံများ ဆက်ကြားနေရသဖြင့် စစ်ရှောင် (၃၀၀၀)ကျော် နေရပ်မပြန်နိုင်သေးကြောင်း စုံစမ်းသိရသည်။

အောက်တိုဘာ (၄) ရက် မနက်ပိုင်းတွင် မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာ တွင် ယနေ့ (အောက်တိုဘာ ၄)ရက် မနက်ပိုင်းမှ စတင်ကာ နေ့လယ်ပိုင်းထိ လက်နက်ကြီးသံများ ဆက်လက်ကြားနေရသေးကြောင်း ကုန်းစုံဘုန်းကြီးကျောင်း ရောက်ရှိနေသည့် စစ်ရှောင် တစ်ဦးထံမှ စုံစမ်းသိရှိရသည်။

“အခုထက်ထိ ကုန်းစုံဘုန်းကြီးကျောင်းကနေ လက်နက်ကြီးသံတွေကြားနေရတယ်။ လက်နက်သံတွေ ဆက်တိုက်ကြားနေရတဲ့အတွက် နေရပ်မပြန်နိုင်သေးဘူး ” ဟု ကုန်းစုံဘုန်းကြီးကျောင်း က စစ်ရှောင် တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာအုပ်စုမှာ စစ်ရှောင် (၂၂၃၃) ဦး နှင့် ဟမ်းငိုင်းကျေးရွာအုပ်စု (၉၀၀) ကျော် နှင့် လွယ်လိုင်ဘုန်းကြီးကျောင်း (၃၀) ကျော် ရှိထားကြောင်း စုံစမ်းသိရှိရသည်။

“စစ်ရှောင်တွေက မပြန်ရဲသေးဘူး။ ၂ ဖက်တပ် စစ်ရေးတင်းမာမှုတွေ ရှိနေတယ်လို့ပြောတယ်။ စစ်ရှောင်တွေလည်း နေ့တိုင်း နီးပါး ရောက်လာတာတွေရှိတယ်” ဟု စစ်ရှောင်ကူညီပေးသည့် ကော်မတီဝင် တစ်ဦး က ပြောသည်။

စက်တင်ဘာ (၁၄) ရက်နေ့ ကစတင်ပြီး မိုင်းကိုင်မြို့နယ် ဟိုခဲကျေးရွာအုပ်စုအတွင်း သျှမ်းတပ် (၂) တပ် တိုက်ပွဲ ပြင်းထန်သဖြင့် ဒေသခံများ နေရပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိချိန်ထိ မပြန်နိုင်သေးကြောင်း သိရှိရသည်။

သျှမ်းတောင် မိုင်းကိုင်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲကိစ္စနှင့် ပတ်သက်ပြီး သျှမ်းတပ် (၂) တပ် အချင်းချင်း ညှိနှိုင်းဆွေးနွေးရန် အဆင်မပြေသည့်အကြောင်း၊ တဖက်ကို တဖက် အပြန်အလှန် လက်မခံသဖြင့် တွေ့ဆုံရန် မဖြစ်နိုင်ကြောင်း ထုတ်ပြန်စာထုတ်ကြသည်။

စစ်ရေး ပဋိပက္ခများ ဖြေရှင်းရန် မိမိတို့က ရှမ်းပြည်တိုးတက်ရေးပါတီ၊ရှမ်းပြည်တပ်မတော် (SSPP/SSA)၏ ဥက္ကဌ ဖြစ်သည့် ဗိုလ်ချုပ်ကြီး ပန်ဖ ထံသို့ စားရေးသားညှိနှိုင်းခဲ့သော်လည်း (SSPP/SSA) ဘက်မှ အကြောင်းပြန်ကြားခြင်း မရှိခဲ့ဘဲ တိုက်ပွဲများ တနေ့တခြား ပိုမိုပြင်းထန်လာကာ နှစ်ဖက်တပ်ဖွဲ့ဝင်များ ဒဏ်ရာရကျဆုံးနေရသည့်အပေါ် အထူးဝမ်းနည်း ကြေကွဲမိကြောင်း RCSS/SSA က အောက်တိုဘာ (၁) ရက်နေ့က ထုတ်ပြန်ခဲ့သည်။

“၂ ဖက်တပ် တွေ့ဆုံညှိနှိုင်းဆွေးနွေးရင် အကောင်းဆုံးပဲ။ကျနော်တို့ သျှမ်းပြည်သား အချင်းချင်း ပြန်တိုက်တာက ကျနော်တို့တောင် ရှုံးနေပြီ။ တစ်ဖက်ကလည်း ပြည်သူတွေက ဘယ်သူူ့ကို သွားအားကိုးမလဲ” RCSS ၏ပြောရေးဆိုခွင့်ရှိသူ စိုင်းခမ်းစံ က ထုတ်ပြန်ချက် နှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့် ကိုပြောသည်။

ဆက်လက်ပြီး SSPP/SSA ဘက်မှလည်း ဗိုလ်ချုပ် စဝ်ပန်ဖထံသို့ RCSS မှ ပေးပို့သော စာအား SSPP/SSA မှ ပြန်လည် အကြောင်းကြားခြင်းမရှိဟု ဆိုသည်မှာ လုံးဝမမှန်ကန်ကြောင်း SSPP/SSA မှ အောက်တိုဘာ (၃)ရက်တွင် ထုတ်ပြန်ခဲ့သည်။

RCSS/SSA နှင့် SSPP/SSA ဖြစ်ပွားနေသည့် ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် SSPP/SSA မှ နှစ်ပေါင်းများစွာ အဆင့်ဆင့် ညှိနှိုင်းခဲ့သော်လည်းRCSS မှ သဘောတူညီချက်များပျက်ကွက်ခဲ့သည်ဟုလည်း SSPP/SSAထုတ်ပြန်ခဲ့သည်။

SSPP/SSA မှ ပြောရေးဆိုခွင့်ရှိသူများကို သျှမ်းသံတော်ဆင့်မှ အကြိမ်ကြိမ် ဆက်သွယ်ပေမယ့် မရခဲ့ပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ဘေးကင်းနေကြောင်း သက်သေပြရန် အာဆီယံလွှတ်တော်အမတ်များ တောင်းဆို

0
ဖိလစ်ပိုင်နိုင်ငံတွင် အစည်းအဝေး တက်ရောက်ရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ရောက်နေချိန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင် ဘေးကင်းနေကြောင်း သက်သေပြရန် စစ်အစိုးရအား ဖိအားပေးရေး အာဆီယံပါလီမန်အမတ်များ လူ့အခွင့်အရေးအဖွဲ့ (APHR)က အာဆီယံခေါင်းဆောင်များကို စာပေးပို့ တိုက်တွန်းလိုက်သည်။ ယမန်နေ့ (ဇူလိုင်လ ၁၀ ရက်) ရက်စွဲဖြင့် အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတနှင့်...

UWSA ဒေသ သတ္တုတူးဖော်ရာတွင် ဖောက်ခွဲရေး၊ ဓာတုပစ္စည်း အလွန်အကျွံမသုံးရ ဟု အသိပေး

0
ရွှေ၊သတ္တုနှင့် သံယံဇာတများ အလွန်အကျွံတူးဖော်မှုကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားနေသည့် ‘ဝ’တပ် (UWSA) ထိန်းချုပ်သည့် ဒေသအတွက် ထိခိုက်နစ်နာမှု မရှိစေရန် နှင့် ပြဌာန်းချက်များကို လိုက်နာကြရန် စီးပွားရေး လုပ်ငန်းရှင်များကို တွေ့ဆုံ အသိပေးလိုက်ကြောင်း သတင်းရရှိသည်။ သျှမ်းပြည်အရှေ့ပိုင်းတွင် မြေရှားသတ္တု၊ ရွှေနှင့် အခြားသတ္တုများ အလွန်အကျွံတူးဖော်မှုကြောင့် မြန်မာနှင့်ထိုင်းကို ဖြတ်သန်းစီးဆင်းနေသော...

ကြက်မွေးမြူရေးသုံး ကုန်စျေးနှုန်းမြင့်တက်လာမှုကြောင့် ကြက်ဉ တလုံး ၈၀၀ကျပ်ရှိ

0
သျှမ်းပြည်တောင်ပိုင်းတွင် နေ့စဉ်စားသုံးမှုများသည့် အခြေခံအစားအစားတမျိုးဖြစ်သော ကြက်ဉစျေးနှုန်းသည် တလုံးလျှင် ကျပ်ငွေ ၈၀၀ ထိမြင့်တက်လာကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်သည် ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံမှ တင်သွင်းလာသည့်ကုန်ပစ္စည်းများကို ပိတ်ပင်လိုက်ပြီး ထိုထဲတွင် တိရိစ္ဆာန်မွေးမြူရေးသုံးပစ္စည်းများလည်း အပါအဝင်ဖြစ်သည်။ ထို့ကြောင့် ကြက်မွေးမြူရေးလုပ်ငန်းတွင် အသုံးပြုသည့် အစာခြောက်များ၊ ကြက်ကာကွယ်ဆေးများ ရှားပါးလာပြီး တင်သွင်းလာသည့်...

ပေါင်းသတ်ဆေး မှားယွင်းသုံးစွဲမှုကြောင့် ပြောင်း ဧကထောင်ချီပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း မှ ပြောင်းစိုက်တောင်သူများ ပေါင်းသတ်ဆေး မှားယွင်းသုံးစွဲမှုကြောင့် ပြောင်းဧက ထောင်ချီ ပျက်စီးသွားကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ်နှင့် ပင်လောင်းမြို့နယ်မှ ပြောင်းစိုက်တောင်သူများသည် “ဟုန်းဟုန်းတောက်” တံဆိပ် ပြောင်းပေါင်းသတ်ဆေးကို သုံးပြီးနောက် ပြောင်းပင်များ ခြောက်လာပြီး သေဆုံးကုန်ကြောင်း ပြောင်းစိုက်ပျိုးသည့် တောင်သူများက ပြောသည်။ ထိုသို့ ပြောင်းပေါင်းသတ်ဆေး သုံးစွဲမှုကြောင့် တရွာလုံးအနေထားဖြင့်...

ညီနောင် EAO တစ်ဖွဲ့ချင်း ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးနှင့် ဟန်ချက်ညီရန် 7 EAO Alliance ကြိုးပမ်းထိန်းညှိနေ

0
NCA စာချုပ်ကို ဆက်လက်စွဲကိုင်ထားသည့် 7 EAO Alliance အဖွဲ့နှင့် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့ နေပြည်တော်တွင် တွေ့ဆုံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်သုံးသပ်ခဲ့ကြောင်း သတင်းသိရသည်။ ဇူလိုင်လ ၂၀ နှင့် ၂၁ ရက်တို့တွင် နေပြည်တော်ရှိ M...