“ဝ” ခေါင်းဆောင်တို့၏ နိုင်ငံရေး စစ်ရေး ဦးဆောင်မှုကို ခံယူမည်ဟု PSLF/TNLA ထုတ်ပြန်ပြောဆို

သျှမ်းပြည်အတွင်း အခြေချ လှုပ်ရှားနေသည့် ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး PSLF / TNLA တပ်ဖွဲ့ သည် “ဝ” ခေါင်းဆောင်ကြီးများ၏ နိုင်ငံရေး၊ စစ်ရေး ဦးဆောင်မှုများကို လေးနက်တည်ကြည်စွာ ခံယူမည် ဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။

PSLF/TNLA မှ ပေးပို့သည့် သဝဏ်လွှာ

ယမန်နေ့ (ဧပြီ ၁၇) ရက်တွင် ကျရောက်သည့် ၃၄ နှစ်မြောက် “ဝ” ငြိမ်းချမ်းရေး တည်ဆောက်မှု ပွဲတော်သို့ ပေးပို့သော် PSLF/TNLA ဂုဏ်ပြုသဝဏ်လွှာတွင် ထည့်သွင်းရေးသားထားခြင်း ဖြစ်သည်။

“မွန် – ခမာ အနွယ် ဝ – တအာင်း တို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး နှင့် အမျိုးသားနိုင်ငံရေး ဦးတည်ချက်သို့ ရောက်ရှိ အောင်မြင်စေရန်အတွက် သွေးချင်းညီအစ်ကို လူမျိုးများအနေဖြင့် အမြဲလက်တွဲ ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း PSLF/ TNLA က ပြောဆိုထားသည်။

PSLF/TNLA မှ ပေးပို့သည့် သဝဏ်လွှာ

“ဝ” အစိုးရမှ ၂၀၂၂ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် ပြည်တွင်း ပဋိပက္ခအား အင်အားသုံး၍ မဖြေရှင်းရန် နိုင်ငံရေး နည်းလမ်းများဖြင့်သာ အဖြေရှာရန်ဆိုသည့် တိုက်တွန်းချက်သည် မြန်မာပြည်တွင်းစစ် ပဋိပက္ခအား ကိုင်တွယ်ဖြေရှင်းမှုတွင် ကိုင်စွဲထားရမယ့် အခြေခံ မူဝါဒ ဖြစ်ကြောင်းလည်း PSLF/TNLA မှပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။

ထို့အပြင် “ဝ” ပြည်နယ်အစိုးရ၏ နိုင်ငံရေး၊ ငြိမ်းချမ်းရေး ရပ်တည်ချက် မူဝါဒများသည် PSLF/TNLA မှ ထောက်ခံ လိုလားသည့် အခြေခံမူဝါဒများ ဖြစ်ကြောင်း PSLF/TNLA ၏ သဝဏ်လွှာအရ သိရသည်။

တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့သည် “ဝ” တပ်ဖွဲ့ ဦးဆောင်သည့် FPNCC အဖွဲ့ဝင်လည်း ဖြစ်သည်။

UWSA “ဝ” တပ်ဖွဲ့သည် ၁၉၈၉ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် ဗမာပြည် ကွန်မြူနစ်ပါတီ – ဗကပ မှ ခွဲထွက်လာပြီး “ဝ” တပ်ဖွဲ့ကို တည်ထောင်ကာ ဗမာစစ် အစိုးရ နှင့် ငြိမ်းချမ်းရေး ယူခဲ့ခြင်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

UWSA ဒေသ သတ္တုတူးဖော်ရာတွင် ဖောက်ခွဲရေး၊ ဓာတုပစ္စည်း အလွန်အကျွံမသုံးရ ဟု အသိပေး

0
ရွှေ၊သတ္တုနှင့် သံယံဇာတများ အလွန်အကျွံတူးဖော်မှုကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားနေသည့် ‘ဝ’တပ် (UWSA) ထိန်းချုပ်သည့် ဒေသအတွက် ထိခိုက်နစ်နာမှု မရှိစေရန် နှင့် ပြဌာန်းချက်များကို လိုက်နာကြရန် စီးပွားရေး လုပ်ငန်းရှင်များကို တွေ့ဆုံ အသိပေးလိုက်ကြောင်း သတင်းရရှိသည်။ သျှမ်းပြည်အရှေ့ပိုင်းတွင် မြေရှားသတ္တု၊ ရွှေနှင့် အခြားသတ္တုများ အလွန်အကျွံတူးဖော်မှုကြောင့် မြန်မာနှင့်ထိုင်းကို ဖြတ်သန်းစီးဆင်းနေသော...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...