မိုင်းကိုင် မြေမြုပ်မိုင်းနင်းမိပြီးနောက် စစ်ရှောင်များ စိုးရိမ်နေ
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်းရှိ အရပ်သား သွားလာသည့်နေရာထိ မြေမြုပ်မိုင်းများ လာရောက်ထောင်ထားသည့်အတွက် စစ်ရှောင်ပြည်သူများ နေရပ်ပြန်ပါက မိုင်းအခြေအနေကို စိုးရိမ်နေကြကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာ (၅) ရက်နေ့က ဟမ်းငိုင်းကျေးရွာအုပ်စု နော်ဆိုင်ကျေးရွာရှိ လိမ္မော်ခြံအတွင်း အမျိုးသား (၂) ဦးမြေမြုပ်မိုင်း နင်းမိသည့်အတွက် စစ်ရှောင်များသည် နေရပ်သို့ ပြန်လျှင် မိုင်းအန္တရာယ်ကို...
သျှမ်းပြည်ကျေးရွာဘက် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ဆက်မြင့်နေဆဲ
သျှမ်းပြည်အတွင်းတွင် မြို့ပြဒေသတွင် ကိုဗစ်- ၁၉ ပိုးတွေ့လူနာ ကျဆင်းလာသော်လည်း ကျေးရွာဖက်တွင် ကိုဗစ် ၁၉ ပိုးတွေ့လူနာ များမြင့်တက်လာနေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ သျှမ်းပြည်မြောက်ပိုင်း လာရှိုးမြို့ ၊ သီန္ဒီမြို့တို့တွင် မြို့ပေါ်က ကိုဗစ်- ၁၉ ကူးစက်မှု အနည်းငယ်လျော့ကျလာပြီး ကျေးလက်ဒေသဘက်တွင် ဆက်လက်မြင့်တက်နေလျက်ရှိကြောင်း သိရသည်။ “ မြို့ပေါ်တော့...
စစ်ကောင်စီ ဖမ်းဆီးသွားသည့် တောင်ကြီးဆေးကျောင်းသူ ပုဒ်မ ၅၀ (ည) ဖြင့် အမှုဖွင့်ခံရ
သျှမ်းပြည် တောင်ကြီးမြို့ ဆေးတက္ကသိုလ်မှ ပထမနှစ် ကျောင်းသူ မကြယ်စင်လင်းလက် ကို စစ်ကောင်စီတို့က အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်သွားပြီး ပုဒ်မ ၅၀ (ည) ဖြင့် အမှုဖွင့် တရားစွဲဆိုထားကြောင်း စုံစမ်းသိရှိရသည်။ တောင်ကြီးမြို့သို့ ကျောင်းလာတက်ပြီး စစ်အာဏာသိမ်းမှုနှင့် ကိုဗစ် - ၁၉ ရောဂါအခြေအနေကြောင့် နေအိမ်သို့ ပြန်နေသည့်...
တာချီလိတ်မြို့ ရဲတပ်ကြပ်တစ်ဦး ဓားထိုးခံရ
SHAN -
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ဓားထိုးမှု ဖြစ်ပွားခဲ့ပြီး အထိုးခံ လိုက်ရသည့် ရဲတပ်ကြပ်အဆင့်ရှိသူက ဒဏ်ရာပြင်းထန်သဖြင့် ဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း စုံစမ်းသိ ရှိရသည်။ ယနေ့ အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၁၀ နာရီကျော်ဝန်းကျင်တွင် တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် လုံခြုံရေး...
မိုင်းကိုင်မြို့နယ်အတွင်း စစ်ရှောင် (၅၀၀၀) ကျော်ထိရှိလာ
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း စစ်ရှောင်များ (၅၀၀၀) ကျော်ရှိပြီး ကိုဗစ်-၁၉ ကာကွယ်ရေးသုံး ပစ္စည်း နှင့် အသိပညာပေးများ အရေးပေါ် လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ ထိုစစ်ရှောင်များသည် မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာအုပ်စုမှာ (၃၆၀၀) ကျော် ရှိပြီး၊ ဟမ်းငိုင်းကျေးရွာအုပ်စုမှာ (၁၂၀၀) ကျော်ရှိပြီး ၊ ဝိန်းငင်းဘုန်းကြီးကျောင်း (၁၀၀)ကျော်...
ကလောပြည်သူ့ဆေးရုံမှ CDM လုပ်သည့် ဝန်ထမ်းများ ဖိအားပေးခြိမ်းခြောက်ခံနေရ
သျှမ်းပြည်တောင်ပိုင်း ကလောမြို့ရှိ မြို့နယ်ပြည်သူ့ဆေးရုံမှ CDM လုပ်သည့် ဝန်ထမ်းများ ဖိအားပေးခြိမ်းခြောက် ခံနေရကြောင်း စုံစမ်းသိရှိရသည်။ ကလောမြို့ပြည်သူ့ဆေးရုံမှ CDM မပြုလုပ်သည့် ဝါရင့် သူနာပြုဆရာမကြီး တစ်ဦးသည် CDM လုပ်ဆောင်သည့် ဝန်ထမ်းများ၏ အမည်စာရင်းနှင့် ကိုယ်ရေးအချက်အလက်များကို ထွေအုပ်ရုံးသို့ ပို့ဆောင်ပေးပြီး အလုပ်ပြန်ဆင်းရန် ခြိမ်းခြောက်စာများ ပေးပို့လာကြောင်း...
ကျိုင်းတုံမြို့နယ် ကျေးရွာ ကိုဗစ်မြင့်တက်နေ စပါးရိတ်သိမ်းရန် စိုးရိမ်နေ
SHAN -
သျှမ်းရှေ့ ကျိုင်းတုံမြို့နယ် ကျေးရွာများတွင် ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်နေသည့်အတွက် စပါးရိတ်သိမ်းရန် အခက်ခဲကြုံဖြစ်မည်ကို ဒေသခံလယ်ယာစိုက်တောင်သူတွေ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ် အတွင်းရှိ ကျေးရွာများထံ Pilot Project ဖြင့် ကိုဗစ်-၁၉ စစ်ဆေးမှု ကို ပြုလုပ်နေသဖြင့် ပိုးတွေ့ရှိသူ ပိုများလာကာ စပါးရိတ်သိမ်းချိန် အတွက်...
နမ္မတူတွင် ဓားပြ ပစ္စည်းလုယက်မှု ဖြစ်ပွား
SHAN -
သျှမ်းမြောက် နမ္မတူမြို့တွင် ဓားထောက် ဓားပြတိုက်မှု၊ ပစ္စည်းလုယက်မှု (၂)ရက်ဆက်တိုက် ဖြစ်ပွားခဲ့ ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် အောက်တိုဘာလ (၅)ရက်နေ့ နမ္မတူ − လားရှိုးလမ်း နမ္မတူမြို့အထွက် (၆)မိုင်တွင် အမျိုးသမီး နှင့် ကလေးငယ်စီးလာသည့်ဆိုင်ကယ်အား လူတစ်စုမှ ဓားထောက်ကာ ဆိုင်ကယ် ယူဆောင်သွားခဲ့ပြီး၊ ယမန်နေ့...
မူဆယ် ကုန်သွယ်ရေးဇုန်အတွင်းတွင် ဗုံးနှစ်ကြိမ် ပေါက်ကွဲ
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ကုန်သွယ်ရေးဇုန်အတွင်းတွင် ယနေ့ (အောက်တိုဘာ ၇ )ရက် မနက်ပိုင်း အချိန်အတွင်းတွင် ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင့် သတင်းသိရသည်။ ယနေ့ အောက်တိုဘာလ ၇ ရက် မနက်ပိုင်း ၇ နာရီ ဝန်းကျင်တွင် မူဆယ်မြို့အဝင် နယ်စပ်ကုန်သွယ်ရေးမှ ဝန်ထမ်းရိပ်သာအနီးတွင် ဗုံးပေါက်ကွဲမှု တစ်ကြိမ်ဖြစ်ပွားခဲ့ပြီး...
မိုင်းငေါ့ မှတ်ပုံတင် မရှိ စစ်ရှောင်များ ကိုဗစ်ကာကွယ်ဆေးထိုးရန် အခက်ကြုံနေ
သျှမ်းမြောက် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့တွင် ရောက်ရှိခိုလုံနေကြပြီး မှတ်ပုံတင်မရှိသည့် စစ်ရှောင်များ ကိုဗစ်ကာကွယ်ဆေးထိုးရန် အခက်ခဲ ကြုံနေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့တွင် စစ်ရှောင် (၂၀၀)ကျော် ရှိနေပြီး မှတ်ပုံတင် မရှိသည့်အတွက် ကာကွယ်ဆေးထိုးရန် အခက်ခဲ ကြုံနေတာဖြစ်ကြောင်း စစ်ရှောင်ကူညီသူများက ပြောသည်။ “သူတို့တွေ စစ်ရှောင်လာတော့ စာရွက်စာတမ်းတွေ ဘာမှ မပါလာဘူး၊...






