သျှမ်းတပ် (၂) တပ် တိုက်ပွဲကြောင့် နွေရာသီ သျှမ်းစာသင်တန်းကျောင်း ရပ်နားထားရ

သျှမ်းပြည် လဲချားမြို့နယ်အတွင်း သျှမ်းတပ် (၂) တပ် တိုက်ပွဲကြောင့် နွေရာသီ သျှမ်းစာသင်တန်းကျောင်းများ (၁၀) ကျောင်းကျော် မဖွင့်လှစ်နိုင်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

Photo: သံဃာတော် (ပိတ်သွားသည့် နွေရာသီ သျှမ်းစာသင်ကျောင်းရှေ့)

ဧပြီ (၁၁) ရက်နေ့မှ စတင်ပြီး သျှမ်းတပ် (၂) တပ် တိုက်ပွဲကြောင့် လဲချားမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားမှုကြောင့် နွေရာသီ သျှမ်းစာသင်တန်းကျောင်း (၁၀) ကျောင်းကျော် ကျောင်းသား/သူ စုစုပေါင်း (၃၀၀) ကျော် သျှမ်းစာသင်ကြားခွင့် ဆုံးရှုံးခဲ့ရကြောင်း စုံစမ်း သိရှိရသည်။

“သံဃာတော်တွေ ဦးဆောင်ဖွင့်လှစ်တဲ့ ဗုဒ္ဓယဥ်ကျေးမှုကျောင်းတွေ၊ သျှမ်းသင်တန်းကျောင်းတွေ (၁၀) ကျောင်းထက်မနည်း ပိတ်ထားရတယ်။ ဒါကလည်း တိုက်ပွဲရဲ့ အကျိုးဆက်တွေ ဖြစ်တယ်။ မျိုးဆက်သစ်တွေ အတွက်တော့ စိတ်မကောင်းဘူး။ သျှမ်းစာသင်ဖို့ အခွင့်အရေးက နွေရာသီ (၂) လလောက်ပဲရှိတယ်။ အဲ့ဒါကို တိုက်ပွဲထပ်ဖြစ်တော့ ကျောင်းတွေ ပိတ်လိုက်ရတာ လွန်စွာ စိတ်မကောင်းဖြစ်မိတယ်” ဟု လဲချားမြို့ရှိ သံဃာတော်များမှ စစ်ဘေးရှောင်များကို သွားရောက်ကူညီလှူဒါန်းစဥ် တွေ့ခဲ့ရသည့် အဖြစ်အပျက်များကို သျှမ်းသံတော်ဆင့် ကို ပြောသည်။

လက်ရှိ လဲချားမြို့ပေါ်တွင် ဟော်ခမ်းကျောင်းတိုက်မှာ စစ်ရှောင်များ (၄၃) ဦး ၊ ကျောင်းခမ်း ကျောင်းတိုက် ( ၈၆) ဦး၊ ဝါဆိုကျောင်းတိုက် (၁၈၁) နှင့် ဆလိုင်းခုမ်ကျောင်း (၁၃၀) ဦး စစ်ဘေးရှောင် စုစုပေါင်း (၄၄၀) ဦးရှိပြီး စစ်ရှောင်စခန်း (၄) ခု ဖွင့်လှစ်ထားကြောင်း သိရှိရသည်။

ထိုစစ်ရှောင်များသည် လဲချားမြို့နယ် ဝမ်ဆန်းကျေးရွာအုပ်စု ၊ ဝမ်ကျယ်ကျေးရွာအုပ်စု နှင့် ဟိုင်းဆိုင်ကျေးရွာ အုပ်စု တို့မှ ဒေသခံများ ဖြစ်ကြသည်။

လဲချားမြို့နယ်အတွင်း သျှမ်းတပ် (၂) တပ် တိုက်ပွဲဖြစ်ပွားပြီး မြေမြှုပ်မိုင်းများ ရှင်းလင်းပေးမှု မရှိခြင်းကြောင့် ဒေသခံ တောင်သူများ မိုင်းအန္တရာယ်ကိုပါ စိုးရိမ်ရသည့်အတွက် ခြံသို့ မသွားရဲကြောင်း ဒေသခံများက ပြောဆိုကြသည်။

“စိုက်ပျိုးတယ်ဆိုတာလည်း သူ့ရာသီနဲ့အတူ စိုက်ပျိုးရတယ်လေ။ သူ့ရာသီအချိန်နဲ့အမှီ မစိုက်ပျိုးနိုင်ရင်လည်း ကောက်ပဲသီးနှံ ကောင်းကောင်းတွေ မရတော့ဘူး။ အထွက်နှုန်းလည်း နည်းတယ်။ မရှုံးရင်တောင်မှ အထွက်နှုန်း များများရဖို့ထက် နည်းနည်းပဲရတော့တာပေါ့ “ ဟု လဲချားဒေသခံ တောင်သူ တစ်ဦး ကပြောသည်။

သျှမ်းတပ် (၂) တပ်ဖြစ်သည့် SSPP/SSA နှင့် RCSS/SSA တို့က ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာ လဲချားမြို့နယ် အတွင်းသို့ နှစ်ဖက်တပ်ဖွဲ့မှ စစ်အင်အား အများအပြား ဖြည့်တင်း လှုပ်ရှားမှု ရှိနေကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...