လားရှိုးမြို့နယ် အတွင်း TNLA တပ်သားက ဒေသခံများထဲ ပိုက်ဆံ အတင်းအဓမ္မကောက်ခံ

သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာအုပ်စု နမ့်ဆော့ကျေးရွာထဲတွင် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တပ်သားက ဒေသခံပြည်သူများထံ ငွေ အတင်းအဓမ္မတောင်းခံခဲ့ကြောင်း သတင်းရရှိသည်။

မိုင်းကျက်ကျေးရွာ

ပြီးခဲ့သည့် ဧပြီ ၁၂ ရက်တွင် TNLA တပ်သား (၄) ဦးသည် သေနတ်ဖြင့် နမ့်ဆော့ကျေးရွာအတွင်းသို့ ဝင်ရောက်လာခဲ့ပြီး ဒေသခံများထံ ငွေတောင်းခံခဲ့ကြောင်း သိရသည်။

ထိုအပြင် ငွေတောင်းခံရသည့်အပြင် ဒေသခံများ၏ အိမ်မွေးကြက်ကိုပါ သေနတ်ဖြင့် ပစ်ခဲ့ပြီး မ မိသည့်အတွက်ကြောင့် ကျည်ဆံဖိုး ထပ်မံတောင်းယူခဲ့ကြောင်း ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။

“သူတို့ ၄ ယောက် ဆိုင်ကယ် ၂ စီးနဲ့ လာတာ။ ရွာထဲရောက်လာတော့ ဒေသခံတွေနား ပိုက်ဆံတောင်းတာ။ ၃ သိန်းတောင်းတာ မရှိဘူးလို့ပြောတော့ အိမ်ပေါ်မှာ တက်ရှာတယ်။ ၁ သိန်းတွေ့တော့ ယူသွားတယ်။ ပြီးတော့ အိမ်က ကြက်တွေကိုလည်း သေနတ်နဲ့ပစ်တယ်။ မမိ လို့ဆိုပြီး ကျည်ဆံဖိုးကို တစ်တောင့် ၁ သောင်းဖိုး နဲ့ ပြန်တောင်းတယ်။ ၂ တောင့် ဆိုတော့ ၂ သောင်းပေးလိုက်ရတယ်” ဟု မိုင်းကျက်ကျေးရွာအုပ်စုတွင်း ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ ငွေတောင်းယူသည့် ကိစ္စနှင့်လည်း သတင်းမထွက်ပေါ်ရန်အတွက် TNLA တပ်သား ၄ ဦးက အိမ်ရှင်ကို ခြိမ်းခြောက်ခဲ့သေးကြောင်း ဒေသခံက ပြောသည်။

အလားတူ ထိုကိစ္စ နှင့် ပတ်သက်ပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၏ ပြောရေးဆိုခွင့်ကို သျှမ်းသံတော်ဆင့် မှ ဆက်သွယ်ခဲ့သော်လည်း မရရှိပေ။

နမ့်ဆော့ကျေးရွာသည် အိမ်ခြေ ၁၀ ဝန်းကျင်သာရှိပြီး တောင်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုကြကြောင်း သိရသည်။

“ကျနော်တို့တော့ တရားမျှတမှု နဲ့ လုံခြုံရေး အပြည့်တွေ လိုချင်တယ်။ ကျနော်တို့ ရွာက သေးတယ်။ ပြီးတော့ သူတို့က ပြည်သူတွေအပေါ် ဒီလိုလုပ်တာက မကောင်းဘူး။ သူတို့ရဲ့ အထက်ပိုင်းက လူကြီးတွေကို ပြန်ပြီး တာဝန်ယူခိုင်းစေချင်တယ်” ဟု လားရှိုးမြို့ ဒေသခံ တစ်ဦးက ပြောသည်။

အလားတူ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်သည် လားရှိုးမြို့နယ် အပြင် နမ့်ခမ်းမြို့တွင်လည်း ဒေသခံ ပြည်သူများထံ အခွန်လိုက်လံ ကောက်ခံနေလျက်ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားသည့် ရွာငံဒေသခံ ၃ ဦး နှစ်ပတ်ကျော်ကြာသည်အထိ ပြန်မလွှတ်သေး

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်ကျေးရွာများတွင် စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားသည့် ရွာငံဒေသခံ (၃)ဦး နှစ်ပတ်ကြာသည်အထိ ပြန်မလွှတ်သေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်တွင် ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာအုပ်စုမှ ဒေသခံ (၃)ဦးသည် ဆွေမျိုးအိမ်သို့ အလည်သွားရာမှ အပြန် စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားခဲ့ပြီး ယနေ့ မတ်လ (၂၇)ရက်အထိ...

လယ်ကွင်းများထဲ ရွှေတူးဖော်နေသော ညီနောင်တပ်ဖွဲ့များ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ယခင်က စိမ်းလန်းခဲ့သည့် လယ်ကွင်းများသည် လက်ရှိတွင် တောင်တန်းကဲ့သို့ မြင့်မားသည့် မြေစာပုံကြီးများအဖြစ် ပြောင်းလဲနေပြီး ဘက်ဖိုးစက်ယန္တရားများဖြင့် နေ့ညမပြတ် ရွှေတူးဖော်နေကြောင်း မိုင်းငေါ့ဒေသခံ နန်းခမ်း (အမည်လွဲ)...

ကွတ်ခိုင်တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို MNDAA စည်းရုံး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို လက်နက်အပ်ရန်နှင့် ဆေးဝါးကုသမှုခံယူရန် MNDAA ဘက်မှ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၂ ရက်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်အတွင်းရှိ မုံးစီး၊ ကာလိုင်၊ မိုင်းယုလေး၊ ရှုခင်းသာ၊ ၃၈ မိုင် စသည့် ကျေးရွာအုပ်စုများတွင်...

တအာင်း (ပလောင်) ဒေသတွင် MNDAA ကို ဆန့်ကျင်ဆန္ဒပြနေသည်ဆိုသည့် AI ဖြင့်ဖန်တီးထားသော သတင်းအမှား

0
ဖေ့ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာများတွင် တအာင်း (ပလောင်) လူမျိုးများက ကိုးကန့်တပ် (MNDAA) အား တအာင်း (ပလောင်) နယ်မြေအတွင်းမှ ထွက်ခွာပေးရန်နှင့် အလိုမရှိကြောင်း ဆန္ဒပြနေကြသည်ဟုဆိုကာ လူစုလူဝေးဓာတ်ပုံများနှင့် သတင်းများ ပျံ့နှံ့နေသည်။ အဆိုပါဓာတ်ပုံကို We Are Ta’ang အမည်ရှိ အကောင့်တစ်ခုမှ မတ်လ ၂၀...