ကလောပြည်သူ့ဆေးရုံမှ CDM လုပ်သည့် ဝန်ထမ်းများ ဖိအားပေးခြိမ်းခြောက်ခံနေရ

သျှမ်းပြည်တောင်ပိုင်း ကလောမြို့ရှိ မြို့နယ်ပြည်သူ့ဆေးရုံမှ CDM လုပ်သည့် ဝန်ထမ်းများ ဖိအားပေးခြိမ်းခြောက် ခံနေရကြောင်း စုံစမ်းသိရှိရသည်။

ကလောမြို့ပြည်သူ့ဆေးရုံမှ CDM မပြုလုပ်သည့် ဝါရင့် သူနာပြုဆရာမကြီး တစ်ဦးသည် CDM လုပ်ဆောင်သည့် ဝန်ထမ်းများ၏ အမည်စာရင်းနှင့် ကိုယ်ရေးအချက်အလက်များကို ထွေအုပ်ရုံးသို့ ပို့ဆောင်ပေးပြီး အလုပ်ပြန်ဆင်းရန် ခြိမ်းခြောက်စာများ ပေးပို့လာကြောင်း ကလောမြို့မှ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူက (သူနာပြုဆရာမကြီး) ဒီကလောဆေးရုံကို ရောက်တာ ကြာနေပြီ၊ မြို့ခံလိုလည်းဖြစ်နေပြီ၊ သူက စစ်တပ် ထောက်ခံသူပေါ့၊ အခုက ဆေးရုံမှာ ဝန်ထမ်းအင်အားလည်း နည်းနေတော့ CDM လုပ်ထားတဲ့ ဝန်ထမ်းတွေကို အလုပ်ပြန်ဆင်းခိုင်းတယ်၊ စာရင်းတွေကလိုလည်း ထွေအုပ်ရုံးကို ပို့ထားပြီ၊ အလုပ်လာဆင်းလာ မလာရင်တော့ မင်းတို့ အဖြစ်နဲ့ မင်းတို့ပဲ ဆိုပြီးတော့ CDM ဝန်ထမ်းတွေကို ခြိမ်းခြောက်စာပို့ခဲ့တယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

CDM လုပ်ဆောင်ခြင်းမရှိသည့် တပ်ထောက်ခံသူ သူနာပြုဆရာမကြီးသည် CDM လုပ်ဆောင်သည့် ဝန်ထမ်းများ ကို အလုပ်ပြန်မဆင်းပါက တရားစွဲခံရမည်ဖြစ်ကြောင်း သို့မဟုတ် အလုပ်ထုတ်ခံရမည်ဖြစ်ကြောင်း ကဲ့သို့သော ခြိမ်းခြောက်စာများကို ပေးပို့နေသည့်အတွက် တချို့သော CDM လုပ်ဆောင်သည့် ဝန်ထမ်းများသည်လည်း မိမိတို့ မိသားစု ထိခိုက်လာမည်ကို စိုးရိမ်သောကြောင့် အလုပ်ပြန်ဆင်းနေကြောင်းလည်း သတင်းသိရသည်။

“ ဝန်ထမ်းတော်တော်များများက မတ်လ ကတည်းက CDM လုပ်ထားတာ ဆိုတော့ တချို့ကလည်း စားဝတ်နေ ရေးအတွက် အရမ်းခက်ခဲနေ ကြပြီလေ၊ ပြီးတော့ ဆရာမကြီးကလည်း တရားစွဲမယ်ဆိုတာတွေ ပြောလာတော့ တချို့က မိသားစုကို ထိခိုက်မှာစိုးလို့ အလုပ်ပြန်ဆင်းတာလည်းရှိတယ်၊ မဆင်းရင်လည်း တခြားအလုပ်ရှိမှ အဆင်ပြေတော့မှာ” ဟု ကလောမြို့ ဆေးရုံဝန်ထမ်းနှင့်နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်တပ်မှနိုင်ငံတော် အာဏာကို သိမ်းယူပြီးနောက် အာဏာရှင်လက်အောက် တာဝန်ထမ်းဆောင်လိုခြင်းမရှိသည့် ဌာနဆိုင်ရာ အသီးသီးမှ ဝန်ထမ်းအများစုသည် အကြမ်းမဖက် အမိန့်မနာခံ အာဏာဖီဆန်ခြင်းဟူသည့် CDM ပြုလုပ်ပြီး ဆန့်ကျင်မှုတွင် ကျန်းမာရေးဌာနမှ ဝန်ထမ်းအများဆုံးပါဝင်ကာ ယင်းတို့အနက် ကလောမြို့နယ် ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများလည်း ပါဝင်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ကလောမြို့ ရေကြီးနေ ၊ ရေဘေးအတွက် အရေးပေါ် စားဝတ်နေရေးလိုအပ်

0
မြန်မာတဝှမ်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့်နေရာအနှံ့ ရေကြီးမှုဖြစ်ပွာနေပြီး ထိုထဲတင် တောင်ပေါ်ဒေသ ကလောမြို့လည်း အပါအဝင်ဖြစ်သည်။​ ယမန်နေ့ ဩဂုတ်လ (၁၀) ရက်နေ့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကလောချောင်းရေ လျှံ၍ ကလောမြို့ ရပ်ကွက် (၁၊၂၊၃၊၄) ဘက်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သောကြောင့် လူဦးရေ ၂၀၀ ကျော် ရေဘေးသင့်၍ ဘေးလွတ်ရာသို့...

“ချိန်းဆောသံတွေ တိတ်လာတဲ့ ကလောမြို့”

0
မြို့ပတ်ဝန်းကျင် တောင်တန်းများသည် စိမ်းလန်းသည့် သစ်တောများဖြင့် တင့်တယ်လှသည်။ တောင်တန်းများ ဝန်းရံထားသည့် ကလောမြို့သည် မိုးတွင်းကာလ စိမ်းစိုလှပနေသည်။ ထိုနည်းတူ ထင်းရှူးတောများကြား ထိုးထိုးထောင်ထောင် အဆောက်အုံများ ရှိနေသည်ကိုလည်း တွေ့နေရသည်။ သို့သော် မြို့ခံအချို့ကမူ မိုးတွင်းကာလ နေ့စဉ် စိုးရိမ်သောက အပြည့်ဖြင့် နေထိုင်နေရသည်ဟု ဆိုကြသည်။ အထူးသဖြင့် ၂၀၂၄ ခုနှစ်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...