ပင်လောင်းမြို့နယ် ဒေသခံများထံ PNO မှ အကြောင်းပြချက်မျိုးစုံ ပိုက်ဆံတောင်း

သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ်အတွင်းရှိ ဒေသခံများထံ ပြည်သူ့စစ်တပ်ဖွဲ့ (PNO) မှ အကြောင်းပြချက် အမျိုးမျိုးယူပြီး စစ်ရိက္ခာအတွက် ပိုက်ဆံတောင်းခံနေလျက်ရှိကြောင်း စုံစမ်းသိရသည်။

PNO

ပြီးခဲ့သည့် ဧပြီလပိုင်းမှစပြီး ပင်လောင်းမြို့နယ် တောင်ဘက်ခြမ်းဒေသရှိ ကျေးရွာဒေသခံများထံ ပြည်သူ့စစ် PNO မှ ကျည်ဆံဖိုးအတွက်ဆိုပြီး တစ်အိမ်ကို ၇ သောင်း ကောက်ခံခဲ့ပြီး တိုက်ပွဲဖြစ်ပွားသည့် ကျေးရွာအတွင်း၌ နယ်မြေရှင်းလင်းပေးခဲ့သည့် အတွက်ဟုဆိုကာ နယ်မြေရှင်းလင်းခကိုလည်း ပိုက်ဆံထပ်မံ ကောက်ခံခဲ့ကြောင်း ပင်လောင်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ ဟို့အရင်တစ်ခေါက် ကောက်တာ တစ်အိမ်ကို ၇ သောင်းလို့တော့ ပြောသံကြားတယ်။ အခုက နယ်မြေရှင်းခဆိုပြီး တစ်အိမ်ထောင်စုကို ၃ သောင်းထပ်ကောက်တယ် ကြားတယ်။ သူတို့ကတော့ အဲ့ဒါကို အကြောင်းပြချက်လုပ်တာပါ။ တကယ်တမ်းတော့ အဲ့နယ်မြေမှာ သူတို့ဝင်လို့မရတဲ့ အနေအထား၊ ဒီဘက်ကလည်း စစ်ကြောင်းထိုးနေတာ ပြန်မဆုတ်သေးဘူး “ ဟု ၎င်းက ပြောသည်။

အလားတူ တိုက်ပွဲအတွင်း နေရပ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များကိုပါ စစ်ရိက္ခာအတွက် ပြည်သူ့စစ် PNO မှ ပိုက်ဆံထပ်မံ ကောက်ယူမည်ဟုလည်း သတင်းထွက်ပေါ်နေကြောင်း စစ်ရှောင်ကူညီသူ ဒေသခံတစ်ဦးက ပြောသည်။

“ လောလောဆယ် ကျနော်စစ်ရှောင်တွေနား မေးကြည့်တာ သူတို့ဆီမှာ ပိုက်ဆံကောက်တာတော့ မရှိဘူးလို့ ပြောတယ်။ ဒါပေမယ့် သူတို့ကောက်မယ်ဆိုတာတော့ ပြောနေတယ်ဗျ “ ဟု စစ်ရှောင်ကူညီသူ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် တိုက်ပွဲကြောင့် နေရပ်စွန့်ပြီး တိုက်ပွဲတိမ်းရှောင်ရသည့် စစ်ဘေးရှောင်များထံ စစ်ရိက္ခာအတွက် အကြောင်းပြချက် အမျိုးမျိုးဖြင့် တောင်းခံနေခြင်းကို လုံးဝ ထောက်မခံနိုင်ကြောင်းလည်း ၎င်းစစ်ရှောင်ကူညီသူ ဒေသခံတစ်ဦးက ထပ်လောင်းပြောသည်။

“ကောက်လာရင်တော့ ကျနော်တို့က ပြန်ပြောရမှာပေါ့။ စစ်ရှောင်မှာလည်း သူတို့မှာ ပိုက်ဆံမှမရှိတာ။ ကောက်လို့တော့မရဘူး၊ ကောက်ရင်တော့ ကျနော်တို့က ပြောမှာ။ သူတို့မှာ ပိုက်ဆံတောင်မပြောနဲ့ စားဖို့တောင် အနိုင်နိုင် လူမှုကူညီရေးအသင်းအဖွဲ့ကနေ ကူညီပေးနေရတာ။ ကောက်လာနိုင်လည်း ကျနော်တို့က ဝိုင်းပြီး ပြောမယ်၊ ကန့်ကွက်မယ် “ ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် (ဖေဖော်ဝါရီလ) မှစပြီး ပင်လောင်း နှင့် ဖယ်ခုံမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ပြည်သူ့စစ်တပ်ဖွဲ့ PNO မှ ထိခိုက်ဒဏ်ရာရသူ အပါအဝင် အကျအဆုံးများပြားခဲ့သဖြင့် လက်ရှိမှာ ဒေသခံများထံ စစ်ရိက္ခာအတွက် အကြောင်းပြချက် အမျိုးမျိုးဖြင့် တောင်းခံနေကြောင်း ဒေသခံများက ဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ပင်လောင်းတွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီး၊ နေရာပြောင်းရွှေ့ရန် စီစဉ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီးပြီး နေရာပြောင်းရွှေ့ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်မှစပြီး သျှမ်းတောင်၌ မိုးများ ဆက်တိုက်ရွာသွန်းခဲ့ပြီးနောက် တောင်ကျရေကြောင့် တီကျစ်ဒေသနှင့် နောင်တရားဒေသတွင် ပြောင်းစိုက်ခင်းနှင့် ရာသီပေါ်သီးနှံစိုက်ခင်းများ ရေနစ်မြှုပ် ပျက်စီး သွားခဲ့သည်။ ထိုသို့ သီးနှံများ ပျက်စီးဆုံးရှုံးသောကြောင့် နောက်ထပ်...