Saturday, December 2, 2023

CATEGORY

သတင်း

တာချီလိတ် သတ္တုတူးဖော်ရေး ကုမ္ပဏီ ၀င်းအတွင်း မူးယစ်ဆေးဝါး ထုတ် စက် နှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

သျှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ အတွင်းရှိ နိုင်ရတနာ ရွှေတြိဂံ သတ္တုတူးဖော်ရေး ကုမ္ပဏီ လုပ်ငန်းဝန်း အတွင်း မူးယစ်ဆေးနှင့် မူးယစ်ဆေး ထုတ်လုပ်သည့် စက်ပစ္စည်း၊ လက်နက် ခဲယမ်းများ ဖမ်းဆီးရမိကြောင်း တာချီလိတ်မြို့မ ရဲစခန်းမှ စုံစမ်းသိရှိရသည်။ ဇွန်လ ၂၃ ရက် ယမန်နေ့က တာချီလိတ်မြို့...

တာချီလိတ် တွင် ထိုင်းနိုင်ငံသား တဦးထံ ကျည် ၆၃၈ တောင့်နှင့်အတူ ဖမ်းဆီးရမိ

သျှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့အဝင် စစ်ဆေးရေးဂိတ်တွင် ထိုင်းနိုင်ငံ သား တဦး ထံမှ ကျည်မျိုးစုံ ၆၃၈ တောင့်နှင့်အတူ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ အဆိုပါ အသက် ၂၃ နှစ် အရွယ် အာနွတ်ချိုသည် ဇွန် ၂၂ ရက် နေ့ ညနေ ၆ နာရီ...

မူဆယ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေများရုတ်ချည်းတက်

သျှမ်းပြည်နယ် မြောက်ပိုင်း မူဆယ် မြို့ စွမ်စော် ရပ်ကွက်တွင် မိုးသည်းထန်ရွာသွန်းမှုကြောင့် ရေများရုတ်ချည်းတက်ကာ ဒေသခံလူထု စိုးရိမ်ထိတ်လှန့်ခဲ့ရကြောင်းသိရသည်။ ဇွန်လ ၂၃ ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စွမ်စော် ရပ်ကွက် မြေနိမ့်ပိုင်း လူနေအိမ် အတွင်း ရေများဝင်ရောက်ခြင်း၊ ကားလမ်းများပေါ်တွင် ရေများလွှမ်းမိုးကြောင့် သွား၊လာမှု ခက်ခဲ...

ကျင့်ဝတ်နှင့်အညီသတင်းရေးသားရန် ထိုင်းမီဒီယာအစည်းအရုံးထံ ဌာနေတိုင်းရင်းသားများကွန်ယက်က တောင်းဆို

သတင်းများဖော်ပြရာတွင် သွေးကွဲမှုဖြစ်ပေါ်စေသောအသုံးအနှုန်းများ ရှောင်ရှားပေးနိုင်ရန်အတွက် ထိုင်းနိုင်ငံ ချင်းမိုင် မြို့မှ သျှမ်းစာပေနှင့်ယဉ်ကျေးမှုထိန်းသိမ်းရေးအသင်းနှင့် ထိုင်းနိုင်ငံမြောက်ပိုင်း ဌာနေတိုင်းရင်းသားများကွန်ယက် တို့က ထိုင်းနိုင်ငံမြောက်ပိုင်း သတင်းမီဒီယာအစည်းအရုံး ထံ အိတ်ဖွင့်ပေးစာတစောင်ပေးပို့ခဲ့သည်။ ဇွန်လ ၂၁ ရက် မနက်ပိုင်း ရ နာရီအချိန်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ သျှမ်းစာပေနှင့် ယဉ်ကျေးမှုထိန်းသိမ်းရေးအသင်း နှင့်...

မိုင်းကိုင်မြို့ သံဃာတော်နှင့်ဒေသခံများ ကန့်ကွက်သည့်ကြား ကုမ္မဏီက RCSS အမည်အားအသုံးပြုပြီး ကျောက်မီးသွေးတူးဖော်နေ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့တွင် သံဃာတော်များနှင့်မြို့မိမြို့ဖ များမှ တားဆီးသည့်ကြားမှ RCSS မှ ခွင့်ပြုသည်ဟုဆိုကာ ကုမ္ပဏီ မှ ကျောက်မီးသွေးများအား တူးဖော်နေသောကြောင့် ကွင်းဆင်း စစ်ဆေးအရေးယူပေးရန် ဒေသခံလူထုက တောင်းဆိုလိုက်သည်။ ဇွန်လ ၁၄ ရက်နေ့က မိုင်းကိုင်မြို့နယ် သံဃာတော်နှင့် ဒေသခံပြည်သူလူထုတို့က မိုင်းကိုင်မြို့နယ် ၀မ်ယတ် ခမ်းနားအုပ်စု...

မြန်မာ ထိုင်းနယ်စပ် မယ်ယန်း ပူးပေါင်း စစ်ဆေးရေး ဂိတ်တွင် ကျည် ၃၉၇ တောင့် ဖမ်းမိ

သျှမ်းပြည်နယ် အရှေ့ပိုင်း မြန်မာ ထိုင်းနယ်စပ် တာချီလိတ်မြို့ မယန်းပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် ပွိုင့် ၅ ကျည်တောင့်များဖမ်းဆီးရမိကြောင်းသိရသည်။ ဇွန်လ ၂၀ ရက် နေ့လည် ၁၂ နာရီ၌ ကျည် ၃၉၇ ထောင့် သယ်ဆောင်လာသည့် Probox ကားတစီး အား ဖမ်းဆီးရမိခြင်းဖြစ်သည်။ တာချီလိတ်မြို့ မှ...

ပင်လုံမြို့တွင် ၁၉၇၇ မှ ၂၀၁၈ ကျောင်းသားဟောင်းများ အာစရိယပူဇော်ပွဲကျင်းပရေး စီစဉ်နေ

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ပင်လုံမြို့ ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် နှစ်ပေါင်း ၄၀ အတောအတွင်း ပညာဆည်းပူးခဲ့ရသော ကျောင်းသူ/သား ဟောင်းများ ဦးဆောင်ကာ အာစရိယ ပူဇော်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ၁၉၇၇ ခုနှစ်မှ ၂၀၁၈ ခုနှစ်ထိ အထက ကျောင်းတွင် ပညာသင်ယူခဲ့သော ကျောင်းသား/သူ ဟောင်း...

ဘွဲ့ရ၊ သင်တန်းပြီးပါက နေ့စားလပေး တိုင်းရင်းသားဘာသာစာပေ ဆရာ ဆရာမ များအား အစိုးရဝန်ထမ်းခန့်အပ်သွားမည်ဟု သျှမ်းပြည်နယ်အစိုးရပြော  

အစိုးရစာသင်ကျောင်းများတွင် တိုင်းရင်းသားဘာသာစကားသင်ကြားသော နေ့စားလပေး ကျောင်းဆရာများ ဘွဲ့ရ၊ သင်တန်းပြီးပါက အစိုးရဝန်ထမ်းအဖြစ် တရားဝင်ခန့်အပ်သွားမည်ဟု သျှမ်းပြည်နယ်အစိုးရကပြောဆို လိုက်သည်။ နမ္မတူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နန်းစံဟွမ်က ဇွန်လ ၁၁ ရက်နေ့က ကျင်းပသော ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် - နေ့စားလပေး တိုင်းရင်းသားဘာသာ စာပေသင်ကြားသည့် ဆရာ ဆရာမ များအား...

ချင်းမိုင်မြို့တွင် ထိုင်းကျောင်းသား ၂ ဦးသေဆုံးမှု ဆိုင်ကယ်မှောက်ခြင်းကြောင့်သာဖြစ် ထိုင်းရဲများပြော

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ထိုင်းကျောင်းသား ၂ ဦးသေဆုံးမှုဖြစ်စဉ်မှာ သျှမ်းလူငယ်အဖွဲ့မှ ဓါးဖြင့်လိုက်ခုတ်ခြင်းမဟုတ်၊ ၄င်းတို့ဆိုင်မောင်းကြမ်းရာမှ ချော်လဲကာ သေဆုံးရခြင်းဖြစ်ကြောင်း ထိုင်းရဲများထုတ်ပြန်ပါသည်။ ဇွန်လ ၁၈ ရက် မနက် ၃ နာရီခွဲအချိန်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ပရတူထာ့ဖဲမှ ၀ပ်ပါပေါက်ဘုန်းကြီးကျောင်း အထိ ဆာမူရိုင်းဓါးဖြင့်လိုက်ခံခုတ်ဖြတ်သဖြင့် ကျောင်းသား ၂...

နမ့်ခမ်းမြို့လယ်သမားများကို စပါးအထူးအထွက်တိုးစခန်းအသုံးပြုခွင့်မပေးသည့် စိုက်ပျိုးရေးဦးစီးမှူးအား လယ်သမားများဆန္ဒပြ

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးသည် ဒေသခံလယ်သမားများအား စပါးအထူးအထွက်တိုးစခန်းအမှတ် ၃ တွင်တွေ့ဆုံဆွေးနွေးရေးအတွက် သော့မဖွင့်ပေးသဖြင့်ဟုဆိုကာ ဆန္ဒထုတ်ဖော်မှုပြုခဲ့ကြကြောင်းသိရသည်။ ဇွန်လ ၁၈ ရက် မနက် ၉ နာရီက စပါးအထူးအထွက်တိုးစခန်းအမှတ် ၃ တွင် စိုက်ပျိုးရေးဌာန ဦးစီးမှူးမှ ဂတိအတိုင်း ဆောင်ရွက်ခြင်းမရှိကြောင်း၊ စိုက်ပျိုးရေးအဖွဲ့အစည်းကိုလည်းမလိုလားကြောင်း ဒေသခံလယ်သမားများစုပေါင်းကာ အော်ဟစ်ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။ နမ့်ခမ်းမြို့...

Latest news