နမ္မတူမြို့နယ်အတွင်း စစ်ရှောင်များ ၃၀၀ ကျော်ကို မဖြစ်မနေ နေရပ်ပြန်ပို့ခံရမည်
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ပုဗ္ဗာရုံ ဘုန်းကြီးကျောင်းရှိ ယခုလ အတွင်း စစ်ရှောင် ၃၀၀ ကျော်ကို မဖြစ်မနေ နေရပ်သို့ ပြန်လည်ပို့ခံရမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ယခုလက်ရှိ နမ္မတူမြို့ကို ပြောင်းရွှေ့လာသော မြို့နယ်ထွေအုပ်အသစ်တစ်ဦးက ဦးဆောင်ပြီး လာမည့် အောက်တိုဘာ ၁၅ ရက်တွင် စစ်ရှောင်များအားလုံးကို နေရပ်သို့ပြန်လည်ပို့ဆောင်မည်ဖြစ်ကြောင်း...
SHAN -
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဖုန်းကျေးရွာအုပ်စုရှိ မိုင်းဖုန်းဗုဒ္ဓဂါယာ စေတီတော်ကြီးကို လာမယ့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၅ ရက်နေ့ မိုင်းဖုန်းဆရာတော်မွေးနေ့ပွဲမှာ ထီးတော်တင်နိုင်ဖို့အတွက် ယနေ့ အောက်တိုဘာ (၄) ရက်နေ့ မနက်ပိုင်းကမိုင်းဖုန်းဆရာတော် ကိုယ်တိုင် ကြွရောက်ပြီး ကြည့်ရှုခဲ့ပါတယ်။ မိုင်းဖုန်းဆရာတော်ဟာ (၃) နှစ် (၃)...
PNO နှင့် RCSS တို့ တွေ့ဆုံမှုမရှိဟု PNO ငြင်းဆို
ယခု ရက်ပိုင်းအတွင်း ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့သည် နယ်မြေ ခွဲဝေရေးအတွက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တွင် တွေ့ဆုံဆွေးနွေး ခဲ့သည်ဟု လူမှုကွန်ယက်ပေါ် သတင်းထွက်ပေါ်ခဲ့သည်။ အဆိုပါ တွေ့ဆုံဆွေးနွေးမှုသည် ယခင် (ရှမ်းပြည်နယ် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ချုပ်) ရလလခ...
တီကျစ် စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရသည့် ဒေသခံ ၁ ဦး ထောင်ဒဏ် ၁၀ နှစ် ချခံရ
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်ဘိလပ်မြေစက်ရုံရှေ့တွင် စစ်ကောင်စီက စစ်ဆေးမှုပြုလုပ်နေပြီး ဖမ်းဆီးသွားသည့် ဒေသခံ တစ်ဦးကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ကြောင်း စုံစမ်းသိရသည်။ အဆိုပါ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရသည့် လူငယ်တစ်ဦးကို စစ်ကောင်စီက ပြီးခဲ့သည့် စက်တင်ဘာ ၂၉ ရက်နေ့တွင် ထောင်ဒဏ် ၁၀...
ကျေးသီးမြို့နယ်အတွင်း သူခိုးများကို ဒေသခံများ ဝိုင်းဝန်းဖမ်းဆီး
SHAN -
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း ဆိုင်ကယ်များကို လိုက်လံခိုးယူနေသည့် သူခိုးအဖွဲ့ကို ဒေသခံများနှင့် ဒေသတွင်း အာဏာပိုင်များ ပူးပေါင်းပြီး ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက်တွင် ကျေးသီးမြို့နယ် မြို့မဈေးသို့ ဆိုင်ကယ်ခိုးယူသွားသည့် ဆိုင်ကယ် သူခိုးအဖွဲ့သည် ယင်းနေ့တွင်ပင် ပြည်သူ့ဆေးရုံအတွင်းမှ ဝန်ထမ်းတစ်ဦး၏ ဆိုင်ကယ်ကိုလည်း...
ဆီဆိုင်မြို့နယ် ဈေးဆိုင်များ မီးရှုး၊ မီးပန်း ရောင်းချပါက အရေးယူမည်
SHAN -
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် မြို့မဈေးအတွင်းရှိ ဈေးဆိုင်များ မီးရှူး၊ မီးပန်း၊ ဗြောက်အိုးများ ရောင်းချခြင်းများပြုလုပ်ပါက မြို့နယ်စည်ပင်က အရေးယူမည်ဖြစ်ကြောင်း ယနေ့ (အောက်တိုဘာ ၄) ရက် ထုတ်ပြန်ချက် အရသိရသည်။ “အရင်နှစ်ကတည်းက တားမြစ်ထားပါတယ်။ သီတင်းကျွတ် ရောက်ပြီဆိုရင် ဗျောက်အိုးမဖောက်ဖို့၊ မရောင်းဖို့ တားမြစ်တာပေါ့။ COVID-19...
ဖယ်ခုံမြို့နယ် ပြည်သူ့နေအိမ်ထဲ PNO စစ်သားဝင်ရောက်နေရာယူထား
SHAN -
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် အာဏာသိမ်း စစ်ကောင်စီ နှင့် ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ PNO/PNA စစ်သားတို့မှ ပြည်သူ့နေအိမ်ထဲ နေရာယူထားကြောင်း သတင်းသိရသည်။ ဖယ်ခုံမြို့နယ် နှင့် ပင်လောင်းမြို့နယ်ကြားရှိ ဗန်းမောက်ရွာအတွင်းတွင် PNO တပ်သားများက ပြည်သူ့နေအိမ်ဝန်းထဲ ဝင်ရောက်နေရာယူထားပြီး လက်ရှိအချိန်ထိ လျှပ်စစ်မီးလည်း ဖြတ်တောက်ထားကြောင်း ဖယ်ခုံမြို့နယ်မှ အမည်မဖော်လိုသူ...
နမ္မတူမြို့နယ် COVID-19 ကူးစက်ခံရသူ တစ်ဦးသေဆုံး
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံတွင် COVID - 19 ကုသခံယူနေသူ အမျိုးသားတစ်ဦးက ယမန်နေ့ အောက်တိုဘာ ၃ ရက်တွင် သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ အောက်တိုဘာ ၃ ရက် မနက်ပိုင်း ၁ နာရီ ဝန်းကျင်တွင် ပြည်သူ့ဆေးရုံမှ COVID -...
နမ့်စန်မြို့ ဧည့်စုတည်းခိုခန်းအတွင်း အရပ်ဝတ်နှင့်ပစ်ခတ်မှုများဖြစ်
SHAN -
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့ ဧည့်စုတည်းခိုခန်းတွင် ယနေ့ (အောက်တိုဘာ ၃)ရက် ညနေပိုင်း၌ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လက်နက်များစွာလည်း ဖမ်းဆီးရမိကြောင်း သတင်းသိရသည်။ ယနေ့ (အောက်တိုဘာ ၃) ရက် ညနေ ၅ နာရီခွဲဝန်းကျင် တွင် နမ့်စန်မြို့ ဧည့်စုတည်းခိုခန်း၌ အမည်မသိလက်နက်အုပ်စုနှစ်ဖွဲ့မှ အချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို...
နမ္မတူမြို့နယ်အတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီး ပစ်ခတ် ဒေသခံများ စိုးရိမ်နေ
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ဆိုင်းခေါင်ကျေးရွာအုပ်စုထဲရှိ ခမရ ၃၂၄ တပ်စခန်း ပတ်ဝန်းကျင်တွင် စစ်ကောင်စီဖက်မှ တစ်ဖက်သတ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရှိရသည်။ အောက်တိုဘာ ၂ ရက် ည သန်းခေါင် ၁၂ နာရီဝန်းကျင်တွင် စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် နှစ်ကြိမ်ပစ်ခတ်လိုက်သဖြင့်...





