Wednesday, January 28, 2026

ကျိုင်းတုံမြို့နယ် ကျေးရွာ ကိုဗစ်မြင့်တက်နေ စပါးရိတ်သိမ်းရန် စိုးရိမ်နေ

သျှမ်းရှေ့ ကျိုင်းတုံမြို့နယ် ကျေးရွာများတွင် ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်နေသည့်အတွက် စပါးရိတ်သိမ်းရန် အခက်ခဲကြုံဖြစ်မည်ကို ဒေသခံလယ်ယာစိုက်တောင်သူတွေ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။

ကျိုင်းတုံမြို့နယ် အတွင်းရှိ ကျေးရွာများထံ Pilot Project ဖြင့် ကိုဗစ်-၁၉ စစ်ဆေးမှု ကို ပြုလုပ်နေသဖြင့် ပိုးတွေ့ရှိသူ ပိုများလာကာ စပါးရိတ်သိမ်းချိန် အတွက် အလုပ်သမားခက်ခဲမည်ကို စိုးရိမ်နေကြခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ဒီမှာက ဝါကျွတ်ဆိုရင် စပါးရိတ်သိမ်းကြတယ်၊ ရွာတွေမှာ ကိုဗစ်က အရမ်းမြင့်နေတော့ ရိတ်သိမ်းဖို့ လူခေါ်ရခက်မှာကို စိုးရိမ်တာ၊ ရိတ်သိမ်းချိန် နောက်ကျရင်လည်း အရှုံးပေါ်မှာ၊ လူခေါ်လို့ရရင်လည်း အရင်စျေးထက် ပိုပေးရတော့မှာ” ဟု ကျိုင်းတုံဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ရိတ်သိမ်းသည့်ရာသီ ဖြစ်သော်လည်း အလုပ်သမားနည်းပါးသည့်အတွက် မိသားစုဝင်များဖြင့်သာ ရိတ်သိမ်းနေရသူများပင် ရှိနေကြောင်း သိရသည်။

ကျိုင်းတုံမြို့ပေါ်တွင် ကိုဗစ်ပိုးတွေ့ရှိသူ လျော့ကျသွားသော်လည်း ကျေးလက်ဒေသများတွင် ရွာတိုင်း နီးပါး ပိုးတွေ့ရှိနေသဖြင့် ဒေသခံလယ်ယာစိုက်ပျိုးသူများ အခက်ကြုံနေတာဖြစ်ကြောင်း သိရသည်။

“အရင်ကဆို လူအင်အားများတော့ ရိတ်တာရော၊ ပုံတာရော (၄/၅)ရက်လောက်လုပ်ရင် အားလုံးပြီးတယ်၊ ခုက ရွာတိုင်းနီးပါးကို ပိုးတွေ့နေတာ၊ တွေ့ရင်လည်း များတယ်၊ တစ်ရွာလုံးနီးပါးကိုတွေ့တာဆိုတော့ အခက်ကြုံနေတာပေါ့၊ ရောဂါဖြစ်နေရင် ဘယ်သူမှ မခေါ်ရဲတော့ဘူး” ဟု ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

ကျိုင်းတုံတွင် စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း ကျေးရွာများတွင် ကူးစက်မှု ပိုမိုမြင့်တက်လာ ခဲ့တာဖြစ်ကြောင်း၊ ထို့အပြင် ပြီးခဲ့သည့် အောက်တိုဘာ (၄)ရက်နေ့တွင် ကျေးရွာများအတွင်း ကိုဗစ် တွေ့ရှိမှု စံချိန်တင်ခဲ့ပြီး ထိုနေ့က (၁၅၅)ဦးထံမှ ကိုဗစ်ပိုး တွေ့ရှိခဲ့တာဖြစ်ကြောင်း သိရသည်။

Stay at home သတ်မှတ်ခံထားရသည့် ကျိုင်းတုံမြို့တွင် အောက်တိုဘာ (၇)ရက် ယမန်နေ့အထိ ကိုဗစ် ပိုးကူးစက်ခံရသူ (၄၃၀၀)ကျော်၊ သေဆုံးသူ (၇၉)ဦးနှင့် ကုသဆဲ (၇၀၀)ကျော်ရှိနေကြောင်း သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...

ရွှေလီမြစ်ဝှမ်း ကြံစိုက်သူများ အခက်ကြုံနေ

0
ထုန့်မောဝ် (ရွှေလီမြစ်ဝှမ်း) ကြံစိုက်ခင်းပိုင်ရှင်များသည် တရုတ်နိုင်ငံတွင်းသို့ ကြံတင်ပို့ရောင်းချပေးပြီးသော်လည်း လက်ရှိအချိန်ထိ ငွေပြန်မရရှိသေးသည့်အတွက်ကြောင့် အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ ပထမပတ်ကစပြီး သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသဖြစ်သည့် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တွင်း ကြံစိုက်ခင်းပိုင်ရှင်များက တရုတ်နိုင်ငံတွင်း တင်ပို့ပေးပြီးငွေပြန်မရရှိသေးသည့်အတွက်ကြောင့် ထပ်မံစိုက်ပျိုးရန်အတွက် အခက်ခဲဖြစ်နေကြောင်း သိရသည်။ “ အရမ်းခက်ခဲတယ်။ ကျနော်တို့လည်းစိုက်ပျိုးဖို့ ငွေအင်အား၊...

အင်းလေး စက်လှေသမားများ စားဝတ်နေရေး ခက်ခဲနေဆဲ

0
သျှမ်းပြည်တောင်းပိုင်း ညောင်ရွေမြို့နယ် အင်းလေးဒေသအတွင်းရှိ စက်လှေသမားများသည် ခရီးသွားဧည့်သည်များ မရှိသည့်အတွက် စားဝတ်နေရေး ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ အင်းလေးကန်ကိုလာရောက်လည်ပတ်သည့် နိုင်ငံခြားဧည့်သည်များနှင့် ပြည်တွင်းခရီးသွားများကိုသာ အားကိုးနေရသည့် စက်လှေသမားများသည် တနှစ်ထက် တစ်နှစ် စားဝတ်နေရေး ပိုခက်ခဲလာကြသည်ဟု စက်လှေသမားများက ပြောဆိုသည်။ ၂၀၁၉ ခုနစ် မှစတင်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားလာမှုရပ်တန့်ခဲ့ပြီး၊...