Friday, April 26, 2024

မူဆယ်မြို့တွင်း ပစ်ခတ်မှုဖြစ်ပွား၊ လူတစ်ဦးသေဆုံး

Must read

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ကောင်းမူးတုံရပ်ကွက် နမ့်ခမ်းစက်မှုဇုန်တွင် ယမန်နေ့ (အောက်တိုဘာ ၁)ရက် ည ၇နာရီတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ပုံစာ- ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် နေအိမ်

ယမန်နေ့ ညတွင် ဓားပြတိုက်အုပ်စုကို စစ်ကောင်စီနှင့် ပြည်သူ့စစ်မှ လာရောက်ဖမ်းရာ ဓားပြအဖွဲ့ ဟုဆိုသူများက နေအိမ်တံခါး မဖွင့်ပေးသဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ သူတို့က ဓါးပြ သူခိုးဆိုပြီးလာဖမ်းတာထင်တယ်။ နေအိမ်ကို တံခါးဖွင့်ခိုင်းတာ မဖွင့်ပေးလို့ ဆိုပြီးပစ်ကြတာ။ တယောက်သေသွားတယ်လို့ပြောတယ်။ ပြည်သူ့စစ်နဲ့ စစ်သားတွေ ပါလာတယ်။ ၁၀ မိနစ်လောက်သူတို့ ပစ်ကြတာ။” ဟု မျက်မြင်တွေ့သူက ပြောသည်။

ထိုပစ်ခတ်မှုတွင် တယောက် သေဆုံးသွားပြီး တယောက်ဒဏ်ရာရရှိကာ ၅ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ၁ ဦး ထွက်ပြေး သွားကြောင်း သိရသည်။

ထို(၈) ဦးသည် ယမန့်နေ့က ဖြစ်ပွားခဲ့သည် အိမ်တွင် လာရောက်ငှားရမ်းနေထိုင်နေသည့် သူများဖြစ်ကြောင်းသိရသည်။

“ အဲအိမ်မှာအရင်လာငှားနေတာက ၂ ယောက်ပဲ။ ကျန်တဲ့သူက လာလိုက်နေတာထင်တယ်။ အဲဒါ မနေ့က ဖြစ်တော့ ၁ယောက်ထွက်ပြေးသွားနိုင်တယ်။ ကျန်တဲ့ လူတွေက ဖမ်းဆီးနိုင်ခဲ့တယ် ပြီးတော့ သေနတ် ၂ လတ်နဲ့အတူဖမ်းမိတာ။ တယောက်တော့သေသွားတယ်” ဟု စက်မှုဇုန် အတွင်းနေထိုင်သူက ပြောသည်။

လွန်ခဲ့သည့် သြဂုတ် (၂၅) ရက် မနက် (၁၀) နာရီဝန်းကျင်တွင်လည်း မူဆယ်မြို့နယ် ကောင်းမူးလွယ်နယ်မြေရှိ ရွှေနဂါးဟိုတယ် တွင် အသက် (၄၅)နှစ် ဝန်းကျင်ရှိ အမျိုးသမီး တစ်ဦး ဓါးခုတ်ခံရပြီး ငွေလုခံရကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article