နမ့်ခမ်းဈေးသည်များ ထိတ်လန့်တုန်လှုပ်ကြပြီး ဆိုင်ခန်းတွေ ပိတ်သိမ်းကြ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် နမ့်ခမ်းမြို့ရှိ မြို့မဈေးမှ ဈေးသည်များ ထိတ်လန့်တုန်လှုပ်နေကြပြီး ဆိုင်ခန်း ပိတ်သိမ်းမှုများ ပြုလုပ်နေကြကြောင်း သတင်းသိရသည်။

ယနေ့ ဇွန်လ ၆ ရက်နေ့ တွင် နမ့်ခမ်းမြို့အတွင်းသို့ တအာင်း (ပလောင် ) အမျိုးသား တပ်မတော် TNLA စစ်သားများ မြို့ထဲဝင်လာသည့် သတင်းများကြောင့် ဈေးသည်များ ထိတ်လန့်ကာ ဆိုင်ခန်းများကို ပိတ်သိမ်းလိုက်ခြင်း ဖြစ်ကြောင်း ဒေသခံ အမျိုးသားလူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မြို့နားက တောင်ပေါ်တွေမှာ စခန်းချနေရာယူထားတဲ့ ပလောင်စစ်သား TNLA တွေက မြို့ထဲ ဝင်လာတယ်ဆိုတဲ့ သတင်းတွေကြောင့် ဈေးသည်တွေက ထိတ်လန့်ပြီး ဆိုင်ခန်းတွေကို ပိတ်သိမ်းကြတာပါ။ ပြီးတော့ တောင်ပေါ် က ပလောင်တွေကို ဒီရက်ပိုင်းအတွင်း ရိက္ခာတွေ ဝယ်စုထားဖို့နဲ့ တောင်အောက်မဆင်းကြဖို့ သတိပေး တာတွေ ရှိတယ် ဆိုတဲ့ သတင်းထွက်ပေါ်လာပါတယ်” ဟု အထက်ပါ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကိုဗစ် ကာလက ပိတ်ခဲ့သည့် နမ့်ခမ်းမြို့မစျေး

ထို့အပြင် စစ်ကောင်စီ ဖွင့်လှစ်နေသည့် နမ့်ခမ်းမြို့နယ်အတွင်းမှ စာသင်ကျောင်းများမှာလည်း ပုံမှန်အခြေအနေ များထက် ပိုသည့် လုံခြုံရေးတပ်သားများက ချထားသဖြင့် ပြည်သူများက စိုးရိမ်ထိတ်လန့်နေကြ ကြောင်းလည်း သိရသည်။

“ဖွင့်ထားတဲ့ စာသင်ကျောင်းတွေမှာ လုံခြုံရေးအင်အားတွေ ပိုပြီး ချထားနေတယ်၊ အထက ၁ မှာဆို နေ့လည်စာထမင်းစားဆင်းပြီး ကျောင်းပြန်တက်တဲ့အချိန်ကစ စစ်သားတွေက ဂိတ်ပေါက်ဝမှာ ထပ်လာစောင့်တယ်၊ ကျောင်းသားတွေကိုလည်း အပြင်ပေးမထွက်တော့ဘူး၊ တံခါးကြီးကို သော့နဲ့ပိတ်ထားလိုက်တာ” ဟု ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ နမ့်ခမ်းမြို့နယ်အတွင်းတွင် TNLA ၊ ကချင်တပ်မတော် KIA နှင့် သျှမ်းပြည်တပ်မတော် SSPP/SSA တို့အပြင် စစ်ကောင်စီတပ်သားတို့လည်း မြို့ပတ်လည်ရှိတောင်တန်းများနှင့် နမ့်မောဝ် (ရွှေလီမြစ်) တစ်လျှောက် သွားလာလှုပ်ရှားနေကြကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

ငြိမ်းချမ်းရေးဖိတ်ခေါ်နေချိန် MNDAA နှင့် TNLA နယ်မြေအပါအဝင် မြို့နယ် ၅၀ ကျော်ကို စစ်ကောင်စီ အရေးပေါ်အခြေအနေကြေညာ

0
စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဆွေးနွေးရန် ဖိတ်ခေါ်နေသည့်အချိန်မှာပင် အာဏာသိမ်းစစ်ခေါင်းဆောင်က TNLA နှင့် MNDAA တို့ ထိန်းချုပ်ထားသည့် နယ်မြေများအပါအဝင် တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၅၀ ကျော်ကို ယမန်နေ့ (ဧပြီလ ၂၄ ရက်) တွင် အရေးပေါ်အခြေအနေ ကြေညာလိုက်သည်။ ထိုသို့...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...