ထိုင်းရောက် မြန်မာနိုင်ငံသား ပတ်စပို့ သက်တမ်းတိုးရန် စစ်ကောင်စီမှ တင်းကြပ်လာ

ထိုင်းရောက် မြန်မာနိုင်ငံသားများ ပတ်စပို့ သက်တမ်းတိုးရန်အတွက် လက်ရှိမှာ စစ်ကောင်စီမှ ထုတ်ထားသည့် စည်းမျဉ်းကန့်သတ်ချက်များကြောင့် အခက်ကြုံတွေ့နေရကြောင်း စုံစမ်းသိရှိရသည်။

နိုင်ငံကူးလက်မှတ်

နိုင်ငံကူးလက်မှတ် အမျိုးအစားဖြစ်သည့် အလည်အပတ် ပတ်စပို့ ( PV) နှင့် ပညာရေး ပတ်စပို့ (PE) ကို ယခု ၂၀၂၃ ခုနှစ် နောက်ပိုင်းမှစပြီး သက်တမ်းတိုးလျှင် မြန်မာနိုင်ငံတွင် နေထိုင်သည့် ဒေသမှ ရဲစခန်းထောက်ခံစာ ပါရှိရမည် ဖြစ်ကြောင်း ချင်းမိုင်မြို့ ကောင်စစ်ဝန်ချုပ်ရုံးမှ (ဧပြီလ ၁၇ ရက်) တွင် ထုတ်ပြန်ထားသည်။

အလားတူ မြန်မာနိုင်ငံတွင် နေထိုင်သည့် ဒေသမှ ရပ်ကွက်ရုံး ထောက်ခံစာအပြင် ပြန်တမ်းဝင် အရာရှိ တစ်ဦးထောက်ခံစာ၊ မိဘနှစ်ပါး ထောက်ခံချက်နှင့်အတူ နိုင်ငံသား စိစစ်ရေးကတ်၊ ကာယရှင်များ၏ ပြည်ပရောက်ရှိ နေချိန် ဆောင်ရွက်မှုအသေးစိတ် ကိုယ်ရေးစာ နှင့် ကျောင်းတက်ရောက်နေပါက ကျောင်း နှင့် ပတ်သက်သည့် အထောက်အထားများ ပါရှိရမည်ဟု ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

“ သူတို့က နိုင်ငံရေး နဲ့ ပတ်သက်တဲ့သူကို စာရင်း အတိအကျ လိုချင်တာ။ ပြည်တွင်းမှာဘယ်နေရာ နေတာကအစ မိဘနာမည်တွေ အကုန်လုံးသိချင်တယ်။ အချက်အလက်တွေ အကုန်လုံးသိချင်လို့ အခုလို လုပ်လိုက်တာ “ ဟု ထိုင်းရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခင်က နိုင်ငံကူးလက်မှတ် အမျိုးအစား အလည်အပတ် ပတ်စပို့ (PV) နှင့် ပတ်သက်၍ သက်တမ်းတိုးလျှင် ပြန်တမ်းဝင် အရာရှိတစ်ဦး ထောက်ခံစာကို တောင်းယူရခြင်း မရှိခဲ့သော်လည်း စစ်တပ်မှ အာဏာသိမ်းပြီး နောက်ပိုင်းမှသာ ဖြစ်ပေါ်လာခဲ့ကြောင်း သိရသည်။

ထိုသို့ နိုင်ငံကူးလက်မှတ်အမျိုးအစားဖြစ်သည့် အလည်အပတ် ပတ်စပို့ (PV) နှင့် ပညာရေး ပတ်စပို့ (PE) ကို ကိုင်ဆောင်ထားသူများ သက်တမ်းတိုးလျှင် အချိန်ကြာမြင့်နိုင်သဖြင့် မိမိ နိုင်ငံကူးလက်မှတ် သက်တမ်းကျန်ရှိမှု နှင့် ဗီဇာသက်တမ်း ကျန်ရှိမှုတို့အပေါ် ကိုယ်တိုင်ချိန်ဆ သုံးသပ်ကာ နိုင်ငံကူးလက်မှတ်ကို သက်တမ်းကျန်ရှိမှု ၆ လ အတွင်း သက်တမ်းတိုးရမည်ဖြစ်ကြောင်း သိရသည်။

“ အခု ကျွန်မတို့ ကိုယ်တိုင်သက်တမ်းသွားတိုးတာတောင် မရတော့ဘူး။ ပွဲစားကို ပိုက်ဆံပေးပြီး သက်တမ်းတိုးသွားရတာ။ ထိုင်းဘတ် (၆) ထောင်လောက်တော့ ကုန်တယ်။ ကိုယ်တိုင်သွားတိုးရင်တော့ အဲ့လောက်မကုန်ဘူး။ ကိုယ်တိုင်သွားရင်လည်း သူတို့က ဟိုရက်ချိန်းလိုက်၊ ဒီရက် ချိန်းလိုက်နဲ့ မလုပ်ပေးတော့ဘူး “ ဟု (PV) အမျိုးအစား ကိုင်ဆောင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး နှင့် အလုပ်အကိုင် အခွင့်အလမ်းများဟာ အဆမတန် ကျဆင်းသွားခဲ့သောကြောင့် ပြည်သူများ နည်းလမ်းစုံ ပြည်ပ ထွက်ခွာလာခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းတွင် တားမြစ်အလုပ် လုပ်ကိုင်သည့် ရွှေ့ပြောင်းလုပ်သားများကို ပြည်နှင်ဒဏ်အထိ တင်းကြပ်စွာ အရေးယူမည်

0
ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) မရှိဘဲ ရွှေ့ပြောင်းလုပ်သားများကို ငှားရမ်းခြင်း သို့မဟုတ် ဥပဒေအရ ခွင့်ပြုထားသည့် အလုပ်အကိုင်နယ်ပယ် ပြင်ပတွင် ခိုင်းစေခြင်းများ မပြုလုပ်ကြရန် ထိုင်းအစိုးရက အလုပ်ရှင်များ၊ စီးပွားရေးလုပ်ငန်းများနှင့် အများပြည်သူသို့ သတိပေးကြောင်း ထိုင်းသတင်းဌာနများတွင်ဖော်ပြသည်။ အစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ မနက်ဒါရက်စ် (Patdarasm Thongsaluaykorn)...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

သက်ကြီးရွယ်အိုများလာသည့် ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်

0
ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ချင်းမိုင်တွင် ခွင့်ပြုချက်မရှိဘဲ အပ်ချုပ်နှင့် ရုံးသန့်ရှင်းရေးလုပ်ကိုင်သည့် မြန်မာ ၃ ဦး ဖမ်းခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့အတွင်း သတ်မှတ်ထားသည့် အလုပ်အကိုင် အမျိုးအစားကိုက်ညီမှုမရှိပဲ အထည်ချုပ်လုပ်ငန်းနှင့် ရုံးသန့်ရှင်းရေးအလုပ်များ ဝင်ရောက်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့မှ ယမန်နေ့ (ဇွန် ၂၄)ရက်တွင် သတင်းထုတ်ပြန်သည်။ ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနမှ ရဲတပ်ဖွဲ့မှ ချင်းမိုင်ခရိုင် ဆန်ကန်ဖန်းမြို့နယ် (San Kamphaeng) အတွင်း...