ပင်လုံမြို့ အမျိုးသား လူငယ်နှစ်ဉီး ၂ လနီးပါး ပျောက်ဆုံးနေ

သျှမ်းပြည် လွိုင်လင်ခရိုင် ပင်လုံမြို့အတွင်း နေထိုင်သည့် အမျိုးသား လူငယ် နှစ်ဉီးသည် နှစ်လနီးပါး ပျောက်ဆုံး နေပြီး ယနေ့ အချိန်အထိ အဆက်အသွယ် မရသေးကြောင်း သတင်းသိရသည်။

ပျောက်ဆုံးနေသည့် အမျိုးသား

ပြီးခဲ့သည့် မတ်လ ၄ ရက်မှ ညနေပိုင်း ၆ နာရီဝန်းကျင် အချိန်မှ စတင်ကာ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ရှိ ဆနင်းဒေသ နှင့် နားတေကျေးရွာကြားတွင် ပျောက်ဆုံးသွားသည့် အမျိုးသားလူငယ် ၂ ဉီးသည် ယနေ့ အချိန်အထိ အဆက်အသွယ်မရသေးသဖြင့် မိသားစုဝင်များက စိုးရိမ်နေကြကြောင်း နီးစပ်သူ တစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့က ပန်ဟူကျေးရွာဘက်ကို အလည်သွားပြီး ပြန်အလာ လမ်းမှာ ပျောက်သွားတာ၊ သူတို့ ထွက်လာတဲ့ လမ်းမှာက “ဝ” စစ်သား စောင့်တဲ့ စစ်ဆေးရေးဂိတ် တစ်ခုလည်းရှိနေတယ်၊ အဲ့ကြောင့် ဒီနယ်တစ်ကြောမှာ တာဝန်ရှိတဲ့ SSPP/SSA တပ်ဖွဲ့က ဗိုလ်မှူးစိုင်းစောကိုသွားမေးကြည့်တော့ သူကလည်း မသိရဘူးတဲ့ ၊ အခုလည်း ပျောက်နေတာ ကြာပြီဆိုတော့ မိသားစုဝင်တွေကတော့ တအားကို စိတ်ပူနေကြတယ်” ဟု ပျောက်ဆုံးသူ နှစ်ဦး နှင့် နီးစပ်သူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ အမျိုးသားလူငယ် နှစ်ဦးသည် ပန်ပျဥ် (ဝၢၼ်ႈပၢင်ပႅၼ်ႈ) ကျေးရွာနေ စိုင်းဇင် အသက် (၂၇) နှစ်၊ စိုင်းဆွန် (ၸၢႆးသွၼ်) အသက် ၂၂ နှစ်ရှိသည့် သူငယ်ချင်း နှစ်ဦး ဖြစ်ကြပြီး ပန်ဟူကျေးရွာဘက်မှ အပြန်လမ်းတွင် ပျောက်ဆုံး သွားခြင်း ဖြစ်ကြောင်း နီးစပ်သူက ပြောသည်။

ထို့အပြင် ၎င်းတို့ နှစ်ဦးအနက်မှ စိုင်းဇင် အသက် (၂၇) နှစ်သည် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO/ PNA) တွင် ပြည်သူ့စစ်တပ်ဖွဲ့ ဝင် တစ်ဦး ဖြစ်နေသည့်အတွက် PNO/PNA မှ တာဝန်ရှိသူများကလည်း အဆိုပါ ဒေသအတွင်းရှိ “ဝ” တပ်ဖွဲ့နှင့် သွားရောက် တွေ့ဆုံမှု ရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

“လူ စစ်ပျောက်တုန်းက ပအိုဝ်းပြည်သူ့စစ် ခေါင်းဆောင်အဖွဲ့ကလည်း “ဝ” တပ်ဖွဲ့ထံကို သွားမေးတယ်၊ သူတို့လူကို ခေါ်ထားလား ဘာညာပေါ့၊ ဒါပေမဲ့ “ဝ” တပ်ဖွဲ့က မယူဘူးလို့ပဲ အကြောင်းပြန်တယ်၊ SSPP/SSA တာဝန်ရှိသူ ကလည်း “ဝ”တပ်ဖွဲ့ကို သွားမေးဖို့ပဲ ပြောတယ်” ဟု ၎င်းက ပြောသည်။

၎င်းတို့ ပျောက်ဆုံးသွားသည့် မတ်လ မှ ယနေ့ အချိန်အထိ မည်သည့်နေရာကို ရောက်ရှိနေကြောင်း နှင့် သေကြောင်း ရှင်ကြောင်း ကို မသိရသေးသည့် အတွက် မိဘများက စိတ်ပူနေကြကြောင်း သိရသည်။

၎င်းတို့ နှစ်ဦးကို တွေ့ရှိသူများ (သို့မဟုတ်) သူတို့ နှစ်ဦး နှင့် ပတ်သက်သည့် သတင်းများကို သိရှိပါက အောက်ပါ ဖုန်းနံပါတ် 09979456939 ကို ဆက်သွယ် အကြောင်းကြား ပေးစေလိုကြောင်းလည်း မိသားစုဝင်များက တောင်းဆိုထားသည်။

ပင်လုံမြို့၊ ထုန့်ဆနင်းဒေသသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ဝင်များ နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည် တပ်မတော် RCSS/SSA တို့ တိုက်ပွဲ အပြီး RCSS/SSA က ဆုတ်ခွာပေးခဲ့ရပြီး အဆိုပါ ဒေသအတွင်းမှာလည်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်များက နေရာယူထားခြင်း ဖြစ်ကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...