သျှမ်းပြည်တွင် ယခုနှစ် သင်္ကြန်ကာလအတွင်း ရေနစ်သေဆုံးသူ ၆ ဦးရှိ

သျှမ်းပြည် မူဆယ်မြို့နယ်၊ သီပေါမြို့နယ် နှင့် ကျောက်မဲမြို့နယ်တွင် ယခုနှစ် သင်္ကြန်ကာလအတွင်း ရေနစ်သေဆုံးသူ ၆ ဦး ရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

Photo – နယ်စည်းမခြား ပရဟိတ (သီပေါ)

ပြီးခဲ့သည့် (ဧပြီလ ၁၅ ရက်) သင်္ကြန်အကြတ်နေ့တွင် ရွှေလီမြစ်အတွင်း ရေဆင်းကစားသည့် အမျိုသား ၃ ဦး ရေနစ် သေဆုံးသွားခဲ့ပြီး သီပေါမြို့နယ် နောင်ကတ်ကျေးရွာအနီးရှိ ဒုဌဝတီမြစ်အတွင်း၌လည်း အသက် (၈) နှစ် အရွယ် ကလေးငယ်တစ်ဦးလည်း ရေနစ် သေဆုံးသွားခဲ့ကြောင်း နယ်စည်းမခြား ပရဟိတ (သီပေါ) အသင်းထံမှ သိရသည်။

အလားတူ (ဧပြီလ ၁၆ ရက်) သင်္ကြန်အတက်နေ့တွင် ကျောက်မဲမြို့နယ် အထက်ရဲရွာ ဒုဌဝတီမြစ်အတွင်း အသက် (၁၅) နှစ်အရွယ် လူငယ်တစ်ဦး ရေနစ်သေဆုံးပြီးနောက် သီပေါမြို့နယ် နှင့် မိုင်းရယ်မြို့နယ်အစပ်ရှိ ရေကာတာအတွင်းတွင် အသက် (၁၇) နှစ်အရွယ် လူငယ်တစ်ဦး ရေချိုးရင်းပြီး ရေနစ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ သင်္ကြန်ကာလမှာတော့ လူငယ် ၃ ဦး ရေနစ်ပြီး ဆုံးသွားကြတယ်။ ၁၇ နှစ်အရွယ် လူငယ်နှစ်ဦး နဲ့ ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးပါ။ ဒီသင်္ကြန်ကာလမှာဆို သူတို့ရေချိုး၊ ရေဆော့ကြရာကနေ ဖြစ်သွားတာပေါ့ “ ဟု နယ်စည်းမခြား ပရဟိတ (သီပေါ) အသင်းမှ တာဝန်ခံ တစ်ဦးက ပြောသည်။

Photo – နယ်စည်းမခြား ပရဟိတ (သီပေါ)

ထိုသို့ သင်္ကြန်ကာလမတိုင်မှီ (ဧပြီလ ၆ ရက်) သီပေါမြို့နယ် ချောင်းဆုံတွင်လည်း လူငယ်တစ်ဦး ရေနစ်သွားခဲ့ပြီး (ဧပြီလ ၁၁ ရက်) ကျောက်မဲမြို့နယ် ခိုတင့်ကျေးရွာ ရေတံခွန်တွင် ကိုရင်တစ်ပါး ရေနစ်သေဆုံးသွားခဲ့ရကြောင်း သိရသည်။

ထို့အပြင် ယခုနှစ် သင်္ကြန်ကာလအတွင်းမှာ ရေဆင်းချိုးရင်း ရေနစ်သေဆုံးသွားသူများက ယခင်နှစ်ထက် ပိုများလာကြောင်း နယ်စည်းမခြား ပရဟိတ (သီပေါ) အသင်းထံမှ တာဝန်ခံတစ်ဦးက ထပ်လောင်းပြောသည်။

“ ခါတိုင်းနှစ်တွေထက်ဆိုင်ရင် ဒီနှစ်ကတော့ ၃ ဦးဆိုတော့ များတာပေါ့။ အဓိကတော့ ကိုယ့်ရဲ့ ပျော်ရွှင်မှုက ကိုယ့်အတွက် အန္တရယ်ဖြစ်အောင် မပျော်ရွှင်ဖို့ ပြောချင်တယ်။ ပြီးတော့ လူငယ်တွေလည်း လူကြီး၊ မိဘ မပါဘဲနဲ့ ဒီလမ်းခရီးတွေ မသွားတာ အကောင်းဆုံးပဲ“ ဟု ၎င်းက ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် (ဧပြီလ ၁၄ ရက်) သင်္ကြန်အကျနေ့တွင် ကွန်ဟိန်းမြို့ ရေပေါ်သင်္ကြန် ပြုလုပ်သည့် ရေချောင်းအတွင်းမှာလည်း အမျိုးသားတစ်ဦး ရေဆင်းကစားရင်း ရေနစ်သေဆုံးသွားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...