ကိုရင်လေးကို ရိုက်ခဲ့သည့် ဆရာတော် ခံဝန်လက်မှတ်ထိုးခိုင်း

သျှမ်းပြည် လားရှိုးမြို့နယ် တာပုံကျေးရွာ ဘုန်းကြီးကျောင်းတွင် စာချဆရာတော်က ကိုရင်လေးအပေါ် ရိုက်နှက်ခဲ့သည်ကို အပြစ်ပေး အရေးယူမှု မရှိဘဲ ခံဝန်လက်မှတ်သာ ထိုးခိုင်းကြောင်း စုံစမ်းသိရှိရသည်။

ရိုက်နှက်ခံရသည့် ဒဏ်ရာ

ပြီးခဲ့သည့် ဧပြီ ၁၄ ရက်တွင် တာပုံဘုန်းကြီးကျောင်းတွင် ကျောင်းထိုင်ဆရာတော် ၊ စာချဆရာတော် ၊ ကိုရင်လေး မိဘ နှင့် ရပ်မိရပ်ဖတို့က ကိုရင်လေး ရိုက်နှက်ခံရသည့် ကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆွေးနွေးခဲ့ရာတွင် ကိုရင်လေးကို ညှိမဲအောင်ရိုက်ခဲ့သည့် စာချဆရာတော်ကို နောက်ခါ မပြုလုပ်ရန်အတွက် ဆုံးမ ဩဝါဒ ပေးခဲ့ပြီး ခံဝန်လက်မှတ် ထိုးခိုင်းကြောင်း တာပုံကျောင်းဆရာတော်တစ်ပါးက သျှမ်းသံတော်ဆင့်ကို မိန့်သည်။

“အရေးယူတာ ၊ အပြစ်ပေးတာတော့ မရှိပါဘူး။ နောက်တစ်ခါကျရင် ထပ်မလုပ်ဖို့ မရိုက်ဖို့ပဲ ပြောခဲ့တာ။ ပြီးရင်တော့ နောက်မလုပ်ဖို့ ကတိဝန်ခံ လက်မှတ်ထိုးကြတာပေါ့။ ဒါကို ကိုရင်လေး မိဘတို့ကလည်း သဘောတူတယ်” ဟု တာပုံကျောင်း ဆရာတော်တစ်ပါးက ပြောသည်။

အဆိုပါ စာချဆရာတော်က ကိုရင်လေးကို ရိုက်နှက်ခဲ့ရခြင်းသည် အမှန်ဖြစ်ပြီး ရိုက်နှက်ခဲ့သည်မှာ အလုပ်လုပ်ရန် နောက်ကျသည့်အတွက်ကြောင့် ရိုက်နှက်ခဲ့သည်ဟု သိရသည်။

ရိုက်နှက်ခံရသည့် ကိုရင်

“ ရိုက်ခဲ့တာတော့ အမှန်ရိုက်ခဲ့တာ။ ကိုရင်လေးတွေ အလုပ်လာလုပ်ဖို့ နောက်ကျပြီး ရောက်လာလို့ ရိုက်လိုက်တာတဲ့။ ရိုက်တဲ့သူကလည်း ဒေါသတွေပါပြီး ရိုက်တော့ အဲ့လိုဖြစ်သွားတာပေါ့။ စိတ်တိုလို့ ရိုက်လိုက်တာပေါ့။ ကိုရင်လေးတွေကို ခေါ်တာ ၂ ခါ ခေါ်ရလို့ စိတ်တိုပြီးတော့ ရိုက်တာပေါ့” ဟု အထက်ပါ ဆရာတော်က မိန့်သည်။

လားရှိုးမြို့နယ် တာပုံဘုန်းကြီးကျောင်းသည် ကိုရင်များကို အပြစ်ပေးရာတွင် ပုံမှန်အားဖြင့် ကြမ်းတိုက် ၊ အိမ်သာဆေး၊ စာကျက်၊ ဘုရားဝတ်ပြုသာ အဓိက ပြုလုပ်ပြီး ၃ ကြိမ်မြောက်တွင် ရိုက်ပြီး ဆုံးမလေ့ရှိကြောင်း သိရသည်။

သို့သော် ရိုက်နှက်ရာတွင်လည်း ဒေါသမပါဘဲ ရိုက်နှက်ခြင်းဖြင့် ရိုက်နှက်ရကြောင်း ဆရာတော်က ထပ်မံ မိန့်ကြားသည်။

“ အပြစ်ပေးတာတော့ အမျိုးမျိုးရှိတယ်။ ပထမပိုင်းကတော့ စာကျက်ခိုင်းတာ။ ဘုရားဝတ်ပြုတာ။ ကြမ်းတိုက်၊ အိမ်သာဆေးတာတွေလုပ်ခိုင်းတာပေါ့။ နောက်ဆုံးပြောမရရင် ရိုက်တာလည်းရှိတယ်။ ရိုက်ရင်တော့ ၂ ချက် ၃ ချက်ပေါ့။ ရိုက်ရင်လည်း ဒေါသမပါဘဲ ရိုက်ရတာ။ ဂရုဏာ သနားစိတ်နဲ့ ရိုက်ရတာပေါ့” ဟု တာပုံကျောင်းထိုင်ဆရာတော်က မိန့်သည်။

ပြီးခဲ့သည့် ဧပြီ ၇ ရက်နေ့တွင် ကိုရင်လေးတို့ ကစားရာမှ စပြီး ကိုရင်ထိန်း စာချဆရာတော်က ကိုရင်လေးတွေကို ရိုက်နှက်ခဲ့သည်။

၂၀၁၉ ကလေးသူငယ်များဆိုင်ရာ ဥပဒေအရ ပုဒ်မ ၁၀၃ (က)(၄)တွင် ကလေးသူငယ်ကို အဓမ္မအလုပ်ခိုင်း စေလျှင်၊ အဓမ္မဝန်ဆောင်မှုပေးစေလျှင် ထောင်ဒဏ် ၈ လမှ ၅ နှစ်ထိ နှင့် ဒဏ်ငွေ ကျပ် ၈ သိန်းမှ ၁၆ သိန်း ထိ ကျခံနိုင်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင်လည်း ကျေးသီးမြို့နယ် မိုင်းကောင်ကျေးရွာထဲတွင် ကိုရင်လေးတစ်ပါး ညအချိန် နို့ခိုးသောက်ရာမှ အသက်ဆုံးရှုံးသည်အထိ ရိုက်နှက်ခဲ့သည့် ဖြစ်စဥ်လည်း ရှိခဲ့ဖူးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...