ထိုင်းနိုင်ငံရောက် တရားမဝင် အလုပ်လုပ်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဖမ်းဆီးခံနေရကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ ရက် ညပိုင်းအချိန်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၏ Night Life လမ်းဟု လူသိများသည့် Khao San လမ်းတွင် ထိုင်းလူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က ခရီးသွားအဖြစ် ဟန်ဆောင်ပြီး အစားအသောက်ဝယ်ယူကာ...
စစ်ရေး အခြေအနေကြောင့် မိုးဗြဲ – ပီကင်းလမ်းကို ပိတ်ထားရ
သျှမ်းပြည် နှင့် ကရင်နီပြည် (ကယားပြည်) နယ်စပ် ဖြစ်သည့် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ရှိ မိုးဗြဲ - ပီကင်းလမ်းကြောင်းကို စစ်ရေး အခြေအနေများကြောင့် ပိတ်ထားရကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MOBYEPDF) က ပြောသည်။ မိုးဗြဲ - ပီကင်းကို ဆက်သွယ်ထားသည့် လမ်းပိုင်း တစ်လျောက်တွင်...
ကွတ်ခိုင်မြို့နယ် ကချင်တပ်မတော် နှင့် စစ်ကောင်စီတို့ ထိတွေ့တိုက်ပွဲဖြစ်
သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ် မန်ပြိန်းအုပ်စု ကောင်းခန်ရွာအနီးတွင် ကချင် လွတ်မြောက်ရေး တပ်မတော် ( KIA ) နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်း သိရသည်။ ယနေ့ (ဖေဖော်ဝါရီ ၉) ရက် နံနက်ပိုင်း ၈ နာရီဝန်းကျင်တွင် သိန္နီမြို့နယ်မှ ကွတ်ခိုင်မြို့ဘက်...
ဂျာယန် ပြည်သူ့စစ်တပ်သားသစ်ထဲ အသက်မပြည့်သည့် လူငယ်များပါဝင်နေ
သျှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် မိုင်းယော်တိုက်နယ်၊ ဂျာယန်ကျေးရွာ အနီးရှိ ဂျာယန်ပြည်သူ့စစ် တပ်သားသစ်ထဲတွင် အသက်မပြည့်သေးသည့် ကလေးလူငယ်များ ပါဝင်နေကြောင်း သတင်းရရှိသည်။ ဂျာယန်ပြည်သူ့စစ်တပ်စခန်းအတွင်းသို့ စစ်သားလုပ်ရန် ခေါ်ဆောင်သွားခြင်း ခံရသူများအနက် အသက် (၁၈) နှစ် မပြည့်သေးသည့် ကလေးသူငယ် (၂၀) ဦးပါဝင်ခဲ့ကြောင်း တအာင်း (ပလောင်) အမျိုးသား...
ပင်းတယမြို့နယ် ဘုန်းကြီးတစ်ပါး မင်္ဂလာ ပန်းရထားပေါ် ပြုတ်ကျ ခြေထောက်ကျိုး
သျှမ်းပြည် တောင်ကြီးခရိုင် ပင်းတယမြို့နယ် ပွေးလှမြို့ ရေဂနိုင်ကျေးရွာ ထီးတင်ပွဲပြုလုပ်ရာ ဘုန်းကြီးတစ်ပါးသည် မင်္ဂလာပန်းရထားပေါ် ပြုတ်ကျရာမှ ခြေထောက်ကျိုးခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၄ ရက်တွင် ပင်းတယမြို့နယ် ရေဂနိုင်ကျေးရွာတွင် ထီးတင်ပွဲပြုလုပ်ရာတွင် ဘုန်းကြီးတပါး မင်္ဂလာပန်းရထားဖြင့် စေတီပေါ်သို့ စီးသွားရာတွင် စေတီမရောက်ခင် ပြုတ်ကျပြီး ခြေထောက်ကျိုးသွားခဲ့ကြောင်း...
သီပေါ ဘူတာ မီးရထားလမ်းဘေးရှိ အိမ်ခြေ (၄၀၀) ကျော် ရွှေ့ပြောင်းရမည်
သျှမ်းပြည် ကျောက်မဲခရိုင် သီပေါမြို့ ဘူတာ မီးရထားလမ်းဘေးရှိ အိမ်ခြေ (၄၀၀) ကျော်ကို မီးရထားသံလမ်း ဧရိယာ အကွာအဝေး နှင့် မညီမျှဟုဆိုပြီး စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာက ရွှေ့ပြောင်းခိုင်းနေကြောင်း စုံစမ်းသိရှိရသည်။ စစ်တပ်သည် ၎င်းတို့၏ သတ်မှတ်ထားသော မီးရထားသံလမ်း နှင့် ဧရိယာ အကွာအဝေး...
မိုးဗြဲမြို့ ကျေးရွာဘက် စစ်ကောင်စီ စစ်အင်အားဖြည့်တင်းနေ
သျှမ်းပြည် တောင်ကြီးခရိုင် မိုးဗြဲမြို့ ကျေးရွာများထဲတွင် စစ်ကောင်စီဘက်က စစ်အင်အားများ ဖြည့်တင်းနေသည့်အတွက်ကြောင့် တိုက်ပွဲအချိန်မရွေး ဖြစ်ပွားလာနိုင်ကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ စစ်ကောင်စီတပ်သည် မိုးဗြဲမြို့အတွင်း တင့်ကားတစ်စီးပါ ဝင်ရောက်အင်အားဖြည့်တင်းလာသည့် အတွက်ကြောင့် ဖယ်ခုံ - မိုးဗြဲ - လွိုင်ကော်လမ်းကို သွားလာခြင်း ပြည်သူ့ကာကွယ်ရေးဘက်က ယာယီပိတ်ထားလိုက်ကြောင်း ထုတ်ပြန်ထားသည်။ “စစ်ကောင်စီဘက်က...
တောင်ကြီးတွင် ပါဝါဘဏ် အားသွင်းရာမှတစ်ဆင့် နေအိမ်တစ်လုံး မီးလောင်
သျှမ်းပြည် တောင်ကြီးခရိုင် တောင်ကြီးမြို့တွင် Power Bank (ပါဝါဘဏ်) အားသွင်းရာမှတစ်ဆင့် နေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၇) ရက် ညနေပိုင်း ၄ နာရီ ၂၀ မိနစ်တွင် တောင်ကြီးမြို့ ကျောင်းကြီးစု ရပ်ကွက် နယ်မြေ (၉)...
ပြည်ထောင်စုအဆင့်ထိ ရွေးကောက်ပွဲဝင်ရောက်ယှဥ်ပြိုင်မည်ဟု ကျားဖြူပါတီပြော
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ကျားဖြူပါတီသည် ၂၀၂၃ ရွေးကောက်ပွဲအတွင်း သျှမ်းပြည် အပါအဝင် ပြည်ထောင်စု အဆင့်ထိ ရွေးကောက်ဝင် ယှဥ်ပြိုင်မည်ဟု သိရသည်။ သျှမ်းပြည် နှင့်အတူ တိုင်းနှင့် ပြည်နယ် ၆ ခုကို ရွေးကောက်ပွဲ ဝင်ရောက်ယှဥ်ပြိုင်ရန်အတွက် လျာထားပြီး ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊...
ဆိုင်ခန်းများ ဖြိုဖျက်ပျက်စီးခံရပြီးနောက် အလုပ်လက်မဲ့ဖြင့် အိမ်ခန်းငှားခ စရိတ်တွေ အခက်ကြုံနေ
သျှမ်းပြည် တောင်ကြီးခရိုင် တောင်ကြီးမြို့တွင် စစ်တပ်၏ တပ်ပိုင်နယ်မြေအတွင်း ဆိုင်ခန်းများ ဖြိုဖျက်ခံရပြီးနောက် အလုပ်လက်မဲ့ဖြင့် အိမ်ခန်းငှားခ စရိတ်များ အခက်ကြုံတွေ့နေ ရကြောင်း သိရှိရသည်။ စစ်တပ်သည် ၎င်းတို့၏ တပ်ပိုင်နယ်မြေဟုဆိုပြီး တပ်ပိုင်နယ်မြေအတွင်း ရောက်ရှိသည့် ဆေးတပ်ရင်း၊ အမှတ် (၂၆၂) တပ်ထိန်း၊ စုဆောင်းရေး တပ်ဖွဲ့ရုံး နှင့်...





