စစ်ကောင်စီ ဖမ်းဆီးသွားသည့် တောင်ကြီးဆေးကျောင်းသူ ပုဒ်မ ၅၀ (ည) ဖြင့် အမှုဖွင့်ခံရ

သျှမ်းပြည် တောင်ကြီးမြို့ ဆေးတက္ကသိုလ်မှ ပထမနှစ် ကျောင်းသူ မကြယ်စင်လင်းလက် ကို စစ်ကောင်စီတို့က အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်သွားပြီး ပုဒ်မ ၅၀ (ည) ဖြင့် အမှုဖွင့် တရားစွဲဆိုထားကြောင်း စုံစမ်းသိရှိရသည်။

တောင်ကြီးမြို့သို့ ကျောင်းလာတက်ပြီး စစ်အာဏာသိမ်းမှုနှင့် ကိုဗစ် – ၁၉ ရောဂါအခြေအနေကြောင့် နေအိမ်သို့ ပြန်နေသည့် တောင်ကြီးမြို့ ဆေးတက္ကသိုလ်မှ ပထမနှစ် ကျောင်းသူ မကြယ်စင်လင်းလက် သည် ပြီးခဲ့သည့် အောက်တိုဘာလ ၃ ရက်နေ့တွင် ချောက်မြို့ရှိ သူမ၏နေအိမ်၌ စစ်ကောင်စီတို့၏ အင်အား သုံးပြီး မတရားဖမ်းဆီးမှုကို ခံခဲ့ရကြောင်းသိရသည်။

“သူက (မကြယ်စင်လင်းလက်) ကတောင်ကြီးမှာ ဆေးကျောင်းလာတက်တယ်၊ ပထမနှစ် (Foundation year) ကျောင်းသူပါ၊ နွေဦးတော်လှန်ရေးတုန်းက ဆန္ဒထွက်ပြတာပဲရှိတာပါ၊ နောက်တော့ သူ့မြို့ကို သူပြန်သွားတယ်၊ ကျမတို့လည်း အဆက်အသွယ်ပြတ်သွားတာ၊ အခုတော့ သူ့ကိုဖမ်းဆီးသွားပြီးမှ ပုဒ်မ ၅၀ (ည) နဲ့ တရားစွဲထား တယ်လို့ ကြားတယ်” ဟု မကြယ်စင်လင်းလက်နှင့် ခင်မင်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီတို့မှ မကြယ်စင်လင်းလက်ကို တရားစွဲဆိုခံထားသည့် အကြမ်းဖက်တိုက်ဖျက်ရေး ပုဒ်မ ၅၀ (ည) သည် နိုင်ငံတော်အစိုးရက အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ထားသည့် အဖွဲ့ကို ငွေကြေး ထောက်ပံ့ခြင်း ဆိုင်ရာ လုပ်ငန်းများ လုပ်ပါက တရားစွဲဆိုခံရသည့် ပုဒ်မ ဖြစ်ပြီး ပြစ်မှု ထင်ရှားသည်ဟု တရားရုံး ဆုံးဖြတ်ပါက ပြစ်ဒဏ် အဖြစ် ထောင်ဒဏ် တသက်နှင့် ငွေဒဏ် ကျခံ ရမည့် ပုဒ်မ ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီတို့ အောက်တိုဘာလ ၃ ရက်နေ့ကတည်းက ဖမ်းဆီးထားသည့် မကြယ်စင်လင်းလက် သည် မိသားစုနှင့် အဆက်အသွယ်မရရှိကြောင်း တောင်ကြီးဆေးတက္ကသိုလ် ကြားကာလ ယာယီ တက္ကသိုလ် ကောင်စီကလည်း ယနေ့ အောက်တိုဘာလ ၈ ရက်နေ့နေ့တွင် သတင်းထုတ်ပြန်ထားပါသည်။

မကြယ်စင်လင်းလတ် မတရားဖမ်းဆီးခံရမှုအပေါ် စစ်ကောင်စီကို အမြစ်ပြတ်သည် အထိ ပိုမိုကြိုးစား တွန်းလှန် တိုက်ပွဲ ဝင်နိုင်ရန်အတွက် ပြည်သူတစ်ရပ်လုံးကို တိုက်တွန်းနိုးဆော်လိုကြောင်းလည်း တောင်ကြီးဆေး တက္ကသိုလ် ကြားကာလ ယာယီ တက္ကသိုလ် ကောင်စီ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းပြီးနောက်ပိုင်းတွင် ရပ်ကွက်နှင့် မြို့ရွာများအတွင်း သောင်းကျန်းနေသော လူဆိုးသူခိုးဓါးပြများကို နှိမ်နှင်းခြင်း မရှိသော်လည်း လူငယ်တော်တော်များကို နွေဦးတော်လှန်ရေးနှင့် အာဏာရှင် ဖြုတ်ချရေး လှုပ်ရှားမှုများတွင် ပါဝင်သည်ဟူသည့် အကြောင်းပြချက်ဖြင့် စစ်ကောင်စီတို့က အင်အားသုံး ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...

တောင်ကြီး လမ်းဘေးစျေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ မြို့မဈေးအနီးရှိ လမ်းဘေးဈေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်းသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်တွင် တောင်ကြီးမြို့ နံနက်ခင်းဈေးတခုတွင် လမ်းဘေးဈေးသည်များကို “ဈေးမသိမ်း”ဟူသော အကြောင်းပြချက်ဖြင့် စည်ပင်များကို ဝင်ရောက်ရိုက်နှက်ကာ ပစ္စည်းများကို သိမ်းဆည်းကာ ကားပေါ်တင်သွားကြောင်း သိရသည်။ အဆိုပါ...

ယာဉ်နံပတ်ပွား ဆီထုတ်မှုကြောင့် QR အသစ် ပြန်လျှောက်ရမည်

0
သျှမ်းပြည်အတွင်း စက်သုံးဆီများကို တန်းစီဝယ်ရာတွင် ယာဉ်နံပတ်များကို ပွားပြီး ဝယ်ယူမှုများတွေ့ရှိနေသဖြင့် ယာဉ်ပိုင်ရှင်များ QR ကုတ်အသစ် ပြန်လည်လျှောက်ထားရမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က ယမန့်နေ့ (ဇူလိုင် ၃၀)ရက်တွင် ထုတ်ပြန်ခဲ့သည်။  ထို QR ကုတ် အသစ် ပြန်လည်လျှောက်ထားရာတွင် မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ (ကညန)၏ ထောက်ခံချက်...