Tuesday, January 27, 2026

သျှမ်းပြည်ကျေးရွာဘက် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ဆက်မြင့်နေဆဲ

သျှမ်းပြည်အတွင်းတွင် မြို့ပြဒေသတွင် ကိုဗစ်- ၁၉ ပိုးတွေ့လူနာ ကျဆင်းလာသော်လည်း ကျေးရွာဖက်တွင် ကိုဗစ် ၁၉ ပိုးတွေ့လူနာ များမြင့်တက်လာနေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

သျှမ်းပြည်မြောက်ပိုင်း လာရှိုးမြို့ ၊ သီန္ဒီမြို့တို့တွင် မြို့ပေါ်က ကိုဗစ်- ၁၉ ကူးစက်မှု အနည်းငယ်လျော့ကျလာပြီး ကျေးလက်ဒေသဘက်တွင် ဆက်လက်မြင့်တက်နေလျက်ရှိကြောင်း သိရသည်။

“ မြို့ပေါ်တော့ ကူးစက်မှုက နည်းနည်းကျလာပြီ။ ဒါပေမယ့်ကျေးရွာဘက်ကတော့ ကူးစက်တာတွေရှိနေတယ်။ ခုလောလောဆယ်က ကျေးရွာဘက်က ကူးစက်မှုမြင့်တက်နေသေးတယ်။ မြို့ပေါ်ကတော့ သေဆုံးမှုတွေလည်း မြင့်တက်လာတာရှိတယ်” ဟု လာရှိုးမြို့ ဒေသခံ တဦးကပြောသည်။

အလားတူ သျှမ်းပြည်မြောက်ပိုင်း သီန္ဒီမြို့တွင်လည်း ကျေးရွာဖက်တွင် မြင့်တက်လာပြီး မြို့ပြတွင် ကူးစက်မှု အနည်းငယ် ကျဆင်းလာကြောင်းသိရသည်။

“ အခုက ကျေးရွာဖက်မှာ ပိုတွေ့တာတော့ရှိတယ်။ မြို့မှာလည်း အရမ်းကြီးကျသွားတယ်ဆိုတာတော့ မဟုတ်ဘူး။ ရှိတော့ရှိနေသေးတယ်။ အကုန်ကြီးပျောက်သွားတာတော့ မဟုတ်ဘူး။ သီန္ဒီမှာ အခု ကိုဗစ် လူနာ ဆေးရုံမှာ ၂၈ ယောက်လောက်ရှိနေသေးတယ်။” ဟု သီန္ဒီမြို့ ပရဟိတ အဖွဲ့က ပြောသည်။

ထိုအပြင် နောင်ချိုမြို့တွင်လည်း ကိုဗစ်-၁၉ ဆက်လက်မြင့်တက်နေပြီး lockdown ဆက်လက်ချထားရကြောင်းသိရသည်။

“ အခုက မြို့မှာ သိပ်တော့ မတိုးတော့ဘူး။ အရင်က တစ်ရက်ကို ၅၀ ဆို အခုက ၂၀ လောက်ဘဲတွေ့တော့တယ်။ ကျေးရွာဖက်ကဘဲအများဆုံးတွေ့နေတာ။ မြို့ပေါ်က ကျလာတယ်ဆိုပေ့မဲ့ အများကြီးမဟုတ်သေးဘူး။ စိုးရိမ်နေရသေးတယ်။” ဟု နောင်ချိုမြို့နယ် ပရဟိတ အဖွဲ့ဝင်ကပြောသည်။

အလားတူ သျှမ်းပြည်တောင်ပိုင်းတွင်လည်း ပင်လောင်းမြို့နယ်၊ ဟိုပုံးမြို့နယ်၊ လွိုင်လင်မြို့နယ် စသည့်ဒေသများသည် ဟိုပုံးကိုရင်လေး ဈာပနာသွားပြီးနောက်ပိုင်း ကိုဗစ် ၁၉ ပိုးတွေ့လူနာ များလာကြောင်းသိရသည်။

“ ကျမတို့ဒေသမှာက ခုတလော အရမ်းမြင့်တက်လာတယ်။ ကျေးရွာဖက်ကော မြို့မှာကော အများမြင့်တက်လာတယ်။ ကိုရင်လေး ဈာပနာကို သွားပြီးနောက်ပိုင်းမှာ များလာတာများတယ်။” ဟု ပင်လောင်းမြို့ ဒေသခံတဦးက ပြောသည်။

အလားတူ ဟိုပုံးမြို့နယ် နှင့် လွိုင်လင်မြို့နယ်ရှိဒေသတချို့များသည်လည်း ကျေးလက်ဒေသနှင့် မြို့ပြများတွင် ပိုးတွေ့လူနာ ပြန်မြင့်တက်လာလျက်ရှိကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံထုတ် ကိုဗစ် ၁၉ ကာကွယ်ဆေး ဆီနိုဖမ်းကို ထိုးပြီးသော်လည်း ကိုဗစ် ၁၉ ကူးစက်သူ များနေလျက်ရှိကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Shan State Map_Update_1

ကျောက်မဲ၊ သီပေါ၊ မက်မန်းနှင့် ဖယ်ခုံမြို့နယ်မှ ရွေးကောက်ပွဲမကျင်းပနိုင်သည့် နယ်မြေစာရင်း UEC ထပ်မံထုတ်ပြန်

0
စစ်အုပ်စု ကျင်းပမည့် ရွေးကောက်ပွဲ တတိယပိုင်းတွင် ပါဝင်နေသည့် ကျောက်မဲ၊ သီပေါ၊ မက်မန်းနှင့် ဖယ်ခုံမြို့နယ်များရှိ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC မှ ထပ်မံထုတ်ပြန်လိုက်သည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၇ ရက်) ညပိုင်းတွင် ရွေးကောက်ပွဲ တတိယပိုင်းထဲ ပါဝင်နေသည့် သျှမ်းပြည်မှ...

တိတ်ဆိတ်ငြိမ်သက်နေသည့် စစ်တပ် ရွေးကောက်ပွဲ

0
“ထူးထူးခြားခြား မရှိပါဘူး။ ဧည့်သည်တွေနဲ့ ရှုပ်နေတာပဲ၊ မအားဘူး” ဟု တောင်ကြီးမြို့ခံ ဈေးဆိုင် ပိုင်ရှင် တဦးက သျှမ်းသံတော်ဆင့်ကို ယနေ့ (ဒီဇင်ဘာလ ၂၇)ရက်၊ နေ့လယ်ပိုင်းတွင် ပြောသည်။ စစ်တပ် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၁) တွင် သျှမ်းပြည်နယ်တွင်း တောင်ကြီးမြို့နယ် အပါအဝင်...

သျှမ်းပြည် ၉ မြို့နယ်နှင့် ဗန်းမော်မြို့နယ် ပါဝင်သည့် ရွေးကောက်ပွဲ အပိုင်း (၃) စစ်တပ်ကော်မရှင် ထုတ်ပြန်

0
သျှမ်းပြည်နယ် အတွင်းရှိ မြို့နယ် ၉ ခု အပါအဝင် မြို့နယ် ၆၃ ခုတွင် စစ်တပ် ရွေးကောက်ပွဲ အပိုင်း (၃) ကို လာမည့် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း စစ်တပ် ရွေးကောက်ပွဲ ကော်မရှင်က ယနေ့ ဒီဇင်ဘာလ...

“ဒီရွေးကောက်ပွဲကတော့ ပိုရှုပ်ထွေးအောင် လုပ်ထားတယ်လို့တော့ ထင်ပါတယ်”

0
ညီနောင်မဟာမိတ် ၃ ဖွဲ့ ဖော်ဆောင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” အတွင်း သျှမ်းပြည်မြောက်ပိုင်းရှိ မြို့အများအပြားကို စစ်အုပ်စုထံက သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော်လည်း တရုတ်၏ ကြားဝင်စေ့စပ်မှုအရ သိမ်းပိုက်ထားသည့် မြို့အချို့အား ပြန်လည်လက်လွှတ်ခဲ့ရသည်။ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ခေါ် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စစ်ကောင်စီတို့သည်...

“သျှမ်းပြည် စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းပေါ်မှာ ကြီးကြီးမားမား ရိုက်ခတ်မှု ရှိနိုင်ပါတယ်”

0
ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ပြည်သူ့ဆန္ဒမငဲ့ဘဲ တစ်နိုင်ငံလုံး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို မဖြစ်မနေ ရအောင် ကျင်းပသွားပါမယ်ဆိုပြီး ဩဂုတ်လလယ်ပိုင်းမှာ ရွေးကောက်ပွဲ မဲဆန္ဒနယ်၊ ကျင်းပမည့်ရက်၊ ကျင်းပမယ့်ပုံစံ တွေကို စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်တိုက် ကြေညာခဲ့ပါတယ်။ ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလ ၂၈ ရက်မှာ စတင်ကျင်းပမှာဖြစ်ပြီး...