Friday, April 26, 2024

နမ္မတူမြို့နယ် COVID-19 ကူးစက်ခံရသူ တစ်ဦးသေဆုံး

Must read

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံတွင် COVID – 19 ကုသခံယူနေသူ အမျိုးသားတစ်ဦးက ယမန်နေ့ အောက်တိုဘာ ၃ ရက်တွင် သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။

အောက်တိုဘာ ၃ ရက် မနက်ပိုင်း ၁ နာရီ ဝန်းကျင်တွင် ပြည်သူ့ဆေးရုံမှ COVID – 19 ရောဂါကုသခံယူနေသော အသက် (၈၁) နှစ် ရှိ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း နမ္မတူမြို့ မေတ္တာရှင် လူမှုကူညီရေးအသင်းမှ တာဝန်ခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ္မတူဆေးရုံ

“ အခု ကူးစက်ခံရတဲ့သူက ၃ ယောက်ရှိနေတယ်၊ တစ်ယောက်ကတော့ ဆုံးသွားပြီ။ အခုဆုံးသွားတာ COVID-19 ရောဂါ ကာကွယ်ဆေးလည်း ထိုးထားခြင်းမရှိဘူး၊ ဆုံးသွားတာက ဘာရောဂါခံမှမရှိဘဲ ဆုံးသွားတာ” ဟု ၎င်း တာဝန်ခံတစ်ဦးက ပြောသည်။

နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံမှ COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း ရှိသော်လည်း ပြည်သူများက ယုံယုံကြည်ကြည်ဖြင့် လာရောက် ထိုးနှံခြင်းမရှိကြောင်း ၎င်းက ဆက်ပြောသည်။

“ COVID-19 ရောဂါ ပြန်ဖြစ်လာပြီဆိုရင် မပေါ့ဆဖို့လိုတယ်။ ဘယ်သွားသွား Mask တပ်ဖို့မမေ့ပါနဲ့၊ ပစ္စည်းတစ်ခုခု ကိုင်ပြီးရင်လည်း လက်ကိုသေချာစွာ ဆေးပေးဖို့၊ တစ်ယောက် နဲ့ တစ်ယောက် (၆) ပေ အကွာမှာ နေပေးဖို့လိုတယ် “ ဟု ကျန်းမာရေးဆိုင်ရာ ဆရာဝန်တစ်ဦးက ပြောသည်။

အောက်တိုဘာ ၁ ရက်နေ့ ည (၈:၀၀) နာရီမှ (၂-၁၀-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း တွေ့ရှိရသော COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (၂၇၅) ဦးအနက် သျှမ်းပြည်တွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၁) ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ယမန်နေ့ အောက်တိုဘာ (၃) ရက် ထုတ်ပြန်ချက်အရသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article