CATEGORY

သတင်း

ဖားကန့်မြို့နယ် ကုန်တင်ပို့မှုကို ပိတ်ထားသည့်အတွက် ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်နေ

ကချင်ပြည် ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီက မြို့ဝင်မြို့ထွက်များကို စစ်ဆေးရေးတင်းကြပ်နေပြီး ကုန်တင်ပို့မှုကို ပိတ်ထားသည့်အတွက်ကြောင့် မြို့တွင်းကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်နေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ ယခုလ ဖေဖော်ဝါရီထဲတွင် စစ်ကောင်စီက ဖားကန့်မြို့တွင်းသို့ ဝင်လာသည့် ကုန်တင်ကားများကို စစ်ဆေးပြီး မြို့တွင်းသို့ မပေးဝင်ကြောင်း မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောသည်။ “ ကျမတို့လည်း ဟိုနေ့လောက်မှပဲ...

PNO ပါတီမှ စစ်ကောင်စီထံ နိုင်ငံရေးပါတီ မှတ်ပုံတင် တင်သွင်းထား

သျှမ်းပြည် အခြေစိုက် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO/PNA) မှ စစ်ကောင်စီတို့ လုပ်ဆောင်မည့် ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲ အတွက် နိုင်ငံရေး မှတ်ပုံတင် တင်သွင်းထားကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၆ ရက်တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၂၅...

ပင်လုံမြို့ အုပ်ချုပ်ရေးမှူး ပိုက်ဆံအဆမတန်ကောက်ယူပြီး လောင်းကစားဝိုင်းဖွင့်လှစ်နေ

သျှမ်းပြည် လွိုင်လင်ခရိုင် ပင်လုံမြို့ အုပ်ချုပ်ရေးမှူးသည် ပြည်သူများထံ ပိုက်ဆံ အဆမတန်ကောက်ယူပြီး လောင်းကစားဝိုင်းများ ပေါ်တင်ဖွင့်လှစ်နေကြောင်း စုံစမ်းသိရသည်။ ပင်လုံမြို့ထဲတွင် မြို့အုပ်ချုပ်ရေးမှူး ဦးရာဇာအောင် နှင့် ပအိုဝ်းအဖွဲ့အစည်း တချို့တို့ ပူးပေါင်းပြီး ရပ်ကွက် (၂) လေးဆူကုန်းဘောလုံးကွင်းရှိ လောင်းကစားဝိုင်းများသည် ၂၄ နာရီလုံး ဖွင့်လှစ်ထားပြီး၊ စတိတ်စင်...

နောင်ချိုအတွင်း PDF သတင်းများ ထပ်မံကြားရပါက ရွာကို မီးရှို့မည်ဟု စစ်ကောင်စီ ခြိမ်းခြောက်ပြော

သျှမ်းပြည် ကျောက်မဲခရိုင် နောင်ချိုမြို့နယ်အတွင်း PDF တပ်ဖွဲ့ သတင်းများ ထပ်မံကြားသိရပါက ရွာကို မီးရှို့မည်ဟု စစ်ကောင်စီ တပ်ဖွဲ့က ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်တွင် နောင်ချိုမြို့နယ်အတွင်း မန္တလေး PDF နှင့် စစ်ကောင်စီတို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့စဥ်...

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားကဒ် သက်တမ်းကုန်သူများ ၃ လအချိန် ထပ်တိုးမြှင့် ပေးနေ

ထိုင်းနိုင်ငံတွင် အနီရောင်စာအုပ် PJ နိုင်ငံကူး လက်မှတ်ကိုင်ဆောင်ထားသူများ နှင့် အလုပ်လုပ်ကိုင်ခွင့် (Work Permit) သက်တမ်းကုန်သူများ ၃ လ ထပ်တိုးမြှင့်ပေးနေကြောင်း ဘန်ကောက်မြို့ မြန်မာသံရုံးက (ဖေဖော်ဝါရီ ၁၄) ရက်စွဲတွင် ထုတ်ပြန်ထားသည်။ ထိုင်းနိုင်ငံ၌ အလုပ်လုပ်နေကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားထဲမှ အနီရောင်စာအုပ် PJ အမျိုးအစား...

နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီ ဖမ်းသွားသည့် ရွာသား ၇ ဦးအနက် ၁ ဦး အသတ်ခံရ

သျှမ်းပြည် ကျောက်မဲခရိုင် နောင်ချိုမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တော်လှန်ရေး အင်အားစု PDF တပ်ဖွဲ့ နှင့် စစ်ကောင်စီတို့၏ တိုက်ပွဲတွင် စစ်ကောင်စီတပ်က ရွာသား ၇ ဦးကို ဖမ်းသွားပြီး ၁ ဦး အသတ်ခံလိုက်ရ ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်တွင်...

ပွဲစားကို သတ်သည့် မြန်မာလုပ်သား ၄ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ဆမွတ်ပရကန်ခရိုင်တွင် လူသတ်မှု ပြစ်မှုကျူးလွန်သူ မြန်မာလုပ်သား ၄ ဦးကို ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၁၅ ) ရက်တွင် ထိုင်းနိုင်ငံ ဆမွတ်ပရကန်ခရိုင် ပန်ဖီမြို့နယ်မှ မြန်မာလုပ်သား အမျိုးသား ၂ ဦး နှင့် ရယောင်းခရိုင်မှ မြန်မာလုပ်သား အမျိုးသား...

တာချီလိတ်မြို့နယ်အတွင်း လေထုညစ်ညမ်းမှုကြောင့် ဒေသခံများ အသက်ရှူခက်ခဲလာ

သျှမ်းပြည် တာချီလိတ်ခရိုင် တာချီလိတ်မြို့နယ်အတွင်း၌ လေထုညစ်ညမ်းမှုကြောင့် ဒေသခံ ပြည်သူများ အသက်ရှုရ ခက်ခဲလာကြောင်း သတင်းသိရသည်။ ယခု ရက်ပိုင်းအတွင်း၌ တာချီလိတ်မြို့နယ်အတွင်း လေထုညစ်ညမ်းမှုသည် ယခင်ကထက် ပိုမိုများပြားလာပြီး အပြင်ထွက်ပါက အသက်ရှူရ ခက်ခဲကြောင်း ဒေသခံ အမျိုးသား ဦးစော က သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အိမ်ထဲမှာ နေရင်တော့...

မွေးဖွားစရိတ်အတွက် ပူပန်သောက ရောက်နေတဲ့ စစ်ရှောင်ကိုယ်ဝန်သည်များ

“ပြောင်းဖူးခြံထဲမှာ နေကလည်းပူ၊ ယားကလည်းယား အဲ့လိုတော့ ခံစားရတာပေါ့။ တစ်ဖက်က ကိုယ့်အတွက်လည်း စားဝတ်နေရေးက လိုအပ်တယ်” လို့ အသက် ၃၇ နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီး ဒေါ်ဆာတီးနာက ဝမ်းနည်းစွာနဲ့ ပြောပြလာပါတယ်။ ဒေါ်ဆာတီးနာ ဟာ လက်ရှိမှာ ကိုယ်ဝန်ဆောင် (၈) လ လွယ်ထားရပြီး...

ချစ်သူများနေ့ ထွက်လည်သည့် သျှမ်းလူငယ် စုံတွဲများ KIA ဖမ်းဆီးခေါ်ဆောင်သွားပြီး ညတွင်းချင်းပြန်လွှတ်ပေး

ချစ်သူများနေ့ ဟု အများသတ်မှတ်ထားသည့် ဖေဖော်ဝါရီလ ၁၄ ရက်တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝါရှောင်ကျေးရွာရှိ ဝါရှောင်အပန်းဖြေ စခန်းကို သွားရောက်လည်ပတ်သည့် လူငယ် ၂၀ ဦးကို ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ KIA က လူသစ်စုဆောင်းရန် ခေါ်ဆောင်သွားပြီး ညတွင်းချင်းပြန်လွှတ်ပေးခဲ့ကြောင်း သတင်း သိရသည်။ အဆိုပါ...

Latest news