Thursday, January 29, 2026

စစ်ကောင်စီ ဖမ်းဆီးသွားသည့် တောင်ကြီးဆေးကျောင်းသူ ပုဒ်မ ၅၀ (ည) ဖြင့် အမှုဖွင့်ခံရ

သျှမ်းပြည် တောင်ကြီးမြို့ ဆေးတက္ကသိုလ်မှ ပထမနှစ် ကျောင်းသူ မကြယ်စင်လင်းလက် ကို စစ်ကောင်စီတို့က အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်သွားပြီး ပုဒ်မ ၅၀ (ည) ဖြင့် အမှုဖွင့် တရားစွဲဆိုထားကြောင်း စုံစမ်းသိရှိရသည်။

တောင်ကြီးမြို့သို့ ကျောင်းလာတက်ပြီး စစ်အာဏာသိမ်းမှုနှင့် ကိုဗစ် – ၁၉ ရောဂါအခြေအနေကြောင့် နေအိမ်သို့ ပြန်နေသည့် တောင်ကြီးမြို့ ဆေးတက္ကသိုလ်မှ ပထမနှစ် ကျောင်းသူ မကြယ်စင်လင်းလက် သည် ပြီးခဲ့သည့် အောက်တိုဘာလ ၃ ရက်နေ့တွင် ချောက်မြို့ရှိ သူမ၏နေအိမ်၌ စစ်ကောင်စီတို့၏ အင်အား သုံးပြီး မတရားဖမ်းဆီးမှုကို ခံခဲ့ရကြောင်းသိရသည်။

“သူက (မကြယ်စင်လင်းလက်) ကတောင်ကြီးမှာ ဆေးကျောင်းလာတက်တယ်၊ ပထမနှစ် (Foundation year) ကျောင်းသူပါ၊ နွေဦးတော်လှန်ရေးတုန်းက ဆန္ဒထွက်ပြတာပဲရှိတာပါ၊ နောက်တော့ သူ့မြို့ကို သူပြန်သွားတယ်၊ ကျမတို့လည်း အဆက်အသွယ်ပြတ်သွားတာ၊ အခုတော့ သူ့ကိုဖမ်းဆီးသွားပြီးမှ ပုဒ်မ ၅၀ (ည) နဲ့ တရားစွဲထား တယ်လို့ ကြားတယ်” ဟု မကြယ်စင်လင်းလက်နှင့် ခင်မင်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီတို့မှ မကြယ်စင်လင်းလက်ကို တရားစွဲဆိုခံထားသည့် အကြမ်းဖက်တိုက်ဖျက်ရေး ပုဒ်မ ၅၀ (ည) သည် နိုင်ငံတော်အစိုးရက အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ထားသည့် အဖွဲ့ကို ငွေကြေး ထောက်ပံ့ခြင်း ဆိုင်ရာ လုပ်ငန်းများ လုပ်ပါက တရားစွဲဆိုခံရသည့် ပုဒ်မ ဖြစ်ပြီး ပြစ်မှု ထင်ရှားသည်ဟု တရားရုံး ဆုံးဖြတ်ပါက ပြစ်ဒဏ် အဖြစ် ထောင်ဒဏ် တသက်နှင့် ငွေဒဏ် ကျခံ ရမည့် ပုဒ်မ ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီတို့ အောက်တိုဘာလ ၃ ရက်နေ့ကတည်းက ဖမ်းဆီးထားသည့် မကြယ်စင်လင်းလက် သည် မိသားစုနှင့် အဆက်အသွယ်မရရှိကြောင်း တောင်ကြီးဆေးတက္ကသိုလ် ကြားကာလ ယာယီ တက္ကသိုလ် ကောင်စီကလည်း ယနေ့ အောက်တိုဘာလ ၈ ရက်နေ့နေ့တွင် သတင်းထုတ်ပြန်ထားပါသည်။

မကြယ်စင်လင်းလတ် မတရားဖမ်းဆီးခံရမှုအပေါ် စစ်ကောင်စီကို အမြစ်ပြတ်သည် အထိ ပိုမိုကြိုးစား တွန်းလှန် တိုက်ပွဲ ဝင်နိုင်ရန်အတွက် ပြည်သူတစ်ရပ်လုံးကို တိုက်တွန်းနိုးဆော်လိုကြောင်းလည်း တောင်ကြီးဆေး တက္ကသိုလ် ကြားကာလ ယာယီ တက္ကသိုလ် ကောင်စီ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းပြီးနောက်ပိုင်းတွင် ရပ်ကွက်နှင့် မြို့ရွာများအတွင်း သောင်းကျန်းနေသော လူဆိုးသူခိုးဓါးပြများကို နှိမ်နှင်းခြင်း မရှိသော်လည်း လူငယ်တော်တော်များကို နွေဦးတော်လှန်ရေးနှင့် အာဏာရှင် ဖြုတ်ချရေး လှုပ်ရှားမှုများတွင် ပါဝင်သည်ဟူသည့် အကြောင်းပြချက်ဖြင့် စစ်ကောင်စီတို့က အင်အားသုံး ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

“အေးချမ်းသည့် မြို့တော်မှ ဒုစရိုက် မြို့တော်သို့”

0
ပင်လယ်ရေ မျက်နှာပြင် အထက်ပေ ၄,၀၀၀ ကျော်ရှိသော တောင်ကြီးမြို့သည် ယခင်က အေးချမ်းသည့် မြို့တစ်မြို့ဖြစ်သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် နိုင်ငံရေးမတည်မငြိမ်မှုများကြောင့် ပြန်ပေးဆွဲမှု၊ လူသတ်မှုနှင့် ဓားပြတိုက်မှုတို့ဖြင့် ပြည့်နှက်လာသည့် မြို့တစ်မြို့ဖြစ်လာသည်။ ယခုအခါ တောင်ကြီးမြို့ဒေသခံများသည် အအေးဒဏ်ကြောင့်မဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကင်းမဲ့လာပြီး ရာဇဝတ်မှု ဘေးအန္တရာယ်များကြောင့်...

အဆောင်ထဲက အိပ်မက်ဆိုး – ပုဂ္ဂလိကကျောင်းဆရာ ပြုကျင့်သည့် သက်ငယ်မုဒိမ်းမှု

0
“ကလေးက ကြောက်နေတယ်၊ အခု သူဘယ်သူနဲ့မှ အတွေ့မခံဘူး။ မျက်နှာမှာလည်း ဒဏ်ရာတွေ ရထားတယ်” ဟု မုဒိမ်းကျင့်ခံရသည့် မိန်းကလေးငယ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ဘာသာရပ်တွေကို လေ့လာသင်ယူချင်စိတ်၊ ကစားချင်စိတ်တို့ဖြင့် တောက်ပနေရမည့် မိန်းကလေးငယ်တစ်ဦး၏ မျက်ဝန်းများတွင် ယခုတော့ အကြောက်တရားနှင့် သံသယများသာ လွှမ်းမိုးထားတော့မည်။ ဤဖြစ်ရပ်သည် ဇန်နဝါရီလ ၁၅...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...